မိုးမခသို့ပေးစာများ အပိုင်း(၄) - အောင်ဒင် (မိုးမခရေဒီယို အောက်တိုဘာ ၁၉ရက် ၂၀၀၃။ အစီအစဉ်တွင် ထုတ်လွှင့်သည့်ပေးစာ။) "လူငယ်တစ်ယောက်အကြောင်း" နေ့စွဲ၊ အောက်တိုဘာ ၁၅၊ ၂၀၀၃ (နယူးယောက်) (၁) သမီးလေးမိုးမခရေ … ဒီစာကို ဖေဖေရေးနေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကျောင်းသားတွေဟာ မကြာခင်ဖြေဆိုကြ ရတော့မယ့်နှစ်လည်စာမေးပွဲအတွက် အသည်းအသန်ကြိုးစားကျက်မှတ်နေကြလေရဲ့။ အဲ့ဒီလိုကြိုးစားနေကြရတဲ့ ကြားက တက္ကသိုလ်၊ ကောလိပ်ပေါင်း(၄၇)ခုက ကျောင်းသားတွေဟာ ဖေဖေတို့မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၈ရက်နေ့မှာ ၂၄နာရီ အစာငတ်ခံပြီး မင်းကိုနိုင်ကို ဂုဏ်ပြုကြမတဲ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအကြောင်း မှတ်တမ်းတင် သတင်းရုပ်ရှင်ကား တွေကို သူတို့ရဲ့ ကျောင်းတွေမှာ ပြသပြီး မင်းကိုနိုင်နဲ့တကွ နိုင်ငံသားအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုကြမတဲ့။ လေးစားချစ်ခင်ဖို့သိပ်ကောင်းတဲ့ [...]

Read more of this post