ရဲဘော်ဖိုးသံချောင်း ဧပြီ ၂၉၊၂၀၁၃  ဦးလေး ဗိုလ်အုန်းမောင်ကို ကျနော် ၉-၁၀ နှစ်သားအရွယ်တုန်းက ရန်ကုန်ထောင်ကြီးထဲမှာ ပတမဆုံး အကြိမ်အဖြစ် တွေ့ဖူးခဲ့တာဖြစ်ကြောင်း ကျနော် ရေးပြခဲ့ဖူးပါတယ်။ ကျနော့်အဖေ ထောင်ကျနေစဉ်တုန်းက ကျနော်အဖေ့ကို သွားတွေ့တော့ ထောင်ပိုင်တို့က ကျနော့်ကို မနက်ကနေ ညနေအထိ ထောင်ထဲရှိ အဖေနေတဲ့ (၅)တိုက်အထဲအထိ သွားလည်ခွင့်၊ အဖေနဲ့အတူ နေခွင့်ပေးတာပါ (အခုခေတ်လူများအဖို့တော့ မယုံချင် ပုံပြင်လို ဖြစ်နေကြမယ်ထင်ပါတယ်)။ ထုံးစံအတိုင်း ထောင်ထဲမှာက သူရဲကောင်းတွေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ စာပေသမားတွေ စုစည်းလေ့ရှိတာမို့ ကျနော့်ကို အဲဒီအထဲမှာ ကျနော့်ကို အဖော်လုပ်တဲ့၊ အသက်အတော်ငယ်တဲ့ ဗကပ က ကိုဖုန်းက "အဲဒါ ဗိုလ်အုန်းမောင်ပဲ" လို့ လက်ညှိုးထိုးပြပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ကိုဖုန်းဟာ အရင်က [...]

Read more of this post