ဧပြီ ၁၃၊ ၂၀၁၃ မိုးမခအထောက်တော် အမှတ် ဝဝ၇ ဂန်နန်စတိုင် (Gangnam Style) တေးသီချင်းရုပ်သံဖြင့် ကမ္ဘာကျော်ခဲ့သည့် တောင်ကိုရီးယား ပေါ့ပ်အဆိုတော် ပီအက်စ်ဝိုင် (PSY) က သောကြာနေ့တွင် သီချင်းသစ်တစ်ပုဒ် ဖြန့်လိုက်ပြီး အဆိုပါသီချင်းသစ်ကို မြောက်ကိုရီးယားတို့လည်း နှစ်သက်မည်ဟု မျှော်လင့်နေသည်။ ယခု သီချင်းသစ်၏ အမည်ကို လူကြီးလူကောင်း (Gentleman) ဟု အမည်ပေးထားပြီး သူ၏ ပေါက်သီချင်း ဂန်နန်စတိုင် ကဲ့သို့ ထင်ရှားစေရန် ကြိုးစားထားသည်ဟု ဆိုသည်။ သီချင်းသစ်ထွက်ချိန်သည် တောင်/မြောက် ကိုရီးယား နှစ်နိုင်ငံတို့ အစွမ်းကုန် စစ်ရေး မာန်စောင်နေချိန်လည်း ဖြစ်သည်ကို တွေ့ရသည်။ ကိုရီးယားကျွန်းဆွယ် စစ်ပြင်ဆင်မှုအကြောင်းအရာက နိုင်ငံတကာသတင်းစာမျက်နှာများတွင် နေရာယူထားသည်။ တောင်/မြောက် ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်က [...]

Read more of this post