အရှင်ဇ၀န (ကုန်းဇောင်း) ဧပြီ ၂၈၊ ၂၀၁၃ လူ့ပြည်လောက လူ့ဘဝကား အိုရနာရ သေရဦးမည် မှန်ပေသည်တည်း..။ ဆရာဇော်ဂျီရဲ့ အလွန် လူကြိုက်များတဲ့ ကဗျာလေးပါ။ မှန်ပါတယ်၊ လူ့ပြည်လောက လူ့ဘဝကို ရောက်လာကြသူတိုင်း အိုကြရမယ်၊ နာကြရမယ်၊ သေကြရမယ်။ လူ့ဘဝ လူ့ခန္ဓာကိုယ်ကြီးကို စတင်ပိုင်ဆိုင်ကထဲက နေ့စဉ်နဲ့အမျှ သေခြင်းတရားဆီသို့ ခရီးဆက်နေကြရတာပါ။ လူကသာ လောကီအာရုံ ကာမဂုဏ်တွေနဲ့ ပျော်မြူးပြီး မေ့လျှော့နေပေမဲ့ နာရီ မိနစ် စက္ကန့်တွေက လူ့သက်တမ်းကို အစဉ်မပြတ်နှုတ်ယူနေပါတယ်။ လူတွေကသာ အနားယူ အိပ်စက်နေပေမဲ့ သေခြင်းတရားဆီသို့ ဦးတည်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကတော့ အနားယူတယ်လို့ မရှိပါဘူး။ တစ်မိနစ်/တစ်နာရီလေး အချိန်ကုန်သွားတိုင်း ကိုယ်နေရမည့် ကိုယ့်သက်တမ်းထဲက တစ်မိနစ်/တစ်နာရီ နှုတ်ယူသွားပါပြီ။   အဲဒီလိုပါပဲ နေ့ရက်လတွေ နှစ်တွေကုန်သွားတိုင်း [...]

Read more of this post