အီကြာအော် ဧပြီ ၂၇၊ ၂၀၁၃ "ဟတ်ချိုး ဆိတ်သား……. ဟတ်ချိုး ဆိတ်သား…….. အသက် တစ်ရာ….. အနာမရှိ" ဖွတ်ကလေးကား အအေးမိ၍ နှာတချေချေနှင့် ရှိတော့သည်။ တနေ့က နေပူပူမှ ပြန်လာပြီး ရေခဲရေ အ၀သောက်ကာ ရေခေါင်းလောင်းချိုး၍ အပူရှပ်တော့သည်။ ခက်သေးရွာသားပြီပြီ အကြောက်က လွန်သည်မို့ ဟတ်ချိုးဆိတ်ဖွား ဟုတောင် မရွတ်ရဲချေ။ ခက်သေးရွာ ရွာလူကြီးများက သူတို့၏ အတင်းအဖျင်းများ ပြောသည်ဆိုကာ ဆိတ်ဖွားကို လိုက်ရှာနေကြလည် မဟုတ်ပါလား။ ယခုတော့ ဆိတ်ဖွားကို တွေ့ပြီဟု ဆိုကြသည်။ "ဟေ့ကောင် ဖွတ်ကလေး…….၊ မင်းလည်း မင်းလည်း အသွားအလာ အနေအထိုင် ဆင်ခြင်ဦး၊ မင်းက ဆိတ်ဖွားကို မိသွားတာနဲ့ နှာတော်တော်စေးနေပါလား" "ဆိတ်ဖွားတော့ မင်း ယောင်သလိုပဲ ဆိတ်သားဖြစ်တော့မယ် [...]

Read more of this post