From: Thit Htoo Lwin <noreply@blogger.com>
Date: 2013/3/30
Subject: သစ်ထူးလွင်
To: ms.theinginwe@gmail.com
သစ်ထူးလွင် |
- မတ်လ(၂၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ်(၈၆၄)
- မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)
- မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)
- မတ်လ(၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃)၊
- ဧပြီလ(၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.13
- ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်
- သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်
- ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်
- မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး
- ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ
- မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်
- မြောက်ကိုရီးယား စစ်ရေးအင်အားပြ
- ငြိမ်းချမ်းဖို့ အတွက် မန္တလးမှာ ဘာသာစုံဆုတောင်း
- အီစတာပွဲတော် ပုပ်ရဟန်းမင်းကြီး ဦးဆောင်ကျင်းပ
- တိဗက်မှာ မြေပြိုလို့ မိုင်းလုပ်သားတွေ ပိတ်မိနေ
- ကိုရီးယားအရေး ထိန်းသိမ်းကြဖို့ တိုက်တွန်း
- အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေ
- ဧပြီလ(၁)ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၃၆
- မတ်လ(၂၉)ရက်နေ့ ထုတ် Focus Online Issue 35
- ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
- အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
- လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မလုပ်ကြဖို့ အစိုးရကော်မရှင် တောင်းဆို
- ဆူပူအကြမ်းဖက်မှုတွေဟာ လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေ (ရုပ်/သံ)
- ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်/သံ)
- ကြေးနီစီမံကိန်းသပိတ်ဖြိုခွင်းသူများကို အရေးယူပေးဖို့ လူ၅ဝခန့် ရန်ကုန်တွင် ဆန္ဒပြ (ရုပ်/သံ)
မတ်လ(၂၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ်(၈၆၄) Posted: 30 Mar 2013 05:50 AM PDT | ||
မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂) Posted: 30 Mar 2013 05:47 AM PDT | ||
မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂) Posted: 30 Mar 2013 05:45 AM PDT | ||
မတ်လ(၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃)၊ Posted: 30 Mar 2013 05:38 AM PDT မတ်လ(၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃)၊ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
ဧပြီလ(၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.13 Posted: 30 Mar 2013 05:35 AM PDT | ||
ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည် Posted: 30 Mar 2013 04:27 AM PDT မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည် Posted: 30 Mar 2013 04:12 AM PDT ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိန်း သိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။ "သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက် Posted: 30 Mar 2013 04:03 AM PDT အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး Posted: 29 Mar 2013 10:24 PM PDT မင်းလှမြို့မှာ ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် လူ ၁၀၀ ကျော် မတ်လ ၂၉ရက်နေ့က ရန်ကုန်ကို ထွက်ပြေး ရောက်ရှိလာပါတယ်။ ထွက်ပြေးလာသူတွေထဲမှာ အစ္စလန်ဘာသာဝင်တွေ ပါဝင်သလို ဗုဒ္ဓဘာသာဝင်တွေလည်း ပါဝင်တယ်လို့ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ Posted: 29 Mar 2013 10:17 PM PDT ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် - -- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ် Posted: 29 Mar 2013 09:37 PM PDT မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။ ဒီခန့်အပ်မှုဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
မြောက်ကိုရီးယား စစ်ရေးအင်အားပြ Posted: 29 Mar 2013 09:30 PM PDT မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နိုင်တယ် ဆိုတဲ့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းက ခြိမ်းခြောက်လိုက်တဲ့ အပေါ်မှာ ထောက်ခံတဲ့အနေနဲ့ မြောက်ကိုရီး ယားနိုင်ငံသား သောင်းနဲ့ချီပြီးတော့ စုရုံးခဲ့ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ငြိမ်းချမ်းဖို့ အတွက် မန္တလးမှာ ဘာသာစုံဆုတောင်း Posted: 29 Mar 2013 09:15 PM PDT မန္တလေး ဘုရားကြီး တောင်ဘက် အလယ်တိုက် ကျောင်းကြီးမှာ မနေ့ညက ဘာသာပေါင်းစုံ လူအင်အား(၁၅၀)ကျော်က ဘာသာရေး အကြမ်းဘက်မှုတွေ ငြိမ်းချမ်းဖို့ ဘာသာစုံဆုတောင်း ခဲ့ကြတယ်လို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
အီစတာပွဲတော် ပုပ်ရဟန်းမင်းကြီး ဦးဆောင်ကျင်းပ Posted: 29 Mar 2013 08:52 PM PDT ရေရှု ခရစ်တော်ကို ကားစင်တင်သတ်ဖြစ်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို ရောမမှာရှိတဲ့ ကိုလိုစီယမ်ရှေးဟောင်း အဆောက်အအုံကြီးမှာ Easter Friday ကပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ ရှေးခေတ်က ခရစ်ယာန် ဘာသာဝင်တွေ အများအပြား အသတ်ခံရတဲ့ နေရာလို့ အများစုက ယုံကြည်ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
တိဗက်မှာ မြေပြိုလို့ မိုင်းလုပ်သားတွေ ပိတ်မိနေ Posted: 29 Mar 2013 08:44 PM PDT တိဗက် မြို့တော် Lhasa လာဆာမှာ မြေပြိုမှု ဖြစ်ခဲ့လို့ ပိတ်မိနေတဲ့ မိုင်းတွင်း လုပ်သား ၈၃ယောက်ကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစားနေကြတယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
ကိုရီးယားအရေး ထိန်းသိမ်းကြဖို့ တိုက်တွန်း Posted: 29 Mar 2013 08:36 PM PDT ကိုရီးယား ကျွန်းစွယ်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာ နိုင်ချေ ရှိနေတဲ့ အတွက် သက်ဆိုင်သူ အားလုံး အနေနဲ့ အဲဒီလို မဖြစ် ရအောင် ရှောင်ရှား ကြဖို့ကို တရုတ်နဲ့ ရုရှား နိုင်ငံ တို့က တိုက်တွန်း လိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေ အထား ထားရှိဖို့ အမိန့် ပေးလိုက်တဲ့ အတွက်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေ Posted: 29 Mar 2013 08:28 PM PDT လတ်တလော ဖြစ်ပေါ်နေသော ဆူပူများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတမိန့်ခွန်းသည် ယျေဘူယျ ဆန်လွန်းနေပြီး ပြတ်သားမှု မရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါ ကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာ ဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင် ပြောကြား လိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
ဧပြီလ(၁)ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၃၆ Posted: 29 Mar 2013 08:17 PM PDT | ||
မတ်လ(၂၉)ရက်နေ့ ထုတ် Focus Online Issue 35 Posted: 29 Mar 2013 08:16 PM PDT | ||
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည် Posted: 29 Mar 2013 03:06 PM PDT လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။ သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။ တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။ "ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။ ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။" နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။ ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။ "ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။" သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။ "နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။" ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။ ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။ အောင်ရဲ မောင်မောင် (ဗွီအိုအေ) | ||
အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော Posted: 29 Mar 2013 03:03 PM PDT လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မလုပ်ကြဖို့ အစိုးရကော်မရှင် တောင်းဆို Posted: 29 Mar 2013 02:57 PM PDT လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ် စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ဆူပူအကြမ်းဖက်မှုတွေဟာ လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေ (ရုပ်/သံ) Posted: 29 Mar 2013 02:51 PM PDT ပဲခူးတိုင်းအတွင်း မြို့နယ်တချို့က ဆူပူအကြမ်းဖက်မှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။ ရိုက်ကူး အောင်ထွန်းမြင့် (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်/သံ) Posted: 29 Mar 2013 02:46 PM PDT မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးသွားစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတခုကို ရန်ကုန်မြို့မှာ ၂ဝ၁၃ မတ်လ ၂၈ရက်၊ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။ (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
ကြေးနီစီမံကိန်းသပိတ်ဖြိုခွင်းသူများကို အရေးယူပေးဖို့ လူ၅ဝခန့် ရန်ကုန်တွင် ဆန္ဒပြ (ရုပ်/သံ) Posted: 29 Mar 2013 02:40 PM PDT လက်ပံတောင်းတောင် စီမံကိန်းဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာ ၄လပြည့်တဲ့ မတ်လ ၂၉ရက်နေ့မှာ လှုပ်ရှားတက်ကြွသူ ၅ဝလောက် ရန်ကုန်မှာ ဆန္ဒပြခဲ့ပါတယ်။ (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
---
You received this message because you are subscribed to the Google Groups "Real Family" group.
To unsubscribe from this group and stop receiving emails from it, send an email to real-family-mm+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.