သမိုင်းတကွေ့မှ နိုင်ငံခြားသားများ သန်းဝင်းလှိုင် ဧပြီ ၁၃၊ ၂၀၁၃ မြန်မာစာပေသုတေသီ ဒေါ်နှင်းဆီ ● မြန်မာစာပေသုတေသီ ဒေါက်တာ အင်နီမာရီအက်ရှဲလ် (မနှင်းဆီ) မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာစာပေအတွက် ဂုဏ်ယူဖွယ်ရာအချက်တစ်ခုမှာ မြန်မာစာပေကို တပြည်ရပ်ခြားမှ နိုင်ငံခြားသားများ အမြတ်တနိုးလေ့လာဆည်းပူးလာသည့်အချက်ပင် ဖြစ်သည်။ နိုင်ငံခြားသား ဘာသာဗေဒပညာရှင်များသည် မိမိတို့နိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာစာပေဌာနများကို ဖွင့်လှစ်ကာ မြန်မာစာပေကို လေ့လာဆည်းပူးလာကြသည်သာမက မြန်မာနိုင်ငံသို့ပင် တကူးတက လာရောက်လျက် မြန်မာစာပေကို နိုင်ငံခြားဘာသာ သင် တက္ကသိုလ်၌လည်းကောင်း၊ စာပေပညာရှင်များထံ၌လည်းကောင်း လေ့လာဆည်းပူးကြလေသည်။ မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာစာပေလေ့လာဆည်းပူးကြသော ပညာရှင်များမှာ ဂျပန်အမျိုးသမီးယာမာဒါ (မြန်မာအမည်ယဉ်ယဉ်မြ)၊ ဂျပန်အမျိုးသား ယိုရှိအိုနီရှိ(မောင်နေ၀င်း)၊ ချက်ကိုစလိုဗက်ကီးယားအမျိုးသား ဂျင်ဘက်ကာ (ခင်မောင်အေး)၊ ချက်ကိုစလိုဗက်ကီးယားအမျိုးသမီး ဒီဂက်ဂမာနိုဗာခ်ျကိုဗာ (Degamar Novakova) (မြန်မာအမည် မြသီတာ)၊ [...]

Read more of this post