မြေအောက်ရေသုံးစွဲသူများနှင့်သံဓါတ်ပါဝင်မှု မောင်ကျေးရေ၊ ဧပြီလ  ၂၇၊ ၂၀၁၃ စကားဦး မဟာရန်ကုန်နယ်နမိတ်အတွင်း၊ တိုးချဲမြို့သစ်များတွင်နေထိုင်ကြသော ပြည်သူအများစုသည် မြေအောက်ရေကို သောက်သုံးရေအဖြစ်အသုံးပြုနေကြရပါသည်။ မဟာရန်ကုန်နယ်မြေဒေသရှိ မြေအောက်ရေအများစုသည် သံဓါတ်ပျော်ဝင်မှု့များပါသည်။ သံဓါတ်ပျော်ဝင်မှု့ (၃) ပီပီိအမ် အထက်တွင် ရှိသည်ကို လေ့လာသိရှိထားပါသည်။ ထိုကဲ့သို့သံဓါတ်များပြားနေပါက ထိုရေဖြင့် အ၀တ်လျော် ၊ ချက်ပြုတ်၊ သောက်သုံးပါက အ၀တ်များ စွန်းထင်းခြင်း၊ ချက်ပြုတ်ရာတွင် ထမင်းများ ၀ါဖျော့ဖျော့အရောင်ဖြစ်နေခြင်း၊ ရေနွေးကြမ်း သောက်၍ မကောင်းခြင်း၊ စသည့် မကောင်းသော အခြေအနေ များနှင့် တွေ့ကြုံနေကြရပါသည်။ ရေကောင်းရေသန့်ရရှိရေး ယုဇနဥယျဉ် ပြည်သူများ တောင်းဆိုနေ" ဆိုသည့် သတင်းကို  လွန်ခဲ့သော လများက မြစ်မ ခမိဒီယာအဖွဲ့ဂျာနယ် (Myit Ma Kha Media Group) [...]

Read more of this post