သန်းဝင်းလှိုင် ဧပြီ ၁၆၊ ၂၀၁၃ မြန်မာ့သမိုင်းတကွေ့၌ မင်းလောင်းဗန္ဓကရသေ့ထက်စော၍ မင်းလောင်းအဖြစ် ကျော်စောခဲ့သူကား မြင်းမူမြို့နယ် ပဲကူရွာသား မောင်သန့် ဖြစ်သည်။ စာရေးဆရာ ဥာဏက မဂ္ဂဇင်းတစ်စောင်တွင် မင်းလောင်းမောင်သန့်နှင့် ပတ်သက်၍ ဤသို့ ရေးခဲ့ဖူးသည်။ မြင်းမူနယ်​ ရွာတစ်ရွာတွင် မင်းလောင်မောင်သန့်သည် မြင်းမူမြင်းကြီးကို စီး၍ တန်ခိုးကြီးဘုရားများကို ရွှေချခဲ့ကြောင်း၊ မှော်ဇာရွာရှိ နန်းဦးဘုရား ကိုလည်း ရွှေချခဲ့ကြောင်း၊ ထိုနှစ်က ဘုရားပွဲတော်ဖြစ်ရာ ပြောင်းရိုးစဉ်းရာမှ အ၀တ်ပေါ်မီးကျကာ လက်ရုံးက မီးတောက်သည်ဆို၍ အများက သူရဲကောင်းအဖြစ် ကိုးကွယ်ကြသည်။ ကြိတ်မြှောက်ကြသည်။ မောင်သန့်ကိုယ်တိုင်ကလည်း တကယ်ပင် မိမိသည် မင်းလောင်းဖြစ်လာပြီဟု ထင်မြင်လာခဲ့သည်။ ဤသို့ဖြင့် နောက်ပါအင်အားတဖြည်းဖြည်းတောင့်တင်းရာမှ မြင်းမူဂါတ်ကို ၀င်စီး၍ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခံရကြောင်း ရေးသားထားလေသည်။ ၁၉၅၆ ခုနှစ် [...]

Read more of this post