ကယ်ပါတိုင်းသား ဧပြီ ၂၁၊ ၂၀၁၃ သရုပ်ဖော်ကာတွန်း - လိုင်လုဏ် ယခုအခါသမယသည်ကား ကယ်ပါတိုင်းသားတို့ ဟိုင်းဟိုင်း ဟယ်လိုဟယ်လိုများ မိုက်ရိုင်းချင်တိုင်းမိုက်ရိုင်း၊ ထွားကျိုင်းချင်တိုင်းထွားကျိုင်းနေသည့် အချိန်အခါကြီး ဖြစ်ချေပေတော့သည်တမုံ့။ တဟိုင်းဟိုင်းနှင့် အင်တာနက်၌ မြင်ရာအက်ဒ်၍ ထင်ရာချက်နေကြလေပြီ။ နို့ဆီခွက်တလုံးဆီကိုင်၍ ဟယ်လိုဟယ်လိုနှင့် ဘယ်ကိုရယ်မဟုတ်၊ ဘယ်လိုရယ်မဟုတ် နှုတ်ဇောင်းထက်နေကြပေပြီ။ ယခုအခါ မင်းတြားကြီး၏ဘုန်းတော်ကြောင့် လူကြီးမင်း ဆိုသောအသံတော်ကြီး ပြည်လုံးသိမ့်သိမ့် တုန်တော်မူတော့မည်တည်း။ အင်တာနက်ဆိုသဟာနှင့်ပတ်သက်လျှင် ကယ်ပါတို့ကိုကျွန်ပြုထားသော ဟိုးတိုးတက်လှပါသည်ဆိုသော စိနတိုင်းသား ကျေးဇူးတော်ရှင်သခင်များသည်ပင်လျှင် ကယ်ပါတို့ကို အားကျငေးမော့ ရှီဖော့လုပ်နေရပေချေပြီ။ သို့ပေသော်လည်း ဘုန်းတော်ကြောင့်ပင် ကွန်နက်ရှင်ဆိုသဟာချင်းတော့ မြင်းကျိုးနှင့်ကျည်ဆံရထားပြိုင်ပြေးရသလို အနှေးမှာသရဖူဆောင်းထားနေပေချေသေးသည်တကား။ ကယ်ပါတို့တိုင်းကြီးကား ကျိုင်းပြီးရင်းကျိုင်းနေပေပြန်တော့ရာ ယခုနို့ဆီခွက်ခေတ်ကြီးသည်လည်း ဗိုလ်ချုပ်ကြီးများမှဂျိုကုတ်ပိုင်ရှင်တို့ထိ၊ ကုမ္ပဏီကြီးမှသည် အကြော်တဲထိ၊ လွှတ်တော်မှသည်ထန်းရည်ဆိုင်ထိ ရောက်ရှိသွားပေတော့မည်။ ကယ်ပါတိုင်း၌ တရံရောအခါကမှစကာ ယခုထိပင် ဆက်သွယ်မှုနှင့်ပတ်သက်၍လော်ကြီးနှင့် [...]

Read more of this post