အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လိုအပ် ဟု တိုကျိုတက္ကသိုလ်ဟောပြောပွဲတွင် ဒေါ်စု ပြော သတင်းထွန်းဝေဘာသာပြန်သူနန်းခမ်းမိုထွန်း၊ ဧပြီ ၁၈၊ ၂၀၁၃ ၂၇ နှစ်ကြာ ကွဲကွာနေပြီးနောက် ဂျပန်နိုင်ငံကို ပြန်၍ အလည်ရောက်ရှိလာတဲ့ မြန်မာပြည်ကအကြီးဆုံး အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုကျိုတက္ကသိုလ်မှာ ယနေ့ ဧပြီ ၁၇မှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ တပ်မတော်ရဲ့အရေးပါအရာရောက်တဲ့ ပြဌာန်းချက်ပါဝင်နေတဲ့ ယခုလက်ရှိ အခြေခံဥပဒေကို ပြောင်းလဲဖို့က ဒီမိုကရေစီ မြန်မြန်ရောက်ဖို့အတွက် အရေးကြီးပါတယ်လို့ အလေးအနက် ပြောဆိုသွားပါတယ်။ ဧပြီလ ၁၇ မနက်ပိုင်းက တိုကျိုမြို့၊ Bunkyo နယ်မြေမှာရှိတဲ့ တိုကျိုတက္ကသိုလ်ဝင်းအတွင်းမှာ သွားရောက်ပြီး ကျောင်းသား ၄၀၀ ခန့်နှင့် ပညာရေးဝန်ထမ်းများအတွက် ဟောပြောပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီဟောပြောပွဲမှာ ဒေါ်စုက 'ယခုမှစ၍ ကမ္ဘာခေါင်းဆောင်ဖြစ်လာမယ့် လူငယ်များအား [...]

Read more of this post