ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၁၀၊ ၂၀၁၃ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ငယ်စဉ်အခါကတည်းက မိဘ၊ ဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ကြသလို မိမိကိုယ်ကို လူဟူ၍ပင် မသိတတ်ခင်အချိန်ကတည်းက အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့၏ "ဦးတော် လုပ်လိုက်ပါဦး သားသားရေ … မီးမီးရေ"ဟူ၍ ဘာသာတရား ကိုင်းရှိုင်းတတ်စေရန် သွန်သင်ဆုံးမလာတတ်ကြသည်။ လမ်းလျှောက်တက်သည့်အရွယ်တွင်လည်း မိဘ၊ အဘိုး၊ အဘွားများသည် အခါကြီးရက်ကြီး ဥပုပ်နေ့များတွင် ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ သီတင်းသီလဆောက်တည်ကြရာတွင်လည်း သားသား၊ မီးမီးတို့လက်အားဆွဲ၍ ခေါ်သွား တတ်ကြပြီး ဆရာတော်ကြီးများ၊ ရဟန်းသံဃာများ၏ ရှေ့မှောက်တွင် မိမိတို့နှင့်အတူ သြကာသ အစချီ၍ သရဏဂုံဆောက်တည်ခြင်း၊ သီလယူခြင်း စသည့်အမှုကိစ္စများကို အလေ့အကျင့်ဖြစ်စေရန် ဘာသာတရား အား [...]

Read more of this post