ဦးဝင်းတင်နဲ့ မေးခွန်းများ - အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃ ၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ ပိုမိုရရှိလာတာ [...]

Read more of this post