ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၆၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးကျော်သူသည် မြန်မာပြည်အဝှမ်းနယ်မြို့များရှိ ပရဟိတအသင်းအဖွဲ့ များ၊ ပရဟိတစိတ်ဓါတ်များ ပိုမိုတိုးတက်လာစေရန်နှင့် ပရဟိတအသင်းအဖွဲ့အချင်းချင်း စနစ်တကျနှင့် ပိုမို၍စည်း လုံးမှုရှိစေရန် ဒေသတစ်ခုတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသင်းအဖွဲ့အချင်းချင်း ဆက်သွယ် ကူညီမှုများ ပေးနိုင်ရန်အတွက်ရည်ရွယ်၍ ပရဟိတဟောပြောပွဲများ ပြုလုပ်ခဲ့ရာ မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည် နယ်ရှိ မြို့အတော်များများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများကြောင့် လူစုလူဝေးများဖြစ်စေမည့် ဟောပြောပွဲများအား ခေတ္တရပ်နားထားခဲ့ရာ ယခု အခြေအနေများ ကောင်းမွန် ငြိမ်သက်သွားခဲ့ပြီဖြစ်သဖြင့် လူမှုရေးပရဟိတ ဟောပြောပွဲများအား ပြန်လည်စတင်ခဲ့ပြီဖြစ်သည်။ ၂ဝ.၄.၂ဝ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မဟာအနှစ်၏ ရင်သွေး "နှလုံးလှ ပိုင်ရှင်များ" [...]

Read more of this post