အီကြာအော် ဧပြီ ၁၈၊ ၂၀၁၃  ဖွတ်ကလေးတစ်ယောက် တောက်တခေါက်ခေါက်နှင့် အီကြာအော်၏ အိမ်သို့ ပေါက်ချလာသည်။ "ဒီကောင်တွေ မကောင်းဘူးဗျ" "ဘယ်ကောင်တွေလည်း ဖွတ်ကလေးရဲ့ " "ဂျပံရွာသားတွေပေါ့ဗျာ၊ ကျုပ်တို့ အမေပုကိုများ ရုပ်ကိုဆိုးတယ် ပြောနေကြတယ်" အမေပု တစ်ယောက် ခက်သေးရွာမှ ဂျပံရွာသို့ အလည်ရောက်နေသည် မဟုတ်ပါလား။ "ကျုပ်တို့ အမေပုလောက် လှပကျော့ရှင်းပြီး ခက်သေးရွာက ဖက်ချင်မယ်တွေတောင် အရှုံးပေးရတာကို သူတို့က ရုပ်ဆိုးတယ်ပြောတာ တော်တော်ကို စိတ်ဆိုးစရာကောင်းတယ်" ဖွတ်ကလေးက မကျေမချမ်း ထပ်ပြောသည်။ "ဟေ့ကောင် ဖွတ်ကလေး မင်းက ဖက်ချင်နေလို့ "ဖက်ရှင်မယ်" တွေတောင် "ဖက်ချင်မယ်" ဖြစ်ရရှာတယ်" "ဆရာအော်တောင် တခါတုန်းက ဖက်ချင်တယ် ပြောပြီးတော့" အီကြာအော်က ဒေါ်အွန်မေးရှိရာ မီးဖိုချောင်ဘက်သို့ အသာကလေး လက်ညှိုးထိုးပြီး [...]

Read more of this post