ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၇၊ ၂၀၁၃ "စည်းကမ်း" ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၏ စံပြုစရာ မှတ် ကျောက်တစ်ခုပင်ဖြစ်သည်။ နိုင်ငံတစ်ခု၏ လူ့နေမှုအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့် ဖွံ့ဖြိုးမှု တို့ကို သိလိုပါလျှင် ထိုနိုင်ငံ၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို တိုင်းသူပြည်သားများ မည်သို့မည်မျှ လိုက်နာကျင့်သုံးကြသည်ကို ကြည့်ရုံဖြင့် ယေဘူယျအားဖြင့် သိရှိနိုင်ကြပေသည်။ ထို့ ကြောင့်နိုင်ငံ၊ လူမျိုး၊ အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးဆုံးသောအရာများထဲတွင် စည်း ကမ်းသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်ကို မိဘပြည်သူများအားလုံး လက်ခံကြလိမ့်မည် ဟု ယုံကြည်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ နာရေးကူညီမှုအ သင်း(ရန်ကုန်)သည်လည်း အများပြည်သူ အား ကူညီနေသော၊ တိုင်းပြည်၏ တာဝန်တစ်စိတ်တစ်ပိုင်းအား မျှဝေထမ်းပိုးနေသော မိဘပြည်သူ [...]

Read more of this post