ကျော်ဟုန်း ဧပြီ ၁၀၊ ၂၀၁၃   ဒီက ဧပရယ် ချယ်ရီတွေကို မြင်ရင် ဟိုက ဧပရယ် ရွှေဝါပိတောက်တွေ သတိရ၊ ဒီက မဖြစ်ညစ်ကျယ် သင်္ကြန်ပွဲ ဝင်နွှဲရင်း ဟိုက ခမ်းနား မြို့ မသင်္ကြန်ပွဲကို တမ်းတ၊ ဒီက သင်္ကြန်ပွဲ တနွှဲမှာ ကလေးမ တယောက် ပိတောက်ခက်အတုနဲ့ ရေလာပက်တော့ ကိုယ့်လွမ်းပူ သူ့ ထံမကူးစေဖို့  ယဲ့ယဲ့လေးသာ ပြုံးတုံ့ လှယ်မိရ၊ ညီမငယ်တစုက တရိုတသေ သိမ်းထားရရှာတဲ့ ရင်ဖုံးအင်္ကျီထမီနွမ်းလေးဝတ် ယိမ်းက မြနန္ဒာအတုမို့  မလတ်မဆတ်လဲ အပျော်တုလေးတွေ မပျောက်စေဖို့  ပျော့ဖျော့လျော့ လက်ခုပ်သံတီး အားပေးခဲ့ရ၊ ရေသန့် ဗူးမော့သောက်ရင်း သစ်ပင်ရိပ် လမ်းဘေး ရေချမ်းစင်က [...]

Read more of this post