မထသ ကပြည်သူတွေကို လိမ်နေပြီ မထသခရီးသည်တဦး၊ မိုးမခပေးစာ၊ ဧပြီ ၁၃၊ ၂၀၁၃ ဂျာနယ်တော်တော်များများမှာ သင်္ကြန် ကိုယ်မြို့ကိုယ်နယ် အပြန်တွေကို ခရီးသွားပြည်သူများ အတွက် ကားလက်မှတ်ခကို သတ်မှတ်ထားသော အဖိုးထက် ပိုကောက်ရင် ပြင်းထန်စွာ အရေးယူမယ်။ ကားဂိတ်ကို ပိတ်မယ်ဆိုပြီး စည်းကမ်းတင်းကြပ်မယ်လို့ ပါပြီးမှ သူတို့ကိုယ်တိုင် ပြည်သူကို ဒုက္ခရောက်အောင် လုပ်ဆောင်နေပါတယ်။ ရန်ကုန်-ဟင်္သာတ  လမ်းကြောင်း ပုံမှန်ပြေးဆွဲနေသော ကားဂိတ်များမှာ ရိုးရိုးကား၊ AIR COM  ကားများသည် ကားစီးခကို ရိုးရိုးကားပုံမှန် ၂၀၀၀ ။ AIR COM  ကား ၃၀၀၀ ပဲကောက်ပြီး အဝေးပြေးဂိတ်ကြေး ၃၀၀၀ ပေးရပြီး ရန်ကုန် မှ ဟင်္သာတသို့ ပြေးဆွဲနေပါတယ်။ဒါပေမယ့် ရန်ကုန် မထသ နှင့် ဒဂုံဧရာ [...]

Read more of this post