သန်းဝင်းလှိုင် ဧပြီ ၁၅၊ ၂၀၁၃ စစ်ပြီးခေတ်နောက်ပိုင်းထုတ်ဝေခဲ့သော မဂ္ဂဇင်းဂျာနယ်များ၌ ၄၅ နှစ်တိုင် သက်ဆိုးရှည်ခဲ့သည့် ဖိုးသက်ရှည်မဂ္ဂဇင်းတစ်စောင်မှာ ရှုမ၀ရုပ်စုံမဂ္ဂဇင်း ဖြစ်သည်။ ယခုအခါ တချိန်က ထုတ်ဝေခဲ့သော ရှုမ၀မဂ္ဂဇင်းပါ ၀တ္ထုတိုများ၊ ဆောင်းပါးများကို စုစည်း၍ ပေါင်းချုပ်စာအုပ်များ အဖြစ် စာပေတိုက်အသီးသီးပြန်လည်ထုတ်ဝေလာသည်ကို တွေ့ရလေသည်။ ရှုမ၀မဂ္ဂဇင်းသည် ၁၉၄၇ ခုနှစ် ဇွန်လထုတ်အမှတ် (၁) မှ နောက်ဆုံး ရပ်ဆိုင်းသွားသည့် ၁၉၉၂ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၄၅ နှစ် အတွင်း အမှတ် ၅၄၀ တိုင် ထုတ်ဝေကာ စာပေသမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့လေသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၏ ဥယျာဉ်မှူးကြီးကား ရှုမ၀ဦးကျော်ပင် ဖြစ်သည်။ ရှုမ၀ဦးကျော်အား ခရစ် ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၀ [...]

Read more of this post