သန်းဝင်းလှိုင် ဧပြီ ၂၂၊ ၂၀၁၃ လူငယ်တို့ရေ…. လူ့သမိုင်းတိုးတက်ပြောင်းလဲလာမှုနဲ့အတူ လူ့ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်တွေမှာ လူငယ်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၁၈ ရာစု ပြင်သစ်အတွေးအခေါ်နဲ့ လူမှုဗေဒပညာရှင် အိုင်စီဒိုးသြဂတ်စကီးခုန်းမ် (Isidore Auguste Marie Comte – 1798 – 1857) က ဆိုခဲ့ဖူးတယ်။ ယေဘုယျအားဖြင့် လူငယ်တိုင်းဟာ စိတ်ဓါတ်ခိုင်မာခြင်း၊ ရည်မှန်းချက်ကြီးမားခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အရာရာ ကို စူးစမ်းချင်စိတ်ရှိ၍ သိလိုတတ်လိုစိတ်မြင့်မားခြင်း၊ အမှန်တရားကို မြတ်နိုး၍ သစ္စာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်သူတို့ကို လေးစားတန်ဖိုးထား၍ အတုယူတတ်ခြင်း စတဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။ နို့ပေမယ့် တဒင်္ဂကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ နိုင်ငံတော်အစိုးရတွေရဲ့စီမံခန့် ခွဲမှု ညံ့ဖျဉ်းမှုတွေ၊ [...]

Read more of this post