နေဘုန်းလတ် ဧပြီ ၁၇၊ ၂၀၁၃  ဒီနှစ် နှစ်ဆန်းတစ်ရက်နေ့ပါ။ အိပ်ရာကနိုးနိုးချင်း Facebook ကိုဖွင့်တော့ TIME မဂ္ဂဇင်းက ဖန်တီးပေးထားတဲ့ အန်တီနဲ့ လေဒီဂါဂါတို့ရဲ့ ယှဉ်ပြိုင်ပွဲကို ကာယကံရှင်နှစ်ယောက်မဟုတ်ပဲ ... အားပေးကြသူတွေ၊ ပရိတ်သတ်တွေက အပြိုင်အဆိုင် နွှဲနေတာကြတာကိုတွေ့ရပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ ဆန်းသစ်သော အမှတ်လက္ခဏာတွေများစွာထဲက တစ်ခုပါ။ ဒီလိုမျိုး အွန်လိုင်းကနေ မဲပေးရတဲ့စနစ်ကို ပြီးခဲ့တဲ့နှစ် ၂၀၁၂ အပြည်ပြည်ဆိုင်ရာအလှမယ်ရွေးချယ်ပွဲမှာ မြန်မာအလှမယ် နန်းခင်ဇေယျာဝင်ပြိုင်တုန်းကလည်း ကျနော်တို့ကြုံခဲ့ရပြီးပါပြီ။ အဲဒီ့တုန်းကဆို မြန်မာအလှမယ်ဟာ အင်တာနက်သုံးစွဲသူ မြန်မာတို့ရဲ့ကျေးဇူးနဲ့ Miss Internet 2012 ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ နန်းခင်ဇေယျာရော သူ့ရဲ့ပရိတ်သတ်တွေပါ အောင်မြင်မှုရခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက်လဲ ဂုဏ်ယူစရာပါ။ အခုလဲ ထူးခြားတဲ့ နောက်ထပ် ပြိုင်ပွဲတစ်ခုက ကျတော်တို့ရဲ့ [...]

Read more of this post