မောင်ရင်ငတေ ဧပြီ ၁၂၊ ၂၀၁၃ ● ကားလ်မာ့စ်မြို့မှာတနေ့တာ Treviri (it) Trier (de) Trèves (fr) ပြီးခဲ့တဲ့လက လူဇမ်ဘူးမြို့ကိုခဏရောက်နေခိုက် အချိန်ရတာနဲ့ သိပ်မဝေးလှတဲ့ ဂျာမဏီနယ်စပ်က လူသိသိပ်မများတဲ့ Trier ထရီယာလို့ဆိုတဲ့မြို့လေးကို ခြေဦးဆန့်ခွင့် ကြုံခဲ့ပါတယ်၊ ဒီမြို့ကလေးကို သွားဖို့ချိန်နေတာ တနှစ်ကျော်လောက်တောင် ရှိနေပါပြီ၊ ဒီမြို့အကြောင်းကို စပြီးဖတ်မိကတည်းက သွားချင်ခဲ့တာပါ၊ သွားဖို့အခွင့်က ချက်ချင်းမကြုံပါ၊  လွန်ခဲ့တဲ့ခြောက်လကျော်လောက်က လူဇမ်ဘူး မြို့ကို မောင်ရင်ငတေရဲ့ ညီငယ်တယောက် ခေတ္တလာရောက်နေထိုင်ပါတယ်၊ သူရောက်လာတာနဲ့ အမြဲလိုလို ဂဏာမငြိမ်တတ်တဲ့ မောင်ရင်ငတေတယောက် ခရီးသွားစရာ တနေရာ ပေါ်လာပြန်ပြီ ဆိုပြီး ဝမ်းသာရတာပေါ့၊ ခရီးတွေ အသွားများနေတယ်၊ ယူရိုမီလီယံ ထီပေါက်လို့လားလို့ တချို့က မေးကြတယ်၊ ထင်ကြတယ်၊ အဲလိုမျိုးမဟုတ်ရကြောင်းပါ၊ သွားချင်လွန်းလို့ [...]

Read more of this post