အောင်ဒင် ဧပြီ ၁၊ ၂၀၁၃ (၁) အိမ်အမိုးပေါ်မှာ… နှင်း လမ်းမပေါ်မှာ …နှင်း ပါတ်ဝန်းကျင်ကသစ်ပင်တွေပေါ်မှာ…နှင်း ဖြူသောနှင်းတို့၊ ဟင်းလင်းပြင်မှ ပြိုဆင်းကျသက်၊ ဒီမနက်မှာ… ၊ အလင်္ကာကို၊ ရင်မှာကြိုးတုပ် ကကြိုးရုပ်တစ္ဆေ "ချစ်သူရေ"… လို့ ဆို့နင့်ကြေကွဲ၊ မခေါ်ရဲခက် ဖော်ကွဲလက်နဲ့၊ သက်မဲ့နာရီ ရာသီတံခါး၊ သော့ခတ်ထားရဲ့ အနှစ်ငါးဆယ် ပြည့်ခဲ့ပြီ… ၊ ဆုလာဒ်လေလား၊ ကျိန်စာလား ကြည်နူးဖို့ရောက်ခဲ့တာလား ကြေကွဲဖို့လူဖြစ်လာသလား နားခိုရာထက်၊ ရှက်သောနှင်းဆီ ပန်းပလီလား၊ နွမ်းမည်လားကွယ် မုသားစောင်းကြိုး၊ နှိုးခတ်ပူဇော် ကြွေသော်ခဏ၊ နေပျော်ကြခဲ့ "မာန" မည်သော၊ "လောက"ကဗျာ ကာလမရွေး၊ သီကြွေးနိုင်စေ… ၊ (၂) အံ့ဩမိရဲ့ ဒီ ဖရိုဖရဲ ကိုယ်ခန္ဓာကြီး အလွမ်းတွေ မနိုင်ရင်ကာဖိဆီးလို့ ဒီလောက်ထိ [...]

Read more of this post