ချယ်ရီပင်တွေအောက်က မြန်မာသင်္ကြန်ပွဲတော် ကိုထွန်းဝေ၊ (ဂျပန်)၊ ဧပြီ ၇၊ ၂၀၁၃ ယနေ့ တိုကျိုသင်္ကြန်ပွဲလုပ်ဖို့ ရုံးကလူတွေနဲ့ တိုကျိုသင်္ကြန်ပွဲကိုရောက်ခဲ့ပါတယ်။တော်တော်လေး စည်ပါတယ်။  ကဲကြတဲ့သူတွေလည်း အများကြီးပဲ။ သောက်ကြ၊ ဆိုကြ၊ တီးကြ၊ ကကြနဲ့ပေါ့။ ပျော်ဖို့ကောင်းတယ်။  (၂၂)ကြိမ်မြောက်မြန်မာရိုးရာတိုကျိုအတာသင်္ကြန်ပွဲတော်ကိုဧပြီလ(၇)ရက်နေ့တိုကျိုမြို့ HIBIYA ပန်းခြံမှာ နံနက် ၁၀း၃၀နာရီမှ ညနေ ၅း၀၀နာရီ အထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် (LDB) မှ တာဝန်ယူဦးစီး၍စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအစီအစဉ်ကိုရိုးရာမပျက်မြန်မာများ တက်ရောက်ခဲ့တဲ့အပြင်ဂျပန်မှာရှိကြတဲ့တိုင်းရင်းသားတွေလည်း တွေ့ခဲ့ရပါတယ်။အခြားနိုင်ငံခြားသားများလည်း တွေ့ခဲ့ရပါတယ်။တိုကျိုမှာတော့သင်္ကြန်ပွဲကိုမြန်မာ့ရိုးရာ အစားအစာတွေနဲ့ စုံစုံလင်လင် ရောင်းချပေးတာတွ့ရပါတယ်။   မြန်မာလူမျိုးတွေအများကြီး အခုလိုစုစည်းတဲ့ပွဲမျိုးကို ရောက်တော့ မြန်မာပြည်ကိုပြန်ချင်စိတ်တွေ၊လွမ်းတဲ့စိတ်တွေပိုဖြစ်လာတယ်။ တေးဂီတအစီအစဉ်တွေမှာတော့အငြိမ့်၊မင်္ဂလာဒိုးသံချပ်နဲ့အခြားတီးဝိုင်းတွေ တော်တော်စုံလင်ပြီးမိုးလင်းမှမိုးချုပ်အထိဖျော်ဖြေခဲ့ကြပါတယ်။ဘ၀သရုပ်ဖေါ်တွေကိုထိထိမိမိတင်ဆက်ဖျော်ဖြေသွားခဲ့ရာဂျပန်ရောက်ပရိတ်သတ်များအထူးနှစ်ခြိက်အားပေးခဲ့ကြတာကိုမျက်ဝါးထင်ထင်တွေ့ရပါတယ်။အစားအစာများကတော့စုံလင်တော့ပုံမှာပြထားတဲ့အတိုင်းတွေ့ရမှာပါ။ အစားအသောက်ဆိုင်များအားလုံးနီးပါးရောင်းအားများ ကောင်းခဲ့ကြပါတယ်.ဂျပန်နိုင်ငံမှာမြန်မာလူမျိုးများဦးစီးကျင်းပပြုလုပ်သည့်ပွဲတော်များအနက်အစည် ကားဆုံးပွဲဖြစ်ကြောင်းရေးသားလိုက်ရပါတယ်.။ဗွီဒီယိုကြည့်ရန် http://www.youtube.com/user/zayyar20283?feature=watch ဓါတ်ပုံများကြည့်ရန် http://tunwai-states.blogspot.jp/2013/04/2013_7.html  သတင်း -ဓါတ်ပုံ  ဗွီဒီယိုကိုထွန်းဝေ။  7.4.2013

Read more of this post