ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၁၂၊ ၂၀၁၃    ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းတို့ ခရီးသွားကြသည့်အခါ ကားလမ်းဘေး၊ ရထားလမ်းဘေး စသည့်နေရာတို့တွင် လမ်းဘေးအလှူခံမဏ္ဍပ်ငယ်လေးများကို မိဘပြည်သူများ တွေ့မြင်ဖူး ကြမည်ထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက ထိုအလှူခံမဏ္ဍပ်ရှိ ငွေဖလားလေးထဲသို့ ငွေအကြွေစေ့ ကလေးများ ရထားပေါ်၊ ကားပေါ်မှနေ၍ လှူဒါန်းခဲ့ကြသလို ယခုအခါတွင် ခေတ်အလိုက် အကြွေစေ့အစား ငွေစက္ကူများက နေရာယူနေကြပြီဖြစ်သည်။ အလှူငွေထည့်ဝင် လှူဒါန်းကြသည့်အခါတွင် အလှူခံပုဂ္ဂိုလ်များမှ အသံချဲ့စက်ဖြင့် "ကျန်းမာ ချမ်းသာကြပါစေ … စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ … လမ်းခရီး တစ်လျှောက် သွားလမ်းသာလို့၊ လာလမ်းဖြောင့်ကြပါစေ … "ဟူ၍ ဆုတောင်းပေးလေ့ရှိသည်ကို ကျွန်တော်တို့ အနေဖြင့် ရွှင်လန်းကြည်နူးဖွယ်ရာ တွေ့မြင်ကြားသိခဲ့ရပေသည်။ [...]

Read more of this post