ဒေါ်စု ဂျပန်ရောက်၊ မြန်မာတို့ လှိုက်လှဲစွာ ကြိုဆို ထွန်းဝေ (ဂျပန်) ဧပြီ ၁၂၊ ၂၀၁၃ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၃ရက် င်္နနက်ဂျပန်စံတော်ချိန် (၈နာရီ ၁၅ )မိနစ်က ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။   နာရီတာလေဆိပ်တွင် ဂျပန်ရောက်မြန်မာမိသားစုများ က ရင်ထိုးတံဆိပ်များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လှိုက်လှဲစွာကြိုဆို ခဲ့ပါတယ်။ လာကြိုကြသူများထဲမှ သူကမိန်ကလေးတစ်ဦးက ဒေါ်စုကိုလာကြိုတာ တခြားထွက်ပေါက်ကခေါ်သွားတာက မတရားဘူး ဂျပန်ကနိုင်ငံခြားရေးဝန်ကြီးဌာန လုပ်ပုံတွေက လာကြိုတဲ့မြန်မာများကိုစော်ကားရာရောက်ကြောင်း ကိုထွန်းဝေအားပြောပြခဲ့ပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့ တွင် လာရောက်ကြိုဆိုသူများမှာ ၂၀၀ကျော်ရှိလှပါတယ်။ဂျပန်မှ မြန်မာသံရုံး ဌာနမှ သံအမတ်ကြီး နှင့်တာဝန်ရှိသူများအခြားထွက်ပေါက်မှလာကြိုဆိုကြောင်း သိရပါတယ်။ ဂျပန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ [...]

Read more of this post