မောင်ရင်ငတေ ဧပြီ ၂၅၊ ၂၀၁၃ ● အောက်စ်ဘုခ် ရှေးဟောင်းမြို့တော်သို့ (တစ်) အောက်စ်ဘုခ်မြို့လယ် Freie und Reichsstädte (de) Free Imperial City (en) ယနေ့ ဂျာမဏီနိုင်ငံရဲ့ တတိယရှေးဟောင်းအကျဆုံးမြို့ ဘိုင်ယန်ပြည်နယ်ရဲ့တတိယအကြီးဆုံးမြို့ ဖြစ်တဲ့ Augsburg အောက်စ်ဘုခ်မြို့ကို အလည်တခေါက် ရောက်ခဲ့ပြန်ပါတယ်၊ ဒီမြို့လေးအနီးက Meitingen မိုင်တင်ဂန်ဆိုတဲ့အရပ်မှာ အခြေချနေထိုင်နေတဲ့ မိတ်ဆွေမိသားစုရှိတာကြောင့် တနှစ် တခေါက်ဆိုသလို ရောက်ဖြစ်နေတာပါ၊ နေရာတနေရာ ဒေသတခုကို ရက်အနည်းငယ်နဲ့ စုံအောင် ရောက်ရှိနိုင်ဖို့ မလွယ်ကူပါဘူး၊ ဥရောပရဲ့ အားသာချက်က နေရာတိုင်းနေရာတိုင်းမှာ တည်ရှိခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို ထိမ်းသိမ်းပြုပြင် စောင့်ရှောက်ထားနိုင်ခဲ့တာပါဘဲ၊ အပေါ်ယံလေး ထုံးသုတ် နှမ်းဖြူးထားတာမျိုး မဟုတ်ပါဘူး၊ အခုခေတ်လို လူတိုင်းလူတိုင်း ခရီးတွေသွားလာနိုင်တဲ့ အခါကာလမျိုးမှာတော့ ဒါတွေကနေ [...]

Read more of this post