တစ္ဆေခြောက်တဲ့ … ပိတောက်အိပ်မက် တင်ကိုမင်းညို ဧပြီ ၁၄၊ ၂၀၁၃ သွေးရိုးသားရိုး ပြောကြကြေးဆို အိမ်ရှေ့က စားပွဲပေါ်မှာ ပိတောက်တွေ မပွင့်တာကြာခဲ့ပြီ …။ဘယ်လောက်ထိ ဇာတ်ကနာသလဲလို့ဆိုရင် ဘုရားညောင်ရေအိုးကလည်း ပိတောက်ပန်းကို လွမ်းလို့ … ကလေးတယောက်နဲ့ မုဆိုးမဖြစ်နေရသူကလည်း ပိတောက်ဆိုရင် စိတ်နာသတဲ့ … ဘယ်တုန်းကမှ မျိုးရိုးမရှိခဲ့ဘူးတဲ့ ဟစ်ဟော့ပ် ဂီတနဲ့တောင်းစားနေရသူတွေကလည်း ဒီနှစ် အတာသင်္ကြန်မှာ ပိတောက်တွေပန်ပြီး တောင်းမတဲ့ သင်္ကြန်မိုးသီချင်းတွေ တိုက်လို့တဲ့ …။ ဘုရား … ဘုရား ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲဆိုတာ ဘုရားရှင် ကိုယ်တော်လည်း နားမလည်နိုင်တော့ဘူးတဲ့ … သူကိုယ်တိုင်က ဘုရား … ဘုရား တနေရသတဲ့ …။ လူတယောက် မိုးပေါ်က ဆင်းလာတယ် လက်တဖက်မှာ ဗော့ဒ်ကာအရက်ပုလင်း [...]

Read more of this post