၈၈ အရေးတော်ပုံတပ်သားတဦး ကွယ်လွန် ဇော်သူရ (မဲဆောက်) ပေးပို့သည်၊ မိုးမခ၏ ၀မ်းနည်းမှတ်တမ်း၊ ဧပြီ ၂၆၊ ၂၀၁၃ ကိုမောင်မောင်ကြီး ( ၁၉၆၃ - ၂၀၁၃ ) ကိုယ်ရေးအတ္ထုပတ္တိ ကိုမောင်မောင်ကြီးကို အဖ ဦးအုန်းဖေ နှင့် အမိ ဒေါ်ညွန့်ရီတို့မှ ၁၉၆၃ ခုနှစ်၊ ဇန္န၀ါရီလ(၁၇) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း(၈)ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ရန်ကင်းမြို့နယ် ၊ အလယ်တန်း ကျောင်း (အ လ က ၃) တွင် ပညာ စတင်ဆည်းပူးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကင်းမြို့နယ် အထက်တန်း ကျောင်း [...]

Read more of this post