မောင်လူရေး ဧပြီ ၁၆၊ ၂၀၁၃ အစီရင်ခံစာပါတဲ့အတိုင်းကောက်ချက်ချရရင် လက်ပံတောင်းစာချုပ်ဟာ တရားမဝင်။ ဥပဒေနဲ့မညီ။ အထူးသဖြင့် နိုင်ငံတော်အကျိုး တစိုးတစိမှ မရှိ။ အစီရင်ခံစာထဲကအတိုင်းဆိုရင် ဦးပိုင်ဟာ ဇိမ်ခန်းပိုင်ရှင်နဲ့တူနေတယ်။ ဝမ်ဘောင်ကတော့ ရဲပေါ့လေ။ ဇိမ်မယ်ကတော့ လက်ပတောင်း ဒေသခံတွေဘဲ။ နိုင်ငံတော်ကတော့ ရပ်ကွက်လူကြီးအဆင့်လောက်ရှိမယ်ထင်တယ်။ ဆိုတော့ ကြေးနီထုတ်ယူတဲ့လုပ်ငန်းက ရပ်ထားရမယ်။ နိုင်ငံတကာစံနှုံးတွေနဲ့ညီအောင် လုပ်ရမှာတွေ အများကြီး။ အဲလိုလုပ်ပြီးရင်တောင် ဒေသခံတွေရယ်၊ နိုင်ငံအဝှမ်းကပြည်သူတွေရယ် ကြိုက်နှစ်သက်မှ၊ လိုလားမှ ဆက်လုပ်ရမှာ။ အခုဟာက ခပ်တည်တည်ဘဲ။ မြေလျော်ကြေးလေး မဖြစ်စလောက်ပေး၊ ပီးရင် စာချုပ်မယ်တဲ့။ တကယ်က အဲဒီအဆင့်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ စာချုပ်သင့် မသင့် တိုင်းပြည်က စဉ်းစားရမှာ။ ဦးပိုင်လဲမဟုတ်ဘူး။ ဝမ်ဘောင်လဲမဟုတ်ဘူး။ ဒေါ်စုလဲမဟုတ်ဘူး။ မြန်မာ့မြေရေလေပိုင်ရှင် မြန်မာပြည်သူတွေ စဉ်းစားရမှာ။ ဘာ့ကြောင့်ဆို ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ [...]

Read more of this post