သစ်ထူးလွင်

သစ်ထူးလွင်


ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ

Posted: 01 May 2013 07:14 AM PDT

ရန်ကုန်- မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရှိ အအေးဆိုင်တစ်ခုတွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူ စုံတွဲချင်းစကား များရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရွှေပေါက္ကံမြို့သစ်ရှိ လှိုင်ရတနာ အအေးဆိုင်အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မြင့်ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင်နောက်ဆုံးနှစ် ကျောင်းသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မေလ(၄)ရက်နေ့ ထုတ် Netguide Journal Vol(2) Issue (82)

Posted: 01 May 2013 07:13 AM PDT

မေလ(၄)ရက်နေ့ ထုတ် Netguide Journal Vol(2) Issue (82)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၃)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၈

Posted: 01 May 2013 07:06 AM PDT

မေလ(၃)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလထုတ် Echo မဂ္ဂဇင်း အမှတ် ၃

Posted: 01 May 2013 07:03 AM PDT

မေလထုတ် Echo မဂ္ဂဇင်း အမှတ် ၃

မဂ္ဂဇင်း ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဆက်သွယ်ရေး ကုမ္ပဏီများရဲ့ အတွင်းရေး

Posted: 01 May 2013 05:51 AM PDT

မေ ၁ ။

မြန်မာ တယ်လီကွန်း ကဏ္ဍ အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း (Service Provider)
ရွေးချယ်ရာတွင် အကျိုး စီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interest) ရှိလာခဲ့သည်ဟု ဆိုကာ
အွန်လိုင်း မီဒီယာပေါ်မှာရော သတင်းစာ၊ ဂျာနယ်များ တွင်ပါ ရေးသား ဖော်ပြဝေဖန် နေကြ တာကို တွေ့ရပါတယ်။

ရေးသား ဖော်ပြထား တာတွေက မှားတယ်လို့ မဆိုသာပါဘူး။ သို့သော် သိပ်မပြည်စုံ သလိုပဲ။
ကိုယ်တွယ်ချင်တဲ့ သူကို တွယ်၊ ကိုယ်ချန်ခဲ့ချင်သူကို ချန်ထားခဲ့သလိုပဲ ခံစားရပါတယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု အတွက် လျှောက်ထားတဲ့ ကုမ္ပဏီများထဲက ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၂ခုရှိပါတယ်။ ဧပြီလ ၁၁ ရက်နေ့က ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက အောက်ပါအတိုင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and
Communication
Technology Development Corporation ( MICTDC) + A1 Construction
6. Milicom International Cellular S. A.
7. MTN Consortium ( MTN Dubai + M1 Telecom + Amara Communications )
8. Qatar Telecom (Qtel) Q.S.C ("Ooredoo")
9. Singapore Telecommunications ( Singtel) + KBZ + Myanmar Telephone
Company Limited ( M
Tel )
10. Tenenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

ကုမ္ပဏီ ၁၂ ခုထဲမှာ ပြည်ပကုမ္ပဏီသီးခြား လျှောက်တာက ၇ ခု၊ ပြည်ပကုမ္ပဏီ အချင်းချင်း ပေါင်းတာ ၂ ခု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပူးပေါင်းထားတာ ၃ ခုရှိပါတယ်။

မြန်မာကုမ္ပဏီများ တရားဝင်ပူးပေါင်းထားတဲ့ အုပ်စုတွေကတော့ KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction, MTN+ Amara Construction နဲ့ Singapore Telecommunications ( SingTel) + KBZ + Myanmar Telephone Co. Ltd. ( M Tel ) တို့ ဖြစ်ပါတယ်။

KDDI Corporation + Sumitomo Corporation တို့နှင့် ပူးပေါင်းထားတဲ့ MICTDC ကုမ္ပဏီမှာ
ရွှေသံလွင်၊ KMD နဲ့ ရတနာပုံတယ်လီပို့တို့ ပါဝင်ပါတယ်။ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီများဟာ အစိုးရနဲ့ နီးစပ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစုံ လုပ်ကိုင်နေသော၊ လုပ်ကိုင်ခဲ့သော စီးပွားရေး လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများပဲ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းဆိုလျှင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတို့ရဲ့ ခရီးစဉ်တွေမှာ
လိုက်ပါခွင့်ရသည်အထိ နီးစပ်သူဖြစ်ပါတယ်။ ဒီလို ခရီးစဉ်များမှာပင် SkyNet ရုပ်သံကို လှုဒါန်းခြင်းဖြင့် ၄င်းရဲ့ ရုပ်သံလိုင်းကို ကြော်ငြာခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ထို့အတူ KMD ကုမ္ပဏီဟာ ယခုလက်ရှိ ဆက်သွယ်ရေးနှင့် နည်းပညာအချက်အလက် ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းတင် ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အာဖရိကနိုင်ငံက MTN ကုမ္ပဏီနှင့် ပူးပေါင်းထားတဲ့ Amara Communiction က ယခင် စက်မှု ၁
ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ အုပ်စုက
ကုမ္ပဏီခွဲတစ်ခုသာ ဖြစ်ပါတယ်။ ဦးနေအောင်ဆိုလျှင်လည်း အရင်စစ်အစိုးရလက်ထက်ကပင် လုပ်ငန်းပေါင်းစုံ ရယူလုပ်ကိုင်ခဲ့သူ ဖြစ်သလို ယခုအခါမှာလည်း သမ္မတ၊ ဒုသမ္မတခရီးစဉ်များမှာလည်း
ပါဝင်လိုက်ပါလျက်ရှိပါတယ်။

အထက်ပါ မြန်မာ ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်ရေး အခြေအနေများကို ဧပြီလ ၂၄ ရက်မှာ ထွက်ရှိတဲ့ No. 28 Vol 8 Weekly Eleven ဂျာနယ်မှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သို့သော် နောက်ထပ် ပြည်ပကုမဏီတစ်ခုဖြစ်တဲ့ SingTel နဲ့ ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီ KBZ နဲ့
Myanmar Telecophone Co. Ltd. ( M Tel ) တို့ရဲ့ အခြေအနေတွေ မပါဝင်တော့ ဖတ်ရတာ ခံတွင်း သိပ်မတွေ့သလို ဖြစ်ရပါတယ်။

အသေးစိပ် အခြေအနေနဲ့ ခရေစေ့တွင်းကျပြောပြလျှင် ပုဂ္ဂိုလ်ရေး သိပ်ဆန်သွားမှာစိုးလို့ အကျယ်ချဲ့ ပြီး မပြောလိုတော့ပါ။ KBZ ကုမ္ပဏီဟာ ဆရာကျောင်းလို့ ခေါ်ကြတဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့
ကုမ္ပဏီဖြစ်ပါတယ်။ ၄င်းဟာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇလေကြောင်းလိုင်းများ အပါအဝင် လုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်ပါတယ်။ ယခင် စစ်အစိုးရလက်ထက် ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးမောင်အေး ဗိုလ်ချုပ်အဆင့်ဖြင့် စစ်တိုင်းမှုးဘဝနဲ့ တောင်ကြီးမှာ တာဝန်ကျစဉ်က သာမာန်မျှသာဖြစ်တဲ့ ဦးအောင်ကိုဝင်းဟာ န.ဝ.တ လက်ထက်မှာ ရှမ်းပြည်နယ် မိုင်းရှုးကျောက်ကွက်များတွင် ဦးမောင်အေးရဲ့ ပံ့ပိုးစောင်မမှုကနေ ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် န.ဝ.တ ဒုတိယဥက္ကဌ ရာထူးဖြင့် ဦးမောင်အေး ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ကိုင်တွယ်လာခဲ့တဲ့အခါမှာ သွင်းကုန်ပါမစ်များ မြောက်မြားစွာ ရရှိခဲ့သလို လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ရာမှ ယခုကဲ့သို့ အရှိန်အဝါကြီးသော ကုမ္ပဏီပေါင်းများစွာကို ပိုင်ဆိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိလည်း လက်ရှိအစိုးရနှင့် အဆင်ပြေ ပလဲနံပသင့်သူဖြစ်ပါတယ်။

Myanmar Telephone Co. Ltd. ကတော့ ဦးမိုးကျော်သောင်းနဲ့ သားဖြစ်သူ Jonathan သောင်းတို့
ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဦးမိုးကျော်သောင်းကိုတော့ မြန်မာ့စီးပွားရေး လောကမှာ မသိသူ
မရှိသလောက်ပါဘဲ။ မဆလလက်ထက်မှာကတည်းက အစိုးရရဲ့ ဝယ်ယူရေး လုပ်ငန်းတွေမှာ ပြည်ပကို ချိတ်ဆက်ပြီး ပွဲခယူတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ န.ဝ.တ လက်ထက်မှာ
ဈေးကွက်စီးပွားရေးစနစ် မပီပြင်သေးသလို ကျွမ်းကျင်ခြင်းမရှိသေးတဲ့ ဝန်ကြီးဌာနတွေကို လာဘ်ပေးပြီး ပို့ကုန်၊ သွင်းကုန်များကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကာလ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဝန်ကြီးနဲ့ ပလဲနံပသင့် ပူးပေါင်းခဲ့ပြီး ဝန်ကြီးမှာ ပြဿနာတက် အငြိမ်းစားပေးခံခဲ့ရပြီး သူကတော့ တိန်တိန်မြည်
ကျန်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က စီးပွားရေးသမားမျာကို အရေးမယူဘဲ ဝန်ကြီးတွေကိုသာ
အငြိမ်းစားပေးလေ့ရှိပါတယ်။။ ယခုအခါမှာ Jonathan ကတော့ KBZ ကုမ္ပဏီက ပြည်ပနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ အကူအညီပေး ပွဲခယူနေသူဖြစ်ပါတယ်။ KBZ Air ရဲ့ ပြည်ပမှ ဝယ်သော လေယာဉ်များ အားလုံးကို Jonathan ရဲ့ ချိတ်ဆက်ပေးမှုဖြင့် ဝယ်ယူပေးထားခြင်းဖြစ်ပါတယ်။ Jonathan ပြည်ပမှ ချိတ်ဆက်ရှာဖွေ ပြည်တွင်းမှာ KBZ က ဖြေရှင်းဆိုတဲ့ ပုံစံဖြင့် လုပ်ကိုင်နေခြင်းဖြစ်တယ်။ ယခုအချိန်အထိပင် ဦးမိုးကျော်သောင်းဟာ ဝန်ကြီးဌာနလုပ်ငန်း ပရောဂျက်တွေကို ရရှိလိုသူများထံမှ အခကြေးငွေယူပြီး ချိတ်ဆက်ပေးနေဆဲ ဖြစ်ပါတယ်။

ပြည်ပကုမ္ပဏီများအဖြစ် သီးခြားလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာလည်း အစိုးရနဲ့ ရင်းနှီးဝင်ဆန့်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်လျက်ရှိပါတယ်။ Digicel ဆိုရင် ပြည်ပကုမ္ပဏီတစ်ခုအဖြစ် တင်ဒါဝင်ပြိုင်ခဲ့ပေမယ့် ၄င်းရဲ့ နောက်မှာ ပူးပေါင်းထားတာကတော့ Quantum Strategic Partners Ltd. နဲ့ Yoma Strategic Holdings အုပ်စုတို့ ပါဝင်ပါတယ်။ Quantum Strategic Partners Ltd. ကတော့ George Soros ရဲ့ ကုမ္ပဏီပါ။ Yoma Strategic Holdings ကတော့ Serge Pun ခေါ် ဦးသိမ်းဝေပိုင်ဆိုင်တဲ့ ကုမဏီပါ။ Serge Pun ဟာ အရင်စစ်အစိုးးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းရှင်များ၊
စီးပွားရေး ပညာရှင်များ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့၊ စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်အချို့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Tuesday Club မှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပန်းလှိုင်အိမ်ယာနဲ့ ပန်လှိုင်ဂေါက်ကွင်း တည်ဆောက်ခဲ့တဲ့ သူဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အရှုပ်အရှင်း များစွာရှိတဲ့သူပါ။

Telenor Mobile Communications AS ကုမ္ပဏီဟာ နော်ဝေ ကုမ္ပဏီဖြစ်ပါတယ်။ နော်ဝေအစိုးရက
တဆင့် လက်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပုဂ္ဂိုလ်များနှင့် များစွာ
ရင်းနှီးမှုရှိပါတယ်။ ပုဂ္ဂိုလ်ရေး ရေးသား ဖော်ပြတဲ့သဘော ဆန်ကောင်းဆန်သွားမှာဖြစ်သော်လည်း အဓိကမှာ ယခု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပမာဏရွေးချယ်ထားတဲ့ ကုမ္ပဏီများဟာ ပိန်မသာ လိန်မသာ အတူတူနဲ့ အနူနူချည်းများသာဖြစ်တယ် ဆိုတဲ့အကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဝေဖန်လျက်ရှိပါတယ်။

ပြည်ပကုမ္ပဏီချည်း သက်သက်တွေကိုသာ တင်ဒါပေးလိုက်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပက လက်ဝါးကြီး အုပ်သွားမှာ ဖြစ်သလို နည်းပညာနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ရနိုင်မှာမဟုတ်တဲ့အတွက် မြန်မာနဲ့ ဖက်စပ်ကုမ္ပဏီများ ထဲကသာ ရွေးချယ်သင့်တယ်လို့လည်း အသံများ ထွက်ပေါ်နေပါတယ်။

သို့အတွက် အဓိက အရေးကြီးသည်မှာ တင်ဒါစနစ်ကို မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာမှုရှိစွာ
ဆုံးဖြတ်သွားဖို့ လိုပါတယ်။ ယခုအထိ ကြားသိရတာ ဝန်ကြီးဌာနဟာ တင်ဒါကော်မတီကို သေချာစွာ
ဖွဲ့စည်းထားပြီး နည်းပညာအားသာမှု၊ ငွေကြေး တောင့်တင်းမှု၊ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုများနဲ့ တိုင်းတာပြီး ရွေးချယ်သွားမည်လို့ သိရလို့ အဲဒီအတိုင်းပဲ တိတိကျကျနဲ့ တိုင်းပြည်အကျိုး တစ်ခုတည်းကိုသာ စဉ်းစားပြီး အမှန်တကယ် နိုင်ငံမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
ဥပဒေများကို လိုက်နာမယ့် ကုမ္ပဏီများကိုသာ ရွေးချယ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Myanmar News Now




ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန် နောက်ကွယ် ကြိုးကိုင်သူ ခုနစ်ဦးကိုဖမ်း

Posted: 01 May 2013 05:30 AM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၂၆-၄-၂၀၁၃ နေ့တွင် ပြုလုပ်ခဲ့သော ဘင်္ဂလီလူဦးရေ(ဆွဲ၊ တင်၊ စစ်)လုပ်ငန်းအား ဖျက်လိုဖျက်ဆီးလုပ်ပြီး နောက်နေ့များတွင် သဲချောင်း၊ သက္ကေပြင်အပါအ၀င် ဘင်္ဂလီရွာ၊ ဘင်္ဂလီဒုက္ခသည်စခန်းများတွင် အဖြူပိတ်သားပေါ်တွင် အနီရောင်စာလုံးများဖြင့်ရေးထားသည့် အောက်ပါစာတမ်းများနေရာအနှံတွေ့ရကြောင်း လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့ဝင်အချို့ပြောကြားချက်အရ သိရှိရသည်။
****ရိုဟင်ဂျာ လွတ်မြောက်နယ်မြေ******
****ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်များနေရာ****
****ရိုဟင်ဂျာသမိုင်း ဘယ်တော့မှပျောက်ကွယ်မှာမဟုတ်*****
****ပါကစ္စတန် ဂျိန္နာဘတ်**** (ပါကစ္စတန်အဓွန့်ရှည်ပါစေ၊ အောင်မြင်ပါစေ)
စသည်တို့ဖြစ်သည်။
၎င်းအပြင် တာဝန်ရှိဌာနဆိုင်ရာကားများဖြတ်သွားတိုင်း လေ့ကျင့်ပေးထားသော ဘင်္ဂလီကလေးငယ်များက ရိုဟင်ဂျာ၊ ရိုဟင်ဂျာ၊ ရိုဟင်ဂျာဟု ကြွေးကြော်ပြီး ကားဘေးနှစ်ဖက်နှင့် နောက်ဘက်မှ ၀ိုင်းအုံ၍ အမြဲတမ်း လိုက်ပါလေ့ ရှိကြသည်။ ထိုကလေးငယ်များ၏ လက်ဖျံအတွင်းပိုင်းများတွင် ဆော့ပန်ဖြင့် ''ရိုဟင်ဂျာ''ဆိုသည့် စာသာများ ရေးသားထားကြပြီး ရိုဟင်ဂျာဟုရေးသားထားသော ၂ ပေ ၁ပေခန့် လိပ်ထား၍ရသော ပိတ်စများ ကိုင်ဆောင်ထားကြကြောင်း တွေ့ရှိခဲ့ရသည်ဟု အမည်မဖော်လိုသူ လုံခြုံရေးတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ဓါတ်ပုံ- RSV

ရှေ့နေများကန့်ကွက်ထားသည့် စုပေါင်းတိုင်းတရားရုံး ကြယ်ငါးပွင့် ဟိုတယ် ဆောက်မည်

Posted: 01 May 2013 05:19 AM PDT

ရန်ကုန်၊ ဧပြီ ၃၀

ပုဂ္ဂလိကပိုင်ပေး၍ ဟိုတယ်လုပ်ကိုင်ခွင့် ပြုလိုက် သဖြင့် ရှေ့နေများ ကွန်ရက်က ကန့်ကွက်ထားသော ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ ရန်ကုန်တိုင်း စုပေါင်းတိုင်းတရားရုံးကို ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဖြစ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း တင်ဒါအောင် Flying Tiger Engineering ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်းက ပြောကြားသည်။

ရန်ကုန်တိုင်း စုပေါင်းတိုင်း တရားရုံးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဟု ဆိုသော်လည်း အတွင်းပိုင်း တွင် ယဉ်ကျေးမှု အမွေအနှစ်ဟူ၍ အနည်းအကျဉ်းသာ ရှိကြောင်း Flying Tiger Engineering ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးတင်ညွန့် က ဆိုသည်။
"အထဲမှာ ဘာမှမရှိဘူး ။ ဟောင်းလောင်းကြီး။ ယဉ်ကျေးမှုအမွေအနှစ် ဆိုတာ နှစ်တွေကြာလို့ ဒီအဆောက်အအုံကို ခေါ်တာ။ အပြင်ပိုင်း Structure ပုံစံကို ပြောတယ်ထင်ပါတယ်" ဟု ၄င်းကဆိုသည်။

ယင်းအဆောက်အအုံကို ဟိုတယ်ဆောက်ရန် အတွက် နိုင်ငံတော်သို့ မြေယာအသုံးပြုခ ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄ သန်း ပေးသွင်းထားကြောင်း၊ ဟိုတယ် ဆောက်ပြီးပါက လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရန် သဘောတူချက်ဖြင့် ဟိုတယ်လုပ်ခွင့် ရရှိခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကနဦးနှစ် ၅၀ ငှားရမ်းခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းကို စင်ကာပူကုမ္ပဏီ တစ်ခုနှင့် ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် The Future of "The State House" သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယင်းသို့ပြင်ဆင်ရာတွင် တိုင်းတရားရုံး ၏ အပြင်ပိုင်းကို ကြာရှည်ခံရန် အတွက် စင်ကာပူ DP Architect Pte.,Ltd မှ ခေတ်မီနည်း ပညာများဖြင့် ပြင်ဆင်မှုများ ပြုလုပ်မည်ပြီး မူရင်းမပျက် စေဘဲ စင်ကာပူနိုင်ငံ Fullerton ဟိုတယ်ပုံစံ ပြုပြင်မည်ဖြစ်ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်း ကဆိုသည်။
"အချုပ်ခန်းလိုမျိုး ဖြစ်နေတဲ့ ဟိုတယ်နဲ့ မသင့်လျော်တဲ့ ဟာမျိုးတွေ ကိုတော့ ဖျက်ရမှာပေါ့"ဟု ၄င်းကဆိုသည်။

ရှေ့နေများကွန်ရက်သည် နိုင်ငံသားပိုင် ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ စောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုတယ်ပြုလုပ်မှု ရပ်တန့်ရန် အစိုးရသို့ နို့တစ်စာ ပေးပို့ပြီးဖြစ်၍ ရက်ပေါင်း ၆၀ အတွင်း စောင့်ကြည့်ရုံသာ ရှိကြောင်း ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ ကိုယ်ထိလက်ရောက် လုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ပြည်ထောင်စုအစိုးရကို တရားစွဲဖို့ ရက် ၆၀ ကျော်ရင် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မယ်" ဟု ၄င်းကဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ ယဉ်ကျေးမှု အဆောက်အအုံ ၁၈၈ ခုတွင်ပါဝင်သော ယင်းအဆောက်အအုံကို ၁၉၂၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်းက ပုလိပ်မင်းကြီးရုံး၊ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဌာနချုပ်၊ ယင်းနောက်ပိုင်း ရန်ကုန်တိုင်း စုပေါင်း တိုင်းတရားရုံးအဖြစ် အသုံးပြုခဲ့ရာ သက်တမ်းအားဖြင့် ၈၅ နှစ် ကျော်လွန်ပြီ ဖြစ်သည်။

The Voice Weekly


တရုတ်ကို ဘာရောင်းမလဲ၊ တရုတ်ဆီက ဘာရမလဲ

Posted: 01 May 2013 05:13 AM PDT

မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ တရုတ်ကြောင့်၊ မြန်မာနိုင်ငံ ဟိုလို ဖြစ်နေတာ တရုတ်ကြောင့်ဆိုပြီး ကျွန်တော်တို့တစ်တွေ အားရပါးရ လက်ညှိုးထိုးကြပါတယ်။ ကျွန်တော့်အမြင် ကတော့ လက်ညှိုးထိုးတာ အပြင် တရုတ်ကိစ္စကို နောက်တစ်နည်းနဲ့ ချဉ်းကပ်ကြည့်လို့လည်း ရနိုင်ပါတယ်။ တိုတိုပြောရရင်တော့ တရုတ်ကို "ဘာရောင်းမလဲ၊ တရုတ်ဆီက ဘာရမလဲ"ပေါ့။

နိုင်ငံတကာ ဆက်ဆံရေးမှာ ချစ်ခြင်း၊ မုန်းခြင်းတွေကို အသာ ဘေးဖယ်ထားပြီး နိုင်ငံအကျိုးစီးပွား အတွက် စဉ်းစားကြတာချည်းပါပဲ။ နိုင်ငံကြီး နိုင်ငံငယ်မှန်သမျှ ကိုယ့်အတွက် ကိုယ်အရင်ကြည့်ပြီး နောက်မှ သူများအတွက် ကြည့်ကြတာပါ။ အဲလိုကိုယ့်အတွက် ဦးစားပေးမဟုတ်ဘူး လို့ ပြောကြတာရှိရင် အလကားပြောတာပါ။ အဲလိုမျိုး ကိုယ့်နိုင်ငံအတွက် မကြည့်တဲ့ အစိုးရလည်း ကျဆုံးရမှာပါပဲ။ အဲဒီသဘောတရားအတိုင်း တရုတ်နိုင်ငံ၊ တရုတ်စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံကို မုန်းလို့ ချစ်လို့ မဟုတ်ဘဲ သူ့နိုင်ငံ၊ သူ့လုပ်ငန်း အကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်တာပါ။ ကိုယ့်နိုင်ငံကလည်း သူ့ကို ချစ်တာ၊ မုန်းတာထက် သူနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ရင် ကိုယ့်နိုင်ငံအတွက် ဘာအဆင်ပြေမလဲ၊ ကိုယ့်ပြည်သူပြည်သား တွေ ဘာအကျိုးရှိသွားမလဲ ဒါတွေကို ရည်မှန်းပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ထင်ရှားပြီး အားလုံးမြင်သာနေတဲ့ ဥပမာပြောရရင် သူ့ကို ယှဉ်လာနိုင်ခြေ အရှိဆုံးနိုင်ငံလို့ တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားပြီး အရံအတားတွေ၊ အစီအမံတွေ လုပ်ကိုင်နေပေမယ့် တစ်ချိန်တည်းမှာ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံရဲ့ ထိပ်တန်းလုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက်လည်း ဖြစ်နေပါတယ်။ ဂျပန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တရုတ်နဲ့ ပတ်သက်ရင် ဒီလိုပါပဲ။ တရုတ်ရဲ့ နိုင်ငံရေးစနစ်ကို ကြိုက်တာ မကြိုက်တာ၊ တရုတ်ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို နှစ်လိုတာ မနှစ်လိုတာကို တစ်ကဏ္ဍထားပြီး တရုတ်ဆီက "ဘာရနိုင်မလဲ" ကိုကြည့်ပြီး အားလုံးက အလုပ်လုပ်နေကြတာ တကယ့်လက်တွေ့ပါပဲ။

တရုတ်တွေ မြန်မာကနေ ဘာတွေရနေလဲ၊ မြန်မာက တရုတ်ဆီက ဘာတွေရနေလဲ။ မြန်မာနိုင်ငံဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်က လူသုံးကုန်ပစ္စည်းတွေက ရနေချိန်မှာ မြန်မာနိုင်ငံက တရုတ်ကို ပို့တဲ့ ပို့ကုန်က တရုတ်ဘက်ကကြည့်ရင် မဖြစ်စလောက်ပါ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကုန်သွယ်ဖက် ဖြစ်နေချိန်မှာ မြန်မာ-တရုတ် ကုန်သွယ်ရေးက တစ်ကမ္ဘာလုံးနဲ့ တရုတ်ကုန်သွယ်ရေးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိပါတယ်။ လွယ်လွယ်ပြောရရင် မြန်မာနဲ့ ကုန်သွယ်ရေးက တရုတ်အတွက် အသေးအဖွဲပါ။ မြန်မာနဲ့ ကုန်မသွယ်ရလည်း အအိပ်အစားမပျက် တိုးတက်ပြီးရင်း တိုးတက်နေဦးမှာပဲ။ ဒါပေမဲ့ ဒီလိုအထက်စီးက နေနိုင်တဲ့ တရုတ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ဝေစုပိုရလာ၊ ပစ္စည်းပိုရောင်းရပြီး မြန်မာ ဘက်က ကုန်သွယ်ရေး လိုငွေပြမှု ကြီးသထက်ကြီးလာ ပါတယ်။ ရင်းနှီး မြှုပ်နှံမှုတွေဆိုလည်း ကောင်းပေ့၊ ညွန့်ပေ့ ဆိုတာတွေရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အောင်မြင်လည်း အောင်မြင်ပါတယ်။ ဟိုနည်း သည်နည်းသုံးတယ် ဘာညာဆိုတာ လူတင်ပါမှ နွားကျားကိုက်တာပါ။ တရုတ်ဘက်က ပစ္စည်းတွေကို မြန်မာနိုင်ငံဘက် သွင်းပြီး လာရောင်းတာ တရုတ်တွေချည်း မဟုတ်ပါဘူး၊ ခွင့်မပြုတဲ့ပစ္စည်းတွေ နယ်စပ်ကိုဖြတ်ပြီး ဝင်လာလို့ရတာ တရုတ်တွေကြောင့်ချည်း မဟုတ်ပါ။ ပြောချင်တာက မြန်မာနိုင်ငံဟာ တရုတ်စီးပွားရေး ထုထည်နဲ့ကြည့်ရင် တရုတ်အတွက် သိပ်ကြီးမက်စရာ မဟုတ်ပေမယ့် မြန်မာတွေဆီကရဖို့ ဘယ်လောက်ကြိုးစားတယ် ဆိုတာကိုပါ။ မြန်မာတွေဆီကတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေဆီက လည်း ဒီလိုပါပဲ။ အမေရိကန်၊ ဂျပန်၊ အာဖရိကနိုင်ငံတွေ အားလုံးဆီကလည်း တရုတ်က ဒီလိုပဲရနိုင်အောင်၊ ရောင်းနိုင်အောင် ကြိုးစားတာပါပဲ။

ဒါပေမဲ့ စီးပွားရေးနိမ့်ပါးတဲ့ မြန်မာနိုင်ငံကတော့ တရုတ်ဈေးကွက်ကို ဘာရောင်းရမလဲဆိုတာ ခုထက်ထိ အဖြေရှာလို့မရပါဘူး။ သဘာဝ သယံဇာတ ကျောက်စိမ်းကစလို့ ဖွတ်တို့၊ လိပ်တို့ အထိပဲ ခပ်လွယ်လွယ် ရောင်းနေကြတယ်။ ဒါတွေကုန်ရင် ဘာဆက်လုပ်မလဲလည်း စဉ်းစားထားပုံ မပေါ်ပါဘူး။ တရုတ်ဈေးကွက်ကို ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကသာ ခရီးသွားဟန်လွှဲ လေ့လာတာမျိုးလောက်ပဲ ရှိပြီး ကျွန်တော် သိသလောက် စနစ်တကျ လေ့လာတာမျိုး အားနည်းပါတယ်။ အစိုးရက ဦးဆောင်ပြီး ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းလို ဟာမျိုးက တွဲလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ တရုတ်ဈေးကွက်က လိုချင်တဲ့ ထုတ်ကုန်မျိုး မြန်မာမှာရှိသလား၊ ဒါမှမဟုတ် မြန်မာက ထုတ်လုပ် ပေးနိုင်သလား၊ တရုတ်စားသုံးသူ တွေရဲ့ စရိုက်လက္ခဏာတွေ ပြောင်းလဲနေသလား။ သူတို့တွေ ဘာတွေဝယ်သုံးနေကြလဲ၊ ဘာပစ္စည်းတွေ ရောင်းရလဲ စသည်ဖြင့်ပေါ့။ တရုတ်တွေ iPhone သုံးတာ များလာသလား၊ BMW ကားတွေ ပိုစီးလာကြသလား စတဲ့ မြန်မာတွေ မထုတ်လုပ်နိုင်တဲ့ အရာမျိုးတွေ သိဖို့လိုချင်မှ လိုမှာဖြစ်ပေမယ့် မြန်မာက ရောင်းနိုင်တဲ့ဟာမျိုး တရုတ်ဘက်က လိုချင်လာလား၊ ဒါမှမဟုတ် သွားရောင်းရင် ကြိုက်နိုင်လား ဒါတွေ လောက်တော့ သိဖို့လိုပါတယ်။ ခုတော့ ချမ်းသာတဲ့ တရုတ်က မြန်မာဆီက ဘာရမလဲ ကျားကုတ်ကျားခဲ လုပ်နေချိန်မှာ မြန်မာဘက်က တရုတ်ဆီက ဘာရအောင်လုပ်မလဲ ကြိုးစားပမ်းစားလုပ်တာ မတွေ့ရပါဘူး။ ပိုင်ရှင်က ဆိုင်ထိုင်ရင် လာဝယ်သူကို ငါက သူဌေး၊ နင့်ကို အောက်မကျို့နိုင်ဘူး။ မာရေကျောရေနဲ့ ရောင်းတာမျိုးကို "သူဌေးဈေးရောင်း" ဆိုပြီး မြန်မာတွေ ခေါ်ကြတဲ့ အဖြစ်မျိုး မြန်မာတွေ ရောက်မှန်းမသိ ရောက်နေကြတာပါ။ ဒါပေမဲ့ မြန်မာတွေက တရုတ်ပြည်ကို ဈေးရောင်းရာမှာ မချမ်းသာဘဲနဲ့ မာရေကျောရေ ဖြစ်နေတာကြောင့် "သူဌေးမဟုတ်ဘဲ သူဌေးဈေးရောင်း" လို့များ ခေါ်ရမလားမသိပါဘူး။

ဗီယက်နမ်ကို ခပ်ကျစ်ကျစ်လျစ်လျစ် ဆွေးနွေးပွဲတစ်ခု တက်ဖို့ ရောက်တုန်းက ဗီယက်နမ် ကော်ဖီဘုရင်လို့ တင်စားခံရတဲ့ သူနဲ့ အနီးကပ် တွေ့ခွင့်ရခဲ့ပါတယ်။ အသက်လေးဆယ်လောက်ပဲ ရှိသေးပြီး ခြေမဲ့လက်မဲ့ ဘဝကနေ အခု ကော်ဖီလုပ်ငန်းကြီးရှင် အဖြစ်နဲ့ ထိပ်တန်းရောက် အောင်မြင် နေတဲ့သူပါ။ ကမ္ဘာမှာ နာမည်ကြီး ကော်ဖီထုတ်လုပ်တဲ့ ဘရာဇီးက သမ္မတကတောင် သူ့ရဲ့ကော်ဖီကို သတိထားရမယ်လို့ အပြောခံရတဲ့သူပါ။ မိတ်ဆက် ညစာစားကြတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ဖြစ်သွားတာကြောင့် စကားကောင်းကောင်း ပြောခွင့်ရခဲ့တယ်။ သူက ဘာကို ဂုဏ်ယူဝံ့ကြွားသလဲ ဆိုတော့ တရုတ်ကို သူ့ကော်ဖီတွေ ရောင်းနေရပြီဆိုတဲ့အကြောင်းပါ။ တရုတ်က ဧရာမဈေးကွက်ကြီးတဲ့၊ တရုတ်ကို စဖောက်ဝင်နိုင်ပြီ ဆိုတော့ ဒီဈေးကွက် ကြီးကို သူဝေစုကြီးကြီးရအောင် လုပ်သွားမယ်တဲ့။ သူပြောနေတဲ့အချိန်မှာ သူ့ကိုကြည့်ရတာ ပျော်ရွှင်ကြည်နူးမှုတွေ၊ အားတက်တာတွေ ဖုံးလွှမ်းနေတာကို မြင်နေရတယ်။ တရုတ်ဈေးကွက်ကို စဖောက်နိုင်လို့ ဝမ်းသာနေတဲ့ ဗီယက်နမ် သူဌေးပါ။ အဲလိုမျိုး တရုတ်ဈေးကွက်ကို သဘာဝသယံဇာတ မဟုတ်တဲ့ ထုတ်ကုန်နဲ့ ဖောက်နိုင်လို့ ပျော်နေတဲ့ မြန်မာသူဌေးကို ကျွန်တော် မြင်ဖူးချင်ပါတယ်။

မြန်မာနိုင်ငံကို အကွက်အကွင်း လာလေ့လာတဲ့ ထိပ်တန်းရောက် အရှေ့ အာရှနိုင်ငံတစ်နိုင်ငံ (တရုတ်မဟုတ်ပါ) က ကိုယ်စားလှယ်တော် ပုဂ္ဂိုလ်ကြီး နဲ့ဆုံမိတော့ တရုတ်မှာ အလုပ်သမားခတွေ ဈေးကြီးလာလို့ သူတို့ရဲ့ တရုတ်က စက်ရုံတွေကို လုပ်အားခဈေးသက်သာတဲ့ မြန်မာနိုင်ငံကို ရွှေ့လို့ရ မရ လာကြည့်တာပါတဲ့။ အဲဒီစက်ရုံတွေ အတွဲလိုက် အစုလိုက် အပြုံလိုက်သာ မြန်မာနိုင်ငံကို ရောက်လာရင် မြန်မာတွေ အလုပ်အကိုင် သိန်းနဲ့ချီ ရမှာပါ။ တရုတ်နဲ့ မြန်မာနဲ့ ကွာဟချက်၊ မြန်မာက တရုတ်ထက် ဘယ်နေရာတွေမှာ သာသလဲဆိုတာ နိုင်ငံခြားသားတွေက လေ့လာနေကြပါပြီ။ မြန်မာတွေ ကရော မလေ့လာသင့်ဖူးလား၊ လေ့လာထားရင်လာပြီး အကွက်အကွင်း ကြည့်တဲ့ နိုင်ငံခြားသားတွေကို "မင်း တရုတ်မှာ မလုပ်နဲ့ ငါတို့ဆီလာလုပ်၊ ငါတို့က တရုတ်ထက် ဒီနေရာမှာ သာတယ်၊ မင်းတို့ ပိုကိုက်မယ်" ဒါမျိုးတွေ ကိုယ်ကစပြီး ချက်ကျလက်ကျ သူတို့ကျသွားအောင် ပြောနိုင်လိမ့်မယ်။

ပြောချင်တာကတော့ တရုတ်ကို အပြစ်တင်တာ လွယ်ပါတယ်။ အားရပါးရ လုပ်ပြီးကြပြီ။ "တရုတ်ဆီက ဘာတွေရမလဲ၊ တရုတ်ကို ဘာတွေ ရောင်းမလဲ" ကို စဉ်းစားတာ။ တကယ်လက်တွေ့ ဖြစ်လာအောင် လုပ်ရတာက ခက်ပါတယ်။ သိပ်လည်း မလုပ်ရသေးပါဘူး။ ဒါပေမဲ့ အဲဒီခက်တဲ့အပိုင်း ကိုပဲ အခုချက်ချင်း ထလုပ်ဖို့ အလိုအပ်ဆုံးလို့ ကြေညာမောင်းခတ်လိုတာပါ။

(မောင်စီးပွား) The Voice Weekly


အကြမ်းဖက်မှုများကြောင့် ရပ်နားထားရသည့် တက္ကသိုလ်စာမေးပွဲများ ပြန်စစ်မည်

Posted: 01 May 2013 05:02 AM PDT

လွန်ခဲ့တဲ့ လက အကြမ်းဖက် မီးရှို့ လူသတ်မှုတွေ ဖြစ်ပွားလို့ စာမေးပွဲစစ်ရာကနေ ရပ်နားထားရတဲ့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာန လက်အောက်က တက္ကသိုလ်တွေကို ပြန်ဖွင့်ပြီး စာမေးပွဲတွေ ဆက်စစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ် စာမေးပွဲတွေကို မေလ ၆ ရက်မှာ ပြန်လည်စစ်ဆေးဖို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဥက္ကံတွင် ဖြစ်ပွား၊ မွတ်ဆလင် ကျေးရွာသုံးရွာ မီးတင်ရှို့ခံရ (ရုပ်/သံ)

Posted: 01 May 2013 04:10 AM PDT

ရန်ကုန်မြို့မြောက်ပိုင်း ဥက္ကံမြို့နယ်ထဲမှာ ကိုရင်တစ်ပါးဆွမ်းခံကြွရာမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ တိုက်မိပြီး ဆွမ်းသပိတ်ကျကွဲခဲ့တဲ့ မတော်တဆမှုကို အကြောင်းပြပြီး ရာနဲ့ချီတဲ့ ဘာသာရေးအကြမ်းဖက်သူ လူအုပ်ကြီးဟာ ကျေးရွာ ၄ရွာကို ဧပြီ ၃ဝရက်နေ့ ညနေမှာ မီးတင်ရှို့ခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဥက္ကံ ပဋိပက္ခ ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရ ၊ သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးထား (ဖြစ်စဉ်အသေးစိတ်နှင့် သတင်းဓါတ်ပုံများကို အပြည်အစုံ ဖော်ပြထားပါတယ်။)

Posted: 01 May 2013 03:53 AM PDT

ဥက္ကံမြို့ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲ၊ ကျွန်ပုံတို့ မှ ပျဉ်ကာ ဓနီမိုး နေအိမ် ၇၇လုံ၊ မီးရှို့ခံရပြီး တင်ဝင်းပါမူဆလင်(၉)ဦးနှင့် ဗမာ (၁)ဦး တို့ ဒဏ်ရာ ရှိ၍ ဥက္ကံ ဆေးရုံး၊ တိုက်ကြီးဆေးရုံးနှင့် ရန်ကုန်ဆေးရုံး ကြီးတို့ တွင်ဆေးကုသမှုခံ ယူလျက်ရှိ ရာမှ ရန်ကုန်ဆေးရုံးကြီး ဦးနှောက်နှင့် အာရုံကြောဌာန တွင်ဆေး ကုသလျက်ရှိသော ဇော်နိုင်(ခ) ဇော်ဇော်ထွန်(၂၉) နှစ် ပနီပင်ရွာနေသူမှာ ယနေ့ နံနက် ၀၁း၀၀ အချိန်တွင် သေဆုံး သွား သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ













ပြင်ဦးလွင်တောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

Posted: 01 May 2013 03:03 AM PDT

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်က အသိမ်းခံထားရတဲ့ မြေယာတွေမှာ ပြဿနာတွေ မပြေလည်သေး ပေမယ့်လည်း  စိုက်ပျိုး ရာသီရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီမြေတွေမှာ တောင်သူ လယ်သမားတွေ ၀င်ရောက်ထွန်ယက် နေကြပါတယ်။ ပြင်ဦးလွင်မြို့ မြောက်ဘက် ၇ မိုင်အကွာ  ပင်လိန်အရှေ့နဲ့ ပင်လိန်အလယ် ရွာ ၂ ရွာက တောင်သူတွေဟာ အသိမ်းခံထားရတဲ့ မိမိတို့လယ်မြေတွေမှာ ဒီနေ့ မနက် ၉ နာရီကစပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မြန်မာရွှေ့ပြောင်းလုပ်သားတို့အတွက် မေဒေး

Posted: 01 May 2013 02:51 AM PDT

ယနေ့ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် (၁၂၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့နှင့် (၆၇) နှစ်မြောက် ထိုင်းနိုင်ငံအလုပ်သမားနေ့ အခမ်းအနားကိုချီတက်ပွဲများ၊ တောင်းဆိုမှုများဖြင့် စီစဉ်ကျင်းပကြမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ထိုင်းအလုပ်သမားများနှင့်အတူ ရာနှင့်ချီ သောမြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲကြချိန်တွင် နယ်စပ်မြို့များ၌လည်း ရွှေ့ပြောင်းအလုပ်သမားများက မိမိတို့ကိုယ်ပိုင် အစီအစဉ်များဖြင့် ကျင်းပကြ မည်ဖြစ်သည်။

အလုပ်သမားများ၏ ထိုင်းအစိုးရသို့ တင်သွင်းသည့် ယခုနှစ် တောင်းဆိုချက်တစ်ရပ်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပျံကျအလုပ်သမားများအရေး၊ အကာအကွယ်တိုးမြှင့်ပေးရေးတို့ပါရှိသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမားများဆိုင်ရာရုံး၏ စာရင်းများအရ လက်ရှိ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမား ၇၈၄၀၃၃ ဦးအနက် ၃၂၇၅၀၈ ဦးမှာ ၎င်းင်းတို့၏ စာရွက်စာတမ်းများရရှိရန် စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ ထို့အပြင် လူပေါင်း နှစ်သန်းခန့်သည်လည်း တရားမ၀င် အလုပ်သမားများအဖြစ် ကျန်ရှိနေသေးကြောင်းအင်န်ဂျီအိုများက ခန့်မှန်းထား သည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်း လုပ်အားစိုက်ထုတ်ရသောလုပ်ငန်များအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေကြရာ အထူးသဖြင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအကူအလုပ်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့အများစုမှာ နည်းပါးလှသောလုပ်ခလစာများသာရရှိကြပြီး လုပ်ငန်းခွင်အတွင်း အသုံးချ အမြတ်ထုတ်ခံနေရကာ လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်သော အခြေအနေဖန်တီးရန် စီစဉ်ရာတွင်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရ သည်။ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီး၏ ပဋိညာဉ်စာတမ်း ၈၇ နှင့် ၈၈ ကို ယခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးရန် ထိုင်းအစိုးရအား အလုပ်သမားများက တိုက်တွန်းနေကြသည်။ ယင်းတို့မှာ အလုပ်
သမားများ၏စည်းရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် တောင်းဆိုခွင့်စသည့်အခွင့်အရေးများကိုအကာအကွယ်ပေးထားသည်။ ယင်းအချက်များကို အလုပ်သမားများ၏အခြေခံအခွင့်အရေး ကာကွယ်ရန်အချက်များအဖြစ် အများကလက်ခံထားပြီး ထိုင်းနိုင်ငံကတော့ဤအချက်များကို သဘောတူညီ
ကြောင်း လက်မှတ်ရေးထိုးထား ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံကမူ ပဋိညာဉ်စာတမ်း ၈၇ ကို ၁၉၅၅ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင်လည်း အကျုံးဝင်နေဆဲဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများကို တည်ရှိဆဲသမဂ္ဂများသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း သမဂ္ဂအသစ်ဖွဲ့စည်းခွင့်ပြုမထားပေ။ သို့သော် ထိုင်းအလုပ်သမား ၄ ရာခိုင်နှုန်းမျှသာလျှင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနေ၍ ရွှေ့ပြောင်း အလုပ်သမားများအနေနှင့်အများအားဖြင့်ဘန်ကောက် မြို့တွင်သာ အခြေစိုက်သော အလုပ် သမားသမဂ္ဂသို့ ၀င်ရောက်ရန်မလွယ်ကူပါ။ နယ်စပ်မြို့များမှ မြန်မာအလုပ်သမားများကို အများအားဖြင့် ဘန်ကောက်မြို့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် သမဂအစည်းအဝေးများတက်ရောက်ရန် ခက်ခဲလှပေသည်။ ဘာသာစကားကလည်း နောက်ထပ်အခက်အခဲတစ်ခုဖြစ်နေသည်။ သို့သော် ဆယ်စုနှစ်ချီ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ကြသည့် မြန်မာအလုပ်သမား အများအပြားကတော့ ထိုင်းဘာသာကို ကျွမ်းကျွမ်းကျင်ကျင်ရှိ၏။

နယ်စပ်မြို့များရှိ မြန်မာအလုပ်သမားများက ၎င်းင်းတို့အမြတ် ထုတ်ခံနေရသော အခြေအနေကို ဖော်ထုတ်တုံ့ပြန်နိုင်ရေး စီစဉ်ကြိုးပမ်းကြသော်လည်း အခက်အခဲများစွာနှင့် တွေ့ကြုံနေကြရာအလုပ်ရှင်များက ၎င်းတို့၏နိုင်ငံကူးလက်မှတ်များနှင့်အလုပ်လုပ် ခွင့်ပါမစ်များကို သိမ်းယူထားခြင်းက အဓိကအချက်ဖြစ်ပြီး ဆန္ဒပြချိန်တွင် လူဝင်မှုအာဏာပိုင်များကို စာရွက်စာတမ်းမပြနိုင်သောကြောင့်လည်းဖြစ်သည်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရ၏။ ရှားပါးလှသည့် အောင်မြင်မှုထဲတွင် မဲဆောက်မြို့က M အ၀တ်အထည်စက်ရုံမှ အလုပ်သမားများပါဝင်သည်။ ၂၀၁၂ ခုနှစ်၊ ဇွန် ၅ရက်နေ့က အလုပ်သမား၃၂၃ဦး စုပေါင်း၍ အခြေခံအနိမ့်ဆုံးလစာရရှိရေး ကြိုးပမ်းကြရာအောင်မြင်မှုရရှိခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအောင်မြင်မှုက ကြာကြာမခံလိုက်ပါ။ ၂၀၁၃ခုနှစ်၊ မတ်လတွင် စက်ရုံက ကြိုတင်အကြောင်းကြား ကြေညာခြင်းမရှိဘဲ စက်ရုံကိုပိတ်ပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအခါ အလုပ်သမားငါး ရာက တစ်လစာနို့တစ်နှင့် နစ်နာကြေးတောင်းခံကြပြန်သည်။ အခက်အခဲပေါင်းများစွာ၊ ညှိနှိုင်းမှုပေါင်းများစွာတို့နောက်တွင် အ လုပ်သမားတစ်ဦးလျှင် ဘတ် ၄၈၀၀ စီ ခန့်ရရှိပြီး အလုပ်သစ် ရှာဖွေခဲ့ကြရပြန်သည်။ ထိုအခြေအနေက မဲဆောက်မြို့ အ၀တ်အထည်စက်ရုံအလုပ်သမားများ၏ အခြေအနေပင်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အခြားသော လုပ်ငန်းများနည်းတူ ဤစက်ရုံကလည်း အလုပ်သမားများကို အနိမ့်ဆုံးလစာအသစ်သတ်မှတ်ချက်ဖြစ်သည့် တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဆိုလျှင်ရပ်တည်လည် ပတ်၍မဖြစ်နိုင်ကြောင်း အကြောင်းပြပြောဆိုသည်။

နေ့စဉ်ကြေး ဘတ် ၃၀၀ သည် နေထိုင်ရေးအတွက် လုံလောက်မှုမရှိဘဲ အလုပ်သမားကိုယ် တိုင်နှင့် မှီခိုသူနှစ်ယောက်တို့အတွက် ဖူလုံသောဝင်ငွေကို အနိမ့်ဆုံးလစာအဖြစ် တွက်ချက်သတ်မှတ်ပေးရန် ထိုင်းအစိုးရကို ထိုင်းအလုပ်သမားများကတောင်းဆို နေသည်။ အမှန်စင်စစ် ထိုင်းနိုင်ငံသည် အနိမ့်ဆုံးလစာကို လွန်ခဲ့သော အနှစ် ၄၀ က ဥပဒေပြဋ္ဌာန်း သတ်မှတ်ခဲ့ရာ အစိုးရကိုယ်စား လှယ်၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် တို့က တွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြသည်။ အနိမ့်ဆုံးလစာဟူသည် အလုပ်သမားကိုယ်တိုင်နှင့် မှီခိုသူနှစ်ယောက်တို့ လူမှုဝန်းကျင်အတွင်း ကောင်းမွန်စွာနေထိုင် စားသောက်နိုင်သည့်နှုန်းကို သတ်မှတ်ရမည်ဟုဆိုခဲ့သည်။ သို့သော် သုံးနှစ်အကြာတွင် ထိုဥပဒေကို ပြန်လည်ပြုပြင်ခဲ့ရာ အနိမ့်ဆုံးလစာကို အလုပ်သမား တစ်ဦးတည်း ဖူလုံရုံအတွက်သာ တွက်ချက်ခဲ့ပြီး မိသားစုကို ပါဝင်ထည့်သွင်းခြင်းမပြုတော့ဘဲ ထိုပြုပြင်ပြဋ္ဌာန်းချက်ကသာ ယနေ့အထိ အတည်ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်ရေးဥပဒေများအရ မည်သည့်နိုင်ငံသားမဆို အလုပ်သမား အားလုံးပြဋ္ဌာန်းထားသော အနိမ့်ဆုံးလစာကိုခံစားခွင့်ရှိသည်။ သို့ရာတွင် ထိုအလုပ်သမားဥပဒေသည် တချို့အလုပ်မျိုးကို ထည့်သွင်းထားခြင်းမရှိဘဲ ယင်းအလုပ်အမျိုးအစားထဲတွင် စိုက်ပျိုးရေးနှင့် အိမ်ဖော်အလုပ်လည်း ပါဝင်နေသည်။ အချို့သတ်မှတ်ချက်အသစ်များဖြင့် အိမ်ဖော်အလုပ်သမားများကို အကာအကွယ်ပေးရေး ရည်ရွယ်ပြဋ္ဌာန်းသော်လည်း ယင်းမူဝါဒကို ပြောင်းလဲခြင်း မရှိခဲ့ခြင်းကြောင့် အိမ်ဖော်အလုပ်သမား ၄၈၆၀၀ တို့မှာ အခြေခံအနိမ့်ဆုံးလစာကို ခံစားခွင့်မရရှိကြပါ။ ၎င်းတို့သည် အလုပ်ရှင်များနှင့်သာ လစာကို ညှိနှိုင်းယူကြရသည်။ အိမ်ဖော်အလုပ်သမားအ များအပြားမှာ တရားလွန်နည်းပါးလှသောလစာကိုသာ ရရှိကြသည်။

ပြည်တွင်းပြည်ပ အလုပ်သမားအားလုံးအတွက် အထူးစိုးရိမ်စရာ မှာ အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိရာ နာပလာဇာအဆောက်အအုံပြိုကျခဲ့သဖြင့် အ၀တ်အထည်ချုပ်အလုပ်သမား ၃၈၀ သေဆုံးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ မီးလောင် မှုကြောင့်လည်း တာဇ်ရင်း ဖက်ရှင်စက်ရုံမှ အမျိုးသမီးအလုပ် သမားတစ်ရာကျော် သေဆုံးခဲ့ရ သည်ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံရှိ စက်ရုံလုပ်သားများလည်း စိုးရိမ် ကြောင့်ကြကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ အလုပ်သမားနေ့တိုင်းတွင် အရေးပါသော အစီအစဉ်တစ်ရပ် ထည့်သွင်းထားသည်။ ယင်းအစီအစဉ်မှာ ၁၉၉၃ ခုနှစ်က နခုံပသွန် အရပ်ရှိ ကေဒါအရုပ်စက်ရုံ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြသည့် အမျိုးသမီးအများစုပါဝင်သည့် အလုပ်သမား ၁၈၈ ဦးကို အမှတ်တရပြုသည့် အခမ်းအနားပင်ဖြစ်သည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေကြသောစက်ရုံများမှာ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွင် ရှိဆဲ ဖြစ်သည်ကိုမူ ၀မ်းနည်းဖွယ်ရာ တွေ့နေရသေးသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော မက်ပ်ဖောင်ဒေးရှင်း၏ ပုံမှန်အခွင့်အရေးဟု အမည်ပေးထားသည့် လေ့လာသုံးသပ်ချက်တစ်ရပ်တွင် ထိုင်းနိုင်ငံရောက် မှတ်ပုံတင်ထားသူနှင့် မတင်ထားသူ မြန်မာအလုပ်သမား ၄၉၃ ဦး၏ နေထိုင်မှုနှင့် လုပ်ငန်းခွင်အခြေအနေကို နှိုင်းယှဉ်သုံးသပ် ထားရာ ထက်ဝက်ကျော်၏ အလုပ်ခွင်တွင် မီးသတ်ဘူးမထားရှိဘဲ အလုပ်သမားများ၏ သုံးပုံတစ်ပုံအောက်၌သာ စက်ရုံတွင်မီးလောင်လျှင်မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို သင်ကြားပေးကြောင်း ပြောဆို သည်။

Clean Cloth Campaignကဲ့သို့သော နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့က ဘင်္ဂလားဒေ့ရှ်ဖြစ်ရပ်အပြီးတွင် နိုင်ငံတကာကုမ္ပဏီများကို ၎င်းတို့၏ ကုန်များထုတ်လုပ်ရာ ပြည်ပစက်ရုံများ၌ နိုင်ငံတော် နှင့် နိုင်ငံတကာအဆင့်နှင့်အညီ မီးဘေးကာကွယ်ရေးနှင့် လုံခြုံမှုရှိရေးတို့ကို စီစဉ်ရန်အတွက် ချက်ချင်းရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း လိုက်သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက်မူ စိုးရိမ်စရာအချက် များပြားလှရာ အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် မည်သည့်နေရာမှ စရမည်ကိုပင်မသိနိုင်အောင်ဖြစ်ရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့စဉ်ကတစ်နေ့ ၈ နာရီ အလုပ်ချိန်သတ်မှတ်ရေး တောင်းဆိုခဲ့ကြသည်။ ၈ နာရီလုပ်၊ ၈ နာရီအိပ်၊ ၈ နာရီ အပန်းဖြေဟူ၍ဖြစ်သည်။

တစ်နေ့လျှင် ၁၀ နာရီကျော် အ လုပ်လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်မူလွန်ခဲ့သည့် ၁၂၃နှစ်က ထိုတောင်းဆိုချက်များ ဖြစ်မလာသေးပါ။ အလုပ်သမားများ အခွင့်အရေးတိုက်ပွဲသည် ကြမ်းတမ်းခက်ခဲနေဆဲဖြစ်ပါသည်။ သို့သော်လည်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ် သမားများသည် ၎င်းတို့၏ ထိုင်း ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းလက်တွဲကာ မေလ ၁ ရက် နေ့၏ ကြွေးကြော်သံဖြစ်သည့် ကမ္ဘာ့အလုပ်သမားများ ညီညွတ်ကြဟူသည့် ဆောင်ပုဒ်အောက်တွင် ယင်းတိုက်ပွဲကို ဆက်လက်ဆင်နွဲနေမည်သာဖြစ်သည်။

(Jackie Pollock သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများကို ပံ့ပိုးပေးနေသည့် MAP Foundation ခေါ် ထိုင်းအခြေစိုက် အင်န်ဂျီအိုကို ထူထောင်သူလည်းဖြစ်ပါသည်။ ၁၉၉၂ခုနှစ်ကစပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးအတွက် စည်းရုံးဆော်သြ နေသူဖြစ်ပြီး Mekong Migra-tion Network ကိုပါဝင်ထူထောင်သူလည်း ဖြစ်ပါသည်။ ၎င်း၏ မူရင်းဆောင်းပါးကို ခင်မေဇော်ကဘာသာမှ ပြန်ဆိုထားပါသည်။)

 7Day News Journal


မွန်ဂိုလီးယားက ဒီမိုကရေစီ ညီလာခံကို အမေရိကန် အားရ

Posted: 30 Apr 2013 10:37 PM PDT

မွန်ဂိုလီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ၀န်ကြီးများအဆင့် ညီလာခံဟာ အကျိုးရလဒ်တွေ အများအပြားရရှိခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Community of Democracies (CD) လို့ ခေါ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ရဲ့ ၀န်ကြီးများအဆင့် ညီလာခံ ကို (၂) နှစ် တစ်ကြိမ် ကျင်းပနေရာမှာ ဒီနှစ် အတွက် အလှည့်ကျဥက္ကဌ အဖြစ်တာဝန်ယူတဲ့ မွန်ဂိုလီးယားနိုင်ငံ ရဲ့ မြို့တော် အူလန်းဘာတာ မြို့မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အနေ့အထိကျင်းပခဲ့ပါတယ်။

ဒီညီလာခံကို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး နိုဘဲဆုရှင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ယီမင်နိုင်ငံသူ တာဝပ် ကော ကာမာ တို့အပါအ၀င် နိုင်ငံပေါင်း (၁၁၀) ၀န်းကျင်က ကိုယ်စားလှယ်တွေ နဲ့အတူ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဘန်းစ်လည်း တက်ရောက်ခဲ့ပါတယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။

ညီလာခံမှာ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ တိုးတက်ခိုင်မာရေးအတွက် ဘယ်လိုဘယ်ပုံ ကူညီပံ့ပိုးပေးကြမလဲ ဆိုတာ ဆန်းစစ်ခဲ့ကြပါတယ်။

ပွင့်လင်းတဲ့အစိုးရ၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ အမျိုးသမီး နဲ့ဒီမိုကရေစီ၊ အရပ်ဘက်အဖွဲ့အစည်းတွေအတွက်အန္တရာယ်များ စတဲ့ အကြောင်းအရာတွေ အပြင်၊ ဒီမိုကရေစီ ပညာပေးလုပ်ငန်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ အာရပ်နွေဦး ရဲ့ သင်္ခန်းစာတွေနဲ့ ပြဿနာ တွေ၊ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှစ်ဖြစ်တဲ့ ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ ရဲ့နေရာ၊ အင်တာနက် နဲ့ ပုံနှိပ် မီဒီယာ စတဲ့ အမျိုးအမည် စုံလင်လှတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဒါ့ပြင် ဒီနှစ် ညီလာခံဟာ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီ တိုးတက်ရေး နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမို အားကောင်း လာရေး အတွက် မှတ်တိုင်သစ်တစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ကြောင်း လည်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

RFA Burmese


အပူဒဏ်ကြောင့် ငါးနှင့်ကြက်များသေဆုံး

Posted: 30 Apr 2013 10:26 PM PDT

အပူရှိန် မြင့်မား နေသော ကြောင့် ရေတာ ရှည်နှင့် မြင်းခြံမြို့တို့တွင် မွေးမြူရေးငါးနှင့် ကြက်အချို့ သေဆုံးမှုများ ရှိနေကြောင်း ဒေသခံ မွေးမြူရေး လုပ်ငန်း ရှင်များထံမှ သတင်း ရရှိသည်။

ပဲခူးတိုင်း ဒေသကြီး ရေတာ ရှည်မြို့နယ် ဇီးဖြူကုန်း ကျေးရွာရှိ ငါးမွေးကန်များတွင် ဧပြီ တတိယပတ်မှ စတင်၍ တစ်ပိဿာခန့်ရှိ ငါးကြီးများ နေ့စဉ် သေဆုံးနေပြီး တစ်နေ့လျှင် ပိဿာ ၃၀ ခန့်အထိရှိရာ ငွေကြေးအနေဖြင့် နေ့စဉ်ကျပ်တစ်သိန်း ခွဲခန့် ဆုံးရှုံးမှု ရှိကြောင်း ဒေသခံ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးအောင်စိုးကပြောသည်။

အလယ်ပိုင်းဒေသ မြင်းခြံမြို့ရှိ ကြက်ခြံအချို့တွင်လည်း အပူချိန်မြင့်တက်၍ ရုတ်တရက်သေဆုံးသောရောဂါ (Heat Stroke) ဖြင့် ကြက်အချို့သေဆုံးမှုဖြစ်နေပြီး နေ့လယ်ဘက်တွင် ကြက်ခြံများပေါ်သို့ ရေမောင်းတင်၍ အပူဒဏ်
သက်သာရန် ပြုလုပ်ပေးနေရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော ဦးအုန်းလှိုင်က ပြောသည်။

"ဒီရက်ပိုင်း တရုတ်က ကြက်တုပ်ကွေး ကောလာဟလကြောင့် ကြက်သားဈေးရော၊ ကြက်ဥဈေးပါ ကျတယ်။ မီးမလာလို့ ရေမောင်းတင်ရပြန်တော့လည်း ကုန်ကျစရိတ်တွေ ပိုများတယ်။ ၂၀၁၀ တုန်းကလို တစ်ခြံလုံး ဆုံးရှုံးမှုမဖြစ် ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်" ဟု ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ်က အိမ်နီးချင်း နိုင်ငံများမှ ပျံ့နှံ့လာသော ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် H5N1 ကို မြင်းခြံမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် စတင်တွေ့ရှိခဲ့သောကြောင့် အဆိုပါခြံမှ ကြက်များအားလုံးကို မြေမြှုပ်ရှင်းလင်းပစ်ရသော ဖြစ်စဉ်ရှိခဲ့ဖူးသည်။

"အပူချိန်အရမ်းမြင့်လာပြီဆိုရင် လျှော့ချနိုင်တဲ့ နည်းလမ်းကတော့ ပတ်ဝန်းကျင်ကနေ ဖန်တီးပေးရမှာပါ။ အရိပ်ရဖို့နဲ့ လေ၀င် လေထွက်ကောင်းအောင် ဂရုစိုက်နိုင်ပါမှ ဆုံးရှုံးမှုနည်းမှာပါ" ဟု တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြင်းခြံမြို့နယ် ဦးစီးအရာရှိကပြောသည်။

7Day News Journal


ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ

Posted: 30 Apr 2013 10:27 PM PDT

ရန်ကုန်၊ ဧပြီ- ၂၉

မြန်မာနိုင်ငံတွင် လာမည့် ဇွန်လ၂၇ ရက်၌ ဆန်ခါတင် ရွေးချယ်ထားသော မိုဘိုင်းဖုန်းကုမ္ပဏီ ၁၂ ခုထဲမှ နှစ်ခုကို လုပ်ပိုင်ခွင့်အတွက် ရွေးချယ်တော့မည် ဖြစ်ပါသည်။

ထူးခြားမှု တစ်ခုမှာ မကြီးမား လှသော ဆဲလ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel Group Ltd သည်လည်း ကုမ္ပဏီကြီးများနှင့် အပြိုင် လေလံဆွဲနိုင်မည့် ဆန်ခါ တင်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဆဲလ်ဖုန်း သုံးစွဲသူအရေအတွက် စာရင်းတွင် အဆင့် ၆၅ သာ ပေါက်နေသည့် ကုမ္ပဏီငယ်တစ်ခုအတွက် ကုမ္ပဏီကြီးများနှင့်အပြိုင် လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်စေရန် Digicel သည် ၂၀၀၉ ခုနှစ်
ကတည်းက မြန်မာနိုင်ငံကို လေ့လာခဲ့ပြီး ၂၀၁၂ နှစ်ဆန်းကပင် စတင်ဝင်ရောက်ခဲ့သည်။

Digicel ၏ ဗျူဟာမှာ ၎င်းဝင်ရောက်လိုသည့် နိုင်ငံအတွင်း ကြိုတင်ရင်းနှီးမှုရယူခြင်းဖြစ်သည်။ Digicel သည် မြန်မာနိုင်ငံထဲသို့ စောလျင်စွာ ခြေစုံပစ်ဝင်ရောက်ရာတွင် ၀န်ထမ်းများကို ငှားရမ်းနေခဲ့ရုံသာမက ပြည်တွင်းအားကစားပွဲများကို ရန်ပုံငွေထောက်ပံ့ခြင်း၊ ဆဲလ်တာ ၀ါတိုင်စိုက်ထူမည့် ဒေသများအတွက် မြေနေရာငှားရမ်းရေး အကြိုညှိနှိုင်းမှုများ ပြုလုပ်နေပြီး လက်ကားရောင်းချမည့် စီးပွားဖက်များနှင့်လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးနေပြီဖြစ်ကြောင်း စင်ကာပူမှလာသော ရိုက်တာသတင်းတွင် ဖော်ပြသည်။

Digicel Group Ltd ၏ စီးပွားရေးဗျူဟာ အလုပ်ဖြစ်၊ မဖြစ် မသိရသေးသော်လည်း ကာရီဘီယန်နှင့် ပစိဖိတ်ကျွန်းစုတစ်ဝိုက် ပြင်ပတွင် လူသိနည်းသော Digicel သည် သာမန်အားဖြင့် သတိနှင့် ရင်းနှီးမြှုပ်နှံလေ့ရှိသည့် ဆက်သွယ်ရေးလုပ်ငန်းလောကကို အတော်လေး လှုပ်ခါသွားစေခဲ့သည်။

ကုမ္ပဏီကြီးများသည် Digicel ကို လျှော့မတွက်သင့်ကြောင်း အာရှဆက်သွယ်ရေးလုပ်ငန်းများတွင် ၂၅ နှစ်ကျော် အကြံပေး လုပ်ကိုင်နေသည့် ဟောင်ကောင်အခြေစိုက် စီးပွားရေး အကြံပေး ရော်ဂျာဘာလိုက မှတ်ချက်ချပြောဆို သည်။

Digicel ကုမ္ပဏီသည် ဈေးကွက်များကို ကြိုတင်ဝင်ရောက် ရင်းနှီးသည့်နည်းအားဖြင့် ဒေသခံများကို ၎င်းတို့၏ ကုမ္ပဏီအမည်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်လေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း မြန်မာအစိုးရက တင်ဒါခေါ်ယူရန်
ပြင်ဆင်နေစဉ်မှာပင် Digicel က မြန်မာပြည်တွင်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေခဲ့သည်။

စီးပွားရေးလောကအတွင်း အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၀င်ရောက်သော်လည်း အလုပ်မဖြစ်ခဲ့လျှင်မူ ပြန်လည်ဆုတ်ခွာသောသာဓက ရှိခဲ့ဖူးသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် Digicel ကုမ္ပဏီလိုင်စင်ရခဲ့စဉ်က
ကုမ္ပဏီ တစ်ခုတည်းထားရန်အကြံပြုချက်ကို ကမ္ဘောဒီးယားအစိုးရက လက်မခံဘဲ လိုင်စင်နှစ်ခုချပေးခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေမကိုက်သောကြောင့် ရရှိပြီး လိုင်စင်ကိုပြန်အပ်ခဲ့ဖူးသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ကမ္ဘာ့မိုဘိုင်းဖုန်းအနည်းဆုံးနိုင်ငံဖြစ်နေသဖြင့် သန်း ၆၀ သော လူထုဈေးကွက်က ဆဲလ်ဖုန်းဈေးကွက်များအတွက် အလားအလာကြီးမားသော ဈေးကွက်ဖြစ်နေသည်။ တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ၄ ရာခိုင်နှုန်းသာရှိသော မိုဘိုင်းဖုန်းကို မြန်မာအစိုးရက လာမည့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုနေသည်။

လက်ရှိဆန်ခါတင်ကုမ္ပဏီ ၁၂ ခု စာရင်းတွင် Digicel အပါအ၀င် Vodafonel China Mobile Ldt Telenor ASA တို့နှင့် အခြား ကုမ္ပဏီကြီးများ ပါဝင်သော်လည်း အချို့ကုမ္ပဏီကြီးများဖြစ်သည့် တောင်ကိုရီးယား SK Telecom Co Ltd နှင့် အီဂျစ်မှ Orascom telecom Holding SAE တို့ မှာမူ ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့ကြပေ။

Digicel ကုမ္ပဏီသည် အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ပိုင်သည့် Quantum Strategic Partners နှင့် မြန်မာပိုင် Yoma Stategic Holdings တို့နှင့် ပူးပေါင်းပြီး လိုင်စင်လျှောက်ထားခဲ့သည်။

7Day News Journal


ကျောင်းကောင်စီများ ပြန်လည်ဖွဲ့စည်းမည်

Posted: 30 Apr 2013 10:18 PM PDT

ရန်ကုန်၊ ဧပြီ-၂၅

အခြေခံပညာကျောင်းများတွင် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊
အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီများကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျောင်းကောင်စီအတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင်များကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒနှင့် ရွေးချယ်သွားရမည်ဖြစ်သည်။

"ကျောင်းကောင်စီမှာ အတွင်းရေးမှူးတို့ အသင်း (၅)သင်း ခေါင်းဆောင်တို့ ကျောင်းသား ကိုယ်စားလှယ်တွေရှိလာမယ်။ ဒီစနစ်ကို ပြန်ပြီးတော့ အားဖြည့်တာပါ။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေရဲ့ လှုပ်ရှားမှုက သိပ်ပြီးအသက်မ၀င်ခဲ့ဘူး။ အခုက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းလာအောင် ဆောင်ရွက်တာပါ" ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်သလို အလောင်းဘုရား၊ ဘုရင့်နောင်၊ ကျန်စစ်သား၊ ဗန္ဓုလနှင့် အနော်ရထာ အသင်း(၅)သင်းကို အားကောင်းမောင်းသန်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့တုန်းကတော့ အသင်းလေးသင်းရှိခဲ့တယ်။ အခုက အနော်ရထာအသင်း ထပ်တိုးတာပေါ့။ အသင်းတွေက ဖွဲ့ထားပေမယ့် လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အသင်းဝင်ပြီး နာမည်ကပ်ထားရုံ သပ်သပ်ပဲရှိခဲ့တာပါ။ အခု လှုပ်ရှားမှုကောင်းကောင်းနဲ့ ဖွဲ့စည်းဆောင်ရွက်မယ်ဆိုရင် ၀မ်းသာစရာပါ။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တဲ့ဓလေ့လေးတွေ ပြန်ရလာတာပေါ့" ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အခြေခံပညာကျောင်းများတွင် ယခင်က အသင်းလေးသင်း ဖွဲ့စည်း၍ ကျောင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုတို့တွင် အပြိုင်အဆိုင်ဖြင့် လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် စာမေးပွဲစနစ် အခြေခံသော ပညာရေးစနစ်ကြောင့် အသင်းဖွဲ့စည်းမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ အားနည်းသွားခဲ့ကြခြင်းဖြစ်သည်။

7Day News Journal


အင်လေးကန်စပ်တွင် မြေဖို့သော ဟိုတယ်ကို တားမြစ်

Posted: 30 Apr 2013 10:16 PM PDT

ရန်ကုန်၊ ဧပြီ-၂၅

အင်းလေးကန်စပ်တွင် ကန်မြေဖို့နေခြင်းအား ရပ်ဆိုင်းထားရန် ရွှေဟင်္သာဟိုတယ်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဧပြီ ၂၅ ရက်တွင် ရုံးတွင်းအကြောင်းကြားစာပို့ကာ တားမြစ်ခဲ့ကြောင်း ညောင်ရွှေမြို့နယ်အုပ်ချုပ်မှူးရေးရုံးမှ သတင်းရရှိသည်။

အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကန်ရေပြင် မကျဉ်းမြောင်းရန်အတွက် လူကြီးမင်းတို့၏ ဟိုတယ်မှ မြေဖို့ဆောင်ရွက်နေခြင်းကို ချက်ချင်းရပ်ဆိုင်းထားရန် အကြောင်းကြားပါကြောင်း ဟိုတယ်ပိုင်ရှင်ဦးလှရွှေအား လိပ်မူပြီး လွဲစာများကို မြို့နယ် အာဏာပိုင်များမှတစ်ဆင့် အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးအပါအ၀င် သက်ဆိုင်သည့် ဌာနဆိုင်ရာများကို အကြောင်းကြားစာ ပို့ထားကြောင်း ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

"အုပ်ချုပ်ရေးဘက်က တိုင်စာပို့ထားလို့ ယာယီတားတာပါ" ဟု ညောင်ရွှေအုပ်ချုပ်ရေးမှူးက ပြောသည်။ ရွှေဟင်္သာဟိုတယ် အသစ်တည်ဆောက်ရေးအတွက် ယခု မြေဖို့နေသော နေရာသည် မိုးရာသီတွင် ကန်ရေပြင်ဖြစ်ပြီး နွေရာသီတွင် ကန်စပ်ဖြစ်ပေါ်လျက်ရှိသည်။ မြေဖို့နေခြင်းမှာ အချိန်ကြာမြင့်နေပြီး ဒေသခံ အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်သည် ဌာနဆိုင်ရာ ရှစ်ခုကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက်တစ်ပတ်အတွင်း ထိုစာထွက်ပေါ်လာခြင်းဖြစ်သည်။

"ဟိုတယ်ခရီးဝန်ကြီး လာတုန်းက မြေမဖို့ဖို့ ပြောသွားတယ်။ ဒါပေမဲ့လည်း ဖို့နေတော့ ဌာနဆိုင်ရာကနေတစ်ဆင့် အကြောင်းကြားစာပို့တာပါ။ မလိုက်နာဘူးဆိုရင် ဆန္ဒပြဖော်ထုတ်ဖို့ စိတ်ကူးထားတယ်။ သူတို့ အဲဒီလိုမျိုးလုပ်
နေကြရင် အင်းသားတွေက ကန်ထိန်းသိမ်းဖို့ကြတော့ ငါတို့ကိုကျတော့ပြောနေပြီး သူတို့ထင်သလို လုပ်နေတယ်လို့ မြင်ကြလိမ့်မယ်" ဟု အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဖြစ်သူကပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ကန်မြေဖို့နေခြင်းနှင့်ပတ်သက်ပြီး ဟိုတယ်ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှုတ်စကားဖြင့် ကန်ထိခိုက်မည့် လုပ်ရပ်များ မလုပ်ကြရန် ပြောကြားခဲ့သော်လည်း ကန်မြေဖို့မှုကို ရပ်ဆိုင်းထားခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

7Day News Journal


မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ

Posted: 30 Apr 2013 10:11 PM PDT

ဝမ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာ အကြမ်းဖက်မှုမှာ သံဃာတပါး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့အတွက် မေလ ၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွဲဆိုခံထားရသူ ၃ ဦးနဲ့ ပတ်သက်လို့လည်း တရားခံတွေဘက်ကနေ ခရိုင်တရားရုံးကို အယူခံတင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင်းက အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ၀မ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာအုပ်စုက ဦးဇင်း ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့်ကိစ္စ နှစ်ဘက် တရားလို တရားခံရှေ့နေတွေက လျှောက်လဲချက် ပေးပြီးနောက် ဆုံးဖြတ်ချက်ချရမယ့်နေ့မှာပဲ တရားရုံးက သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွပ်စွဲခံရသူ ၃ ဦးနဲ့ပတ်သက်လို့လည်း တရားခံတွေဘက်က ခရိုင်တရားရုံးကို အယူခံ တင်မယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် သေဆုံးမှုမှာ သံဃာတပါးဖြစ်တဲ့ ဦးသောဘိတ ဟာ ပျံလွန်တော် မူခဲ့တာပါ။ သံဃာတော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ၁၁ ဦးကတော့ အများစုက သီရိမင်္ဂလာ ရပ်ကွက်သားတွေ ဖြစ်ကြပါတယ်။

မျက်မြင်သက်သေတွေအပါအ၀င် လူ ၄၀ ခန့် သက်သေတွေကို စစ်ချက်ယူပြီးတဲ့နောက်မှာတော့ မိတ္ထီလာခရိုင် တရားရုံးက စွဲချက် တင်သင့် မတင်သင့် ပြန်ပြီး သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ကြောင်း တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

"မိတ္ထီလာခရိုင် တရားသူကြီးက မေတ္တာရပ်ခံပါတယ်။ အမှုကို သူ နှစ်ခေါက် ဖတ်ပြီးပါပြီ။ သက်သေက ၃၉ ယောက်ပါတယ်ဗျ။ ၃၉ ယောက်ပါတဲ့အခါကျတော့ အမှုနဲ့ပတ်သက်ပြီးတော့ နစ်နာမှာစိုးလို့၊ တရားရုံးက ဒါ ကျနော်တို့ အမှန်အတိုင်း ပြောရမှာပါ။ မိတ္ထီလာခရိုင် တရားရုံးက အတော်လေးကို တရားမျှတမှုရှိပါတယ်။ ဥပဒေနဲ့အညီ ကျနော်တို့ အခွင့်အရေး အကုန်လုံးလည်း ရပါတယ်။ ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်။"

"ဘယ်သူမှ မလိုက်ဝံ့၊ မလိုက်နိုင်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်က မေတ္တာရပ်ခံပြီးတော့ အဲ့ဒီမေတ္တာရပ်ခံချက်အရ ကျနော်တို့ အားလုံး ပါတဲ့ရှေ့နေအားလုံး ၀င်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အမှန်တရား ဖော်ထုတ်ဖို့အတွက်ပေါ့နော်။ တရားခံအစစ်က ဘယ်သူလဲ။ ဥပဒေနဲ့အညီ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါ တရားစီရင် ဆောင်ရွက်တာဟာ တရားမျှတမှု ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ၀မ်းသာတာပါ။ ဒါပေမဲ့ တရားရုံးကတော့ ကျနော်တို့ မျှော်လင့်ထားတာထက်ကို ကောင်းနေပါသေးတယ်။"

ပြီးခဲ့တဲ့ဧပြီလ ပထမအပတ်ထဲမှာပဲ မိတ္ထီလာ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ နေရာအဖြစ် စွပ်စွဲခံရတဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမား ၁ ဦးကိုတော့ မိတ္ထီလာမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။ ဒီအတွက် တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်ကတော့ ခရိုင်တရားရုံးအထိ အယူခံ ဆက်တက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

"အယူခံဆက်တက်မယ်ပြောပါတယ်။ မိတ္ထီလာခရိုင်ကို ပြန်ပြီးတော့ အယူခံ တက်ရမှာပေါ့နော်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိ - မရှိရယ်၊ နောက်တခုက ဥပဒေနဲ့ ကိုက်ညီမှု ရှိ - မရှိရယ် သူတို့က အယူခံ ဆက်တက်ပါမယ်။ ၁၄ နှစ်ကတော့ နည်းနည်း များတယ်ပေါ့နော် ပြစ်ဒဏ်က။ ပုဒ်မ ၃၈၂ ဆိုရင် ဒါ အငြင်းပွားဖွယ် ဖြစ်တာပေါ့ဗျာ။ တရားရုံးကတော့ သူ့ရဲ့ စီရင်ပိုင်ခွင့်အရ ချတာ။ ကျနော်တို့က ဥပဒေလမ်းကြောင်း အရပဲ အယူခံ ၀င်ရောက်ဖို့ ရှိပါတယ်။ ကာယကံရှင်တွေကတော့ မိတ္ထီလာခရိုင်ကို အယူခံ ဆက်ဝင်မယ်လို့လည်း ကြားပါတယ်။"

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြသလို သောင်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မိတ္ထီလာအကျဉ်းထောင်ထဲမှာ မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ လူ ၇၀ ကျော်ကို ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ပုဒ်မ ၃၀၂  လူသတ်မှု အပါအ၀င် ပုဒ်မ ၈ခုနဲ့ စွပ်စွဲထားပြီး မကြာခင်မှာ ရုံးတင်စစ်ဆေးဖို့တွေ ရှိနေပါတယ်။

မအေးအေးမာ (ဗွီအိုအေ)

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

Posted: 30 Apr 2013 10:09 PM PDT

မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။

မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။"

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။

"နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။"

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။

"မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။"

အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။

ကိုသားညွန့်ဦး (ဗွီအိုအေ)


အငြင်းပွားဖွယ်ပါတီရန်ပုံငွေရှာဖွေခြင်းကိစ္စကို ဦးဥာဏ်ဝင်း နဲ့ ဦးသိန်းညွန့်ဆွေးနွေး

Posted: 30 Apr 2013 10:07 PM PDT

ဧပြီလ၂၆ ရက်နေ့က နေပြည်တော် တိုင်းဒေသကြီးပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး၌ ကျင်းပသော ၂၀၁၅ အကြိုညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲတွင် ရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များက အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ ဆွေးနွေး သည့်အချက်ငါးချက်တွင်နိုင်ငံရေးပါတီများ ငွေရေးကြေးရေးသုံးစွဲခြင်းသည် အငြင်း ပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ပါဝင်ကြောင်းသိရှိရသည်။ အဆိုပါ အငြင်း ပွားဖွယ်ရာ ကိစ္စများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲရယူခြင်း၊ နိုင်ငံခြားအထောက်အပံ့ ငွေကြေးများရယူသုံးစွဲခြင်း ကိစ္စရပ်များ တွင် မည်သည့်အချက်များအားရယူ သုံးစွဲသင့်၊ မသင့်အပေါ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီ ပါတီ သစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ လင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ် ၀င်းက""ကျွန်တော်တို့ ဘဏ္ဍာငွေရယူသုံး စွဲခြင်းနဲ့ ပတ်သက်ပြီးတော့ ပါတီရန်ပုံ ငွေဟာ ဥပဒေအတိုင်း ရယူသုံးစွဲခဲ့ပါ တယ်။ အထူးသဖြင့် နိုင်ငံခြားက လှူ ဒါန်းငွေ (သို့)ထောက်ပံ့ငွေရယူခြင်းလို့ ပြောလာကြတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့နိုင်ငံရေးပါတီတွေမှာ ဆက် စပ်နေတဲ့လူမှုရေးအဖွဲ့အစည်းတွေ ရှိပါ တယ်။ အဲဒီလူမှုရေးအဖွဲ့အစည်းတွေက မိမိဖာသာမိမိ လူမှုရေး လုပ်ငန်းတွေ လုပ်ကြတယ်။ မိမိဖာသာမိမိ ရန်ပုံငွေ ရှာတယ်။ အထူးသဖြင့် ဒါမျိုးတွေရှိကြ ပါတယ်။ နာဂစ်လိုကိစ္စမျိုးတွေမှာ လူတွေ က သိပ်ဒုက္ခရောက်တယ်။ ထောက်ပံ့ဖို့ လိုတယ်။ စားဖို့လိုတယ်။ ရေမရှိဘူး၊ ဘာ လုပ်ရလဲဆိုတော့ ရန်ပုံငွေရှာတယ်။ ဒီရှာ တဲ့ငွေဟာ ပါတီရန်ပုံငွေလည်းမဟုတ်ဘူး။ ပါတီက ရယူသွယ်ဝိုက်တဲ့ရန်ပုံငွေလည်း မဟုတ်ဘူး။ အဲဒီဟာနဲ့ ပတ်သက်ပြီး တကယ့်အရေးကြီးတဲ့ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေး ပါတီတွေက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရုံပဲ ရှိတော့တယ်။ ထိုင် ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ လူသား ချင်းစာနာပြီး လုပ်ရမှာဖြစ်တယ်။

ကျွန် တော်တို့ပါတီတိုင်းဟာ ဘဏ္ဍာငွေရှာဖွေ ရေးကို ဘယ်လိုပုံစံနဲ့ လုပ်လုပ် ဘဏ္ဍာ ငွေကို စနစ်တကျ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းရှိတယ်။ စာရင်းကျွမ်းကျင်တဲ့ လူတွေရဲ့ စနစ်တကျစီမံခန့်ခွဲနိုင်မှုအောက် မှာထားတယ်။ ကိစ္စတစ်ခုဖြစ်တိုင်း ဖြစ် တိုင်း ကျွန်တော်တို့ဘဏ္ဍာငွေကို ကြည့် ရမှာဖြစ်တယ်။ အောက်ခြေထိ ကြည့် နေရပါတယ်။ စာရင်းအင်းတတ်တဲ့လူ ခေါ်ပါ။ ကိုယ်မတတ်ရင်လည်း တတ် တဲ့လူကိုခေါ်တယ်။ စနစ်တကျထိန်းသိမ်း ထားပါတယ်။ ဒါမှလည်း လိုအပ်လို့ စစ် ဆေးတဲ့အခါမှာ ဒီဘဏ္ဍာငွေကို သုံးစွဲ တာမှန်တယ်၊ နိုင်ငံခြားငွေကိုသုံးစွဲတာ မှန်တယ်လို့ ကောက်ချက်ချကြပါတယ်။

အထူးသဖြင့် ကျွန်တော်တင်ပြလိုတာက ပါတီများဆိုတာလည်း ပါတီနဲ့ဆက်စပ်တဲ့ ကွန်ရက်အကွက်ကြီးတွေနဲ့ မတူဘူးဆို တာကိုပြောချင်ပါတယ်။ အဲဒီကွန်ရက် အဖွဲ့အစည်းတွေကို ပါတီရန်ပုံငွေထဲ ထည့်လို့မရဘူးဆိုတာကို ပြောချင်လို့။ ရရှိထားတဲ့ ငွေတွေရယ်၊ လှူဒါန်းတဲ့ ငွေ တွေရယ် စီးပွားရေးဆိုပြီးပြောလိုက်လို့ အကြီးအကျယ်မဟုတ်ပါဘူး။ ကျွန်တော် တို့ပါတီရုံးတိုင်းမှာ ရောင်းနေတဲ့ပစ္စည်း လေးတွေရှိပါတယ်။ အဲဒါကလည်း ပါတီ ရန်ပုံငွေပါပဲ""ဟု ဦးဉာဏ်ဝင်းက ရှင်းလင်း သွားသည်။
ဦးသိန်းညွန့်က ""လွန်ခဲ့တဲ့ ၂ နှစ် လောက်က နိုင်ငံခြားကပုဂိ္ဂုလ်များရယ်၊ နိုင်ငံကြီးတစ်ခုက ပုဂိ္ဂုလ်များရယ် ကျွန် တော်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီ လေးငါးခြောက်ခုလောက်က ပုဂိ္ဂုလ်တွေ လည်း ရှိပါတယ်။ အဲဒီတုန်းက ပြည်ခိုင် ဖြိုးပါတီလည်း ရန်ကုန်မှာရှိတယ်။ နိုင်ငံ ခြားသားက နိုင်ငံရေးပါတီတွေမှာ ခင်ဗျားတို့ နိုင်ငံရေးပါတီတွေမှာ ဟွန်း ကြီးကြီး ရှိရဲ့လားလို့မေးဖူးတယ်။ သူ ပြော ချင်တဲ့စကား ဟွန်းကြီးကြီးက ဘာကို ဆိုလိုတာလဲဆိုရင် ခင်ဗျားတို့မှာ ငွေ ကြေးရှိရဲ့လားလို့ မေးလာပါတယ်။ ပွင့် ပွင့်လင်းလင်းပြောရရင်ဗျာ ခင်ဗျားတို့ နိုင်ငံမှာ ခင်ဗျားတို့ပါတီတွေဟာ နိုင်ငံ ခြားအထောက်အပံ့ ရယူနိုင်တဲ့အဆင့် ရှိရဲ့လားလို့ မေးတာပဲ။

အဲဒီတော့ ကျွန် တော်က နိုင်ငံခြားသားကို တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။ ကျွန်တော်တို့ ပါတီနိုင်ငံရေးမှာ တကယ်နိုင်ငံရေးလုပ် တဲ့သူဆိုရင်၊ တိုင်းပြည်အတွက် တကယ် လုပ်တဲ့သူကို တိုင်းပြည်က ပြန်ကြည့် ပါတယ်။ အဲဒါကို သူတို့က ကဲ့ရဲ့ကြ တယ်ဗျ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတီရန်ပုံ ငွေကိစ္စပြောရင်းနဲ့ နိုင်ငံခြားထောက်ပံ့ငွေ ရယူသုံးစွဲခြင်း နိုင်ငံပိုင်ပစ္စည်းတွေသုံးစွဲခြင်း ကိစ္စဆိုတာ အငြင်းပွားဖွယ်ရာကိစ္စလို့မြင် လို့လဲဒီစကားကျွန်တော်ပြောလိုက်တာပါ။ ကျွန်တော်တို့နိုင်ငံရေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ ပုဒ်မ-၉ မှာ နိုင်ငံရေးပါတီတွေရဲ့ အဆုံးအဖြတ်ကိုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အပြီးအပြတ်ပေးနိုင်ဖို့ မရှိ သေးဘူးဗျ။ နိုင်ငံခြားရန်ပုံငွေ ရယူသုံးစွဲ ရေးကိစ္စနိုင်ငံပိုင်ငွေကြေး သုံးစွဲခြင်းကိစ်္စ တွေ အတွက် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်အတိ အကျ ဖွင့်ဆိုနိုင်ခွင့် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ပြတ်ပြတ်သားသား လုပ်ခွင့်ရှိတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ဆောင်ရွက်ပေးဖို့ လက်ရှိဥပဒေ အရမပြည့်စုံဘူးဆိုရင်လည်းလွှတ်တော်ကို ဥပဒေသစ်တင်ဖို့ကျွန်တော်တို့ထောက်ခံ ပြီးတော့၊ ရပ်တည်ပြီးတော့ လုပ်ကြရင် ကောင်းမှာပဲ။ နိုင်ငံခြားငွေကိစ္စလို့ပြော တဲ့အခါမှာ ဒါဟာခပ်ပေါ့ပေါ့စဉ်းစားလို့မရ ပါဘူး။ ကျွန်တော်တို့ရဲ့လက်တွေ့သမိုင်းမှာ တစ်ချိန်တုန်းက ဗကပနဲ့ ရင်ဆိုင်တဲ့အခါ မှာ တစ်ဖက်နိုင်ငံကြီးက စစ်ရေးအကူ အညီရော၊ လူမှုရေး အကူအညရော၊ ငွေရေးကြေးရေးအကူအညီရော လူအကူ အညီရောရှိခဲ့ဖူးတယ်။ ဒါဟာ နှောင်ကြိုး တွေပဲ။ အခုလည်း ဘာပဲဖြစ်ဖြစ် နိုင်ငံ ရေးအပေါ်မူတည်ပြီးတော့ ငွေရေးကြေး ရေးတွေ ထောက်ပံ့၊ ဒီနိုင်ငံကသူ့အကျိုး စီးပွားအတွက်နဲ့ ပတ်သက်ပြီး ဗမာပြည် အစိုးရအဆက်ဆက်ပေါ်မှာတဖြည်းဖြည်း ထောက်ပံ့ခြင်း၊ တစ်ချိန်တည်းမှာတစ်ဖက် ကိုဖိအားပေးခြင်းလုပ်ခဲ့တာ ရှိပါတယ်။

အဲဒီတော့ ဒီကိစ္စတွေကို ကျွန်တော်တို့က ပါတီနဲ့မဆိုင်ဘူး။ တို့ကွန်ရက်နဲ့ ဆိုင် တာပဲဆိုပြီး ငွေကြေးထောက်ပံ့တာ၊လက်ခံ တာရှိနေပါတယ်။ သွယ်ဝိုက်ပေး ခြင်းဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုပြီး သားပါ။ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် ပြီးတရားမျှတမှုအတွက်ပြင်ဆင်မယ်ဆိုရင် နိုင်ငံရေးအရလွတ်လပ်တဲ့ နိုင်ငံစီးပွားရေး အရလွတ်လပ်တဲ့ နိုင်ငံအဖြစ် အဓွန့်ရှည်ဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားငွေထောက်ပံ့မှု တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍ သော်လည်းကောင်းကိစ္စမှာပြတ်ပြတ်သား သားကိုင်တွယ်ဖို့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကိုတိုက်တွန်းချင်ပါ တယ်။ လွှတ်တော်မှာလည်း လိုအပ်တဲ့ ဥပဒေနည်းဥပဒေတစ်ရပ်အဖြစ်ထောက်ခံ ပေးပါ့မယ်။

အကယ်၍ကော်မရှင်ကမလုပ် ဘူးဆိုရင် ကျွန်တော်တို့ကတော့လုပ်ရမှာ ဖြစ်တယ်""ဟု ဦးသိန်းညွန့်က တိုက်တွန်း လိုက်ကြောင်းသိရှိရသည်။ ၎င်းပါတီများ နိုင်ငံပိုင်ပစ္စည်းရယူသုံးစွဲခြင်းကိစ္စ ငွေရေး ကြေးရေးရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ တိကျရေရာတဲ့ အဖြေတစ်ခုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးကလည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

စိုးဝင်းနိုင်
Hot News Weekly

မေဒေးနေ့မှာ အလုပ်ဆင်းခိုင်းလို့ အလုပ်သမား ဆန္ဒပြမှုဖြစ်

Posted: 30 Apr 2013 10:03 PM PDT

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်း ရပ်ကွက် ရတနာပုံတက္ကသိုလ်လမ်းရှိ အောင်စိန်ချည်မျဉ် အထည်စက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ မနက် (၇)နာရီက စတင်ပြီး ( မေဒေးနေ့) ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ် ဆင်းခိုင်းတာကြောင့်မှစတင်ပြီး တောင်းဆိုချက် (၅)ချက်နဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။

အလုပ်ရှင် နှင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းပေးတဲ့အချိန်ထိ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။


ဒီဗွီဘီ

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ၊ ချစ်ကို


ဥက္ကံ မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

Posted: 30 Apr 2013 06:06 PM PDT

ရန်ကုန်မြို့ မြောက်ဘက် မိုင် ၈ဝ လောက် အကွာ ဥက္ကံမြို့ မှာ အင်္ဂါနေ့ က ဗုဒ္ဓဘာသာဝင် တွေ နဲ့ မွတ်ဆလင်တွေ ကြား ပဋိပက္ခ ဖြစ်လို့ ဗလီတလုံး နဲ့ မွတ်ဆလင် တွေ ပိုင်တဲ့ ဈေးဆိုင် တော်တော် များများ ဖျက်ဆီး ခံခဲ့ရပါတယ်။ ။ အခင်းဖြစ်ရခြင်းက မနေ့ မနက် ၉ နာရီအချိန် ဈေးထဲ မှာ လူစည်ကားတဲ့အချိန် ဆွမ်းခံကြွလာတဲ့ ကိုရင် တပါး ကို မွတ်ဆလင် အမျိုးသမီး တဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဥက္ကံမြို့ မှာ ဈေးဆိုင် အဖျက်ခံရ

ဥက္ကံ ပဋိပက္ခမှာ လူ ၁၀ ယောက် ဒဏ်ရာရ

Posted: 30 Apr 2013 05:59 PM PDT

ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဧပြီလ ၃၀ ရက်နေ့ အင်္ဂါနေ့က မွတ်ဆလင် တွေနဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ ပြီးတဲ့နောက် အခြေ အနေ တွေကို ပြန်လည် ထိန်းသိမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။မွတ်ဆလင် တွေပိုင်တဲ့ ဈေးဆိုင် တွေနဲ့ မွတ်ဆလင် စာသင်ကျောင်း တစ်ကျောင်း၊ ပြည်လမ်းမ ပေါ်မှာရှိတဲ့ ဗလီ တစ်လုံးကို လူအုပ်ကြီးက ဖျက်ဆီးခဲ့ ပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ တွေက သေနတ် ပစ်ဖောက်ပြီး ထိန်းသိမ်း ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဥက္ကံ မြို့မှာ လုံခြုံရေးတွေ ကို အပြည့် ချထား တယ်လို့ ဒေသခံတွေ ပြော

Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်

Posted: 30 Apr 2013 05:50 PM PDT

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Everett Dutschke