တူမောင်ညို ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်                       လွှတ်တော်ထဲတွင် "၂၀၀၈အခြေခံဥပဒေ"ပြင်ဆင်ရေးဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ လွှတ်တော်အမတ် "၃၉"  ဦး က ပြင်ဆင်လိုသည့် ဆန္ဒရှိယုံမျှဖြင့်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်ပါ။ လွှတ်တော်ထဲတွင်  "၂၀၀၈အခြေခံဥပဒေ" ပြင်ဆင်ရေးဆိုသည်မှာ ကြံ့ဖွံ့ ပါတီနှင့် ဗိုလ်မင်းအောင်လှိုင်၏စစ်သားအမတ်တွေ (ဦးဝင်းတင် စကားနဲ့ပြောရလျှင်"မရွေးအမတ်"တွေ) လက်ထဲမှာရှိနေသည့်အရာဖြစ် သည်။             မည်သူမဆို/မည်သည့်ပါတီမဆို "၂၀၀၈အခြေခံဥပဒေ"ကို အခြေခံကျကျပြင်ဆင်မည်ဟုဆိုလျှင် ကြံ့ဖွံ့ပါတီနဲ့ အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ဗိုလ်မင်းအောင်လှိုင်နှင့်လည်း အခြေခံကျကျထိပ်တိုက်တွေ့ရလိမ့်မည်။ ထိထိမိမိပြင်ဆင်မည်ဆိုလျှင်ပီပီပြင်ပြင် ထိပ်တိုက်တွေ့ကြရလိမ့်မည်။   မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်။             "၂၀၀၈အခြေခံဥပဒေ"ကို ပြင်ဆင်သည့်အခါ အောက်ပါဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက် အောင်မြင်စေရလိမ့်မည်။             ၁။ လွှတ်တော်များကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ [...]

Read more of this post