ငြိမ်းချမ်းအေး ဧပြီ ၁၊ ၂၀၁၃ တကယ် မရူးပါဘဲ ခေတ် "ကောင်း" လို့ ရူးချင်ယောင်ဆောင်နေကြတဲ့ အရူးပါးတွေရဲ့ တိုင်းပြည်မှာ "April Fools" နဲ့ အတူ "အရူးလုပ်ခြင်း" ကို သိလျက်နဲ့.. "သိဒ္ဓိ" တင်ပေးခဲ့ခြင်း ဒီနေ့.. တနှစ်ပြည့်ပြီ..။ အတန်းထဲ အသစ်ရောက်လာလို့ ဈေးခေါ်ကောင်းနေတဲ့ သူလို ကမ္ဘာ့ ကာလသား ပန်းဦးဆွတ်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဒီ တနှစ်အတွင်း.. ကိုကာကိုလာ၊ ဟီလာရီ၊ အိုဘားမားကနေ ဘုန်းတော်ကြီး တူးတူး အလယ်.. မိုက်ကယ်လန်း အဆုံး ဦးခိုက်ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြီးတွေအပြည့်နဲ့ ဒီ တနှစ်အတွင်း.. မိုဘိုင်းဖုန်းတွေ ဈေးမကျဘဲနေပါ့မယ်.. ကားမော်ဒယ် အသစ်တွေ မသွင်းရရင် ဒုက္ခဖြစ်သွားမယ်.. အင်တာနက်တွေ ပိုနှေးသွားပါ့မယ်.. ဒီလို.. [...]

Read more of this post