ကျော်ဟုန်း ဧပြီ ၂၈၊ ၂၀၁၃ ပျားရည်ကြောင့် ပျားအုံ အဖျက်ခံရတယ်။ ပျားတွေလဲ ပြေးနိုင်ရင် ပြေး မပြေးနိုင် သေ။ ပုလဲကြောင့် ကမာ ရင်ခွဲခံရတယ်။ ပုလဲထုတ်ခံရင်း ကမာ သေရင်လဲ သေ မသေလဲ ခဲစ ထပ်သွင်းခံ ယားကျိကျိ အနေခက်ရင်း ဝေဒနာ ဝဋ်ရှည်ရော့ပဲ။ စိန်ကြောင့်၊ ပတ္တမြားကြောင့်၊ ကျောက်စိမ်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့ ကြောင့် ... ကြောင့်တွေ ကြောင့် တချို့  လူသားတွေလဲ သွေးစွန်း အသက်ယွန်း သယံဇာတတွေလောက် ဘဝဟာ တန်ဖိုးမရှိ၊ လောကကြီးထဲ လောကသားတွေအချင်းချင်း မကြွေသင့်ဘဲ အခြွေခံရ တချို့ များ၊ လိုင်စင်ရ သားသတ်သမားရဲ့ မိတ်ဆွေလား (သယံဇာတ) သယံဇာတ ပိုင်ရှင်အစစ်တွေကတော့ [...]

Read more of this post