သန်းဝင်းလှိုင် ဧပြီ ၁၉၊ ၂၀၁၃ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေကို ၁၉၁၁ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် သရက်တပင်ကျေးရွာ၌ အဖ ဦးဖိုးမောင်၊ အမိ ဒေါ်ငွေပင်တို့မှ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ကိုထွန်းခင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီးနောက် သခင်ထွန်းခင်ဖြစ်လာသည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မြင့်ဆွေဖြစ်လာသည်။ ငယ်စဉ်က ရွှေတောင်အမျိုးသားကျောင်း၌ စတင်ပညာသင်ကြားခဲ့ပြီး၊ ယင်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ထို့နောက် မင်းဘူးမြို့ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြား၍ သတ္တမတန်း အောင်မြင်ခဲ့သည်။ ၁၉၂၇ ခုနှစ် သီဟိုဠ် (ယခုသီရိလင်္ကာ) နိုင်ငံ ကိုလံဘိုမြို့ရှိ ဂျက်ဖနာဟိန္ဒူကောလိပ် (Jaffna Hindu College) တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဂျူနီယာကင်းဘရစ် (Junior Cambridge) [...]

Read more of this post