အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ နိုင်ငံတကာသာဂိ၊ ဧပြီ ၁၈၊ ၂၀၁၃ ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန်မြို့၊ Patriot နေ့အထိမ်းအမှတ် မာရသွန်ပြေးပွဲမှာ အကြမ်းဖက်သူတွေက ဗုံးထောင်လို့ လူ ၃ ဦး သေပြီး လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၂ ဦး ခန့်ဟာ ဒဏ်ရာပြင်းထန်ပါတယ်။ လူအချို့ဟာ သူတို့ ခြေတွေ လက်တွေ ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားက ဟင်းချက်တဲ့ ပေါင်းအိုးထဲမှာ သံတွေ၊ ဘောစိတွေ၊ ယမ်းတွေထည့်ပြီး လက်လုပ်ဗုံးနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အမှုကို ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်အထိ အင်အားကုန်၊ အာဏာကုန်သုံးပြီး ဖော်ထုတ် စုံစမ်းလျက်ရှိပါတယ်။ အဲသည်အဖြစ်အပျက်ပြီး ဧပြီလ [...]

Read more of this post