အောင်ဒင် ဧပြီ ၉၊ ၂၀၁၃ (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) ● လွှတ်တော်နှင့် ငြိမ်းချမ်းရေး (က) ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးအတွက် ကော်မရှင် သို့မဟုတ် ကော်မီတီများဖွဲ့စည်းရေးအဆိုကို မတ်လ ၂၀ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်၊ ဘယ်လိုဖွဲ့စည်းသင့်တယ်၊ ဘယ်သူတွေပါသင့်တယ်၊ ဘာတာဝန်တွေယူပြီး ဘယ်လောက်သက်တမ်းရှိသင့်တယ်၊ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိသင့်တယ် ဆိုတာတွေကို ဇွန်လ ၂၅ရက်နေ့မတိုင်မီ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်ထံ အကြံပြုစာတွေ ပေးပို့ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့ပါတယ်၊ ဒီတော့ လွှတ်တော်အစည်းအဝေးတွေပြန်စပြီးနောက် ဇူလိုင်လ ၊ ဩဂုတ်လတွေလောက်အတွင်းမှာ အဆိုပါ ကော်မီတီ၊ ကော်မရှင်တွေပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ [...]

Read more of this post