ရွှေတွံတေးဆရာတော်နှင့် မြန်မာမိသားစုများထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် သင်္ကြန်ကောင်းမှုများပြု မိုးမခဓာတ်ပုံသတင်း၊ (ဦးဇ၀နမှတဆင့်)၊ ဧပြီ ၁၈၊ ၂၀၁၃             ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုတို့ကြီးမှုးကျင်းပသောမဟာချိုင်မဟာသင်္ကြန်၁၂ကြိမ်းမြောက်ဝိပသ၁နာတရားစခန်းပွဲကို၂၀၁၃ဧပြီလ၁၃ရက်မှ၂၁ရက်နေ့ထိကျင်းပပြုလုပ်ရာနိုင်ငံသားတိုင်းရင်းသား၂၅၀၀ကျော်တက်ရောက်ခဲ့ကြသည်။ ဒုလ္လဘ၁၃၆ပါးသီလရှင်၄၀ပါးနှင့်ယောဂီ၅၀၀ကျော်စုပေါင်းသာသနာပြုကုသိုလ်ပွဲကျင်းပခဲ့ကြသည်။           ထိုင်းနိုင်ငံမဟာချိုင်တွင်ရွှေတွံတေးဆရာတော်သာသနာပြုရင်းရှင်ပြုရဟန်းခံဒုလ္လဘ၁၀၀၀ကျော်သီလရှင်၄၀၀ကျော်သာသနာ့အမွေခံခဲ့ကြပြီးယောဂီ၅၀၀၀ကျော် ၀ိပဿနာအားထုတ်ခဲ့ကြသည်။              ရွှေတွံတေးဆရာတော်က ...... " သူများနိုင်ငံမှာခက်ခက်ခဲခဲသာသနာပြုတာတောင်ဒီလောက်သဒ္ဓါတရားအားကောင်းကြတာဆိုတော့ကိုယ့်နိုင်ငံမှာလည်းစစ်စစ်မှန်မှန်သာသနာကိုထောက်ပံ့ကြတဲ့အကြီးအကဲနဲ့ပြည်သူတွေသာရှိကြရင်အရမ်းကျေနပ်စရာကောင်းအောင်သာသနာထွန်းကားမှာပဲလို့...."မိန့်ကြားခဲ့သည်။               ထိုင်း - မြန်မာချစ်ကြည်ရေးရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၁၄. ၄. ၂၀၁၃နေ့ မဟာသင်္ကြန်အကျနေ့က ထိုင်းနိုင်ငံမဟာချိုင်ရှိယာယီပတ်စပို့ရုံးတွင်ကျင်းပရာ ၂နိုင်ငံ ထာဝန်ရှိသူများ၊ အလုပ်သမားရေးအရာရှိများ၊ ရဲမင်းကြီးများနှင့် နိုင်ငံသားတိုင်းရင်းသားများ စုံညီတက်ရောက်ကြပြီး ရွှေတွံတေးဆရာတော်လည်း ကြွရောက်ခဲ့သည်။                 ထိုင်း - မြန်မာဆရာတော်များကသီပရိတ်ရွတ်ရေစက်ချအမျှဝေခြင်းကို၂ဘာသာဖြင့်ဆောင်ရွက်ကြသည်။        [...]

Read more of this post