ဂါမဏိ ဧပြီ ၂၈၊ ၂၀၁၃ - တပ်မတော်နဲ့ ငြိမ်းချမ်းရေး   ပြီးခဲ့တဲ့တပ်မတော်စစ်ရေးပြပွဲမှာ တရုတ် မြောက်ကိုးရီးယား စတဲ့ အာဏာရှင်တိုင်းပြည်တွေမှာလို အကြီးစားစစ်လက်နက်ယန္တရားတွေ ထုတ်ပြခဲ့လို့ ဇာတိမာန်တက်သူလည်းတက်၊ နိုင်ငံရဲ့ပကတိဘဝနဲ့ယှဉ်ထိုးပြီးဝမ်းနည်းသူလည်း ဝမ်းနည်း ဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့်ဝမ်ပေါင်ရဲ့မိခင်ကုမ္ပဏီ နော်ရင်ကိုစက်မှုလုပ်ငန်းကြီးကထုတ်လုပ်တဲ့ ၁၀၅မမ တင့်ဖျက်တိုက်ခိုက်ရေးယာဉ်နဲ့ ၁၅၅မမ ယာဉ်တင်ဟောင်ဝစ်ဇာတွေဟာ လက်ပန်တောင်းပြည်သူတွေနဲ့သံဃာတော်တွေရဲ့ မျက်ရည်တွေသွေးတွေနဲ့ လဲယူထားတာဖြစ်လို့ ရင်နာစရာဖြစ်နေပါတယ်။ နော်ရင်ကိုထုတ်လက်နက်တွေ မြန်မာ့တပ်မတော်မှာအများအပြားရှိပေမဲ့ အခုပြတဲ့နှစ်မျိုးက ကြေးနီစီမံကိန်းကို တရုတ်လက်ထိုးအပ်ပြီးမှ နောက်ဆုံးရောက်လာတာတွေဖြစ်လို့မြန်မာပြည်သူတွေ ကို တမင်စော်ကားပြတဲ့သဘောပါဘဲ။ ၁၀၅ မမ တင့်ဖျက် အကြမ်းဖျင်းအားဖြင့်၁၀၅မမ တင့်ဖျက်ယာဉ်တစီး တန်ဖိုးက ဒေါ်လာ နှစ်သန်းခွဲ ($ ၂,၅၀၀,၀၀၀)၊ ၁၅၅မမ တစီး ရဲ့တန်ဖိုးကဒေါ်လာ သုံးသန်းခွဲ ($ ၃,၅၀၀,၀၀၀) ရှိပါတယ်။ တင့်ဖျက်ယာဉ် ၂၄ [...]

Read more of this post