သစ်ထူးလွင်

သစ်ထူးလွင်


မုန်တိုင်းသတိပေးချက်

Posted: 11 May 2013 04:48 AM PDT

ယနေ့ မြန်မာစံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမို အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ(ကော့သောင်းမြို့)၏ အနောက်တောင်ဘက် မိုင်(၅၁၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။

မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိ နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင် အထိတိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့  ကွေ့လျက် မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန


01B မှ MAHASEN လို့အမည်ပေးလိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက်

Posted: 11 May 2013 04:23 AM PDT

ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် 01B သည် ပိုမိုအား ကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အပြည်ပြည် ဆိုင်ရာအမည် MAHASEN ဟု အမည်ပေးလိုက်ပြီ။

ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက် တောင်ဘက် ၆၈၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၈၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၉၈ဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC လမ်းကြောင်း ကြိုတင် ခန့်မှန်းချက်တွင် တွေ့ရပါသည်။

*ပုံတွင် - မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမြောက်ပိုင်း ဒေသအချို့အား ပုံတွင် တွေ့မြင်နိုင်ပါသည်။

DVB TV News

Ref: mmweather page
http://blog.mmweather.com/2013/05/11/mahasen-01b-01/


လုပ်သား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ ၅၀ ကျော်ကို ကွင်းဆင်း စစ်ဆေးမည်

Posted: 11 May 2013 04:05 AM PDT

အလုပ်ရှင်၊ အလုပ်သမား များကြား ဖြစ်ပွားနေသည့် ပြဿနာ ဇာစ်မြစ်ကို ရှာဖွေ ရန် လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီ စက်ရုံ၊ အလုပ်ရုံပေါင်း ၅၀ နီးပါးကို မေလတတိယ ပတ်တွင် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ် ကြောင်း အဆိုပါကော်မတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောကြားသည်။ ---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးဖုန်းမြင့်အောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ ပါတီသစ်)




စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေ

Posted: 11 May 2013 03:43 AM PDT

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဝန်းသိုကျောင်းတိုက်ကယ်ဆယ်ရေးစခန်းက စစ်ဘေးဒုက္ခသည်တွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတချို့ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖေါ်နေကြတယ်လို့ ဒေသခံဒုက္ခသည် တချို့က ပြောပါတယ်၊ "ရွှေတူးဖေါ်တာတွေကြောင့် လမ်းတွေလည်း ပျက်နေပါပြီ၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်ဘေးဒုက္ခသည်တွေပိုင်ဆိုင်တဲ့ လယ်ယာမြေပေါ်မှာ တရားမဝင်ရွှေတူးဖေါ်နေလို့ ဒေသခံတွေစိုးရိမ် ။




မေလ(၁၃)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.18

Posted: 11 May 2013 03:39 AM PDT

မေလ(၁၃)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.18

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။
http://www.mediafire.com/?ojojmbuhp3sq1jm

မေလ(၁၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၉)

Posted: 11 May 2013 03:33 AM PDT

မေလ(၁၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




၁၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Posted: 11 May 2013 03:21 AM PDT

မန္တလေးမြို့၊ ၈၄လမ်း၊၂၉-၃၀ လမ်းကြားရှိ ဂရိတ်ရှိုင်း လျှပ်စစ်ပစ္စည်း ဆိုင်ရှေ့မှာ မေလ(၉)ရက်၊ ည(၁၁)နာရီဝန်းကျင်က အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေတဲ့အမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ်လိုင်း ပြေးဆွဲခွင့်ပြုချက် ရရန် အလွန်ခက်ခဲ

Posted: 11 May 2013 02:19 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ရှိ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် ရေလမ်းခရီး ၊ ရေကြောင်း သွားလာမှုသည် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများ အတွက် အဓိက အရေးပါလှသော အချက်ဖြစ်ပါသည်။ ယခုအခါ ရေးလမ်းခရီး သွားလာမှုတွင် မုံရွာမှ ခန္တီးမြို့ထိ သွားလာ ပို့ဆောင် ပေးနေသော ရေယာဉ် လိုင်းများစွာ ရှိသည့် အတွက်ကြောင့် ဈေးကွက် စီးပွားရေးစနစ် အပြိုင်စနစ်ဖြင့် ခရီးသွား ပြည်သူများ အတွက် ဈေးနှုန်းချိုသာခြင်း ၊ ၀န်ဆောင်မှုကောင်းခြင်း ၊ ဆက်ဆံရေး ပြေပြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည့် အတွက် ခရီးသည်များ အနေဖြင့် လိုရာခရီးသို့ အဆင်ပြေ ချောမွေ့စွာဖြင့် စိတ်ချမ်းသာစွာ ခရီးသွား လာနိုင်ပါသည်။

ထိုသို့ အဆင်ပြေနေသော်လည်း မုံရွာမှ ဆယ်ဇင်းသို့ သွားလာသည့် ခရီးသည်များ ၊ ကုန်သည်များအတွက် အပြိုင်ရေယာဉ်လိုင်း မရှိသည့်အတွက် သတ်မှတ်ဈေးနှုန်း အတိုင်းလိုက်ပါရခြင်း ၊ကုန်တင်ဆောင်ရာတွင် တန်ဆာခများခြင်း၊မောက်မာစွာ ဆက်ဆံခြင်း တို့ကြောင့် ခရီးသွားပြည်သူ ၊ ကုန်သည်များအတွက် များစွာ နစ်နာလျက် ရှိပါသည်။ ထို့အတွက်ကြောင့် အပြိုင်ရေယာဉ်လိုင်းများရှိရန် လျှောက်ထားမှု ရှိ/ မရှိ စုံးစမ်း မေးမြန်းသည့်အခါ အမြန်ရေယာဉ်အသင်းတစ်ခုမှ " ကျွန်တော်တို့ လျှောက်ထား တာ ကြာပါပြီ .ဆယ်ဇင်းက ကချင်ပြည်နယ်အတွင်း ပါရှိသည့်အတွက် ကချင်ပြည်နယ် အစိုးရထောက်ခံချက်ရရှိမှ ပြေးဆွဲခွင့်ပြုမည်ဆိုသည့်အတွက် ကချင်ပြည်နယ် အစိုးရ ထံသို့ လူကိုယ်တိုင် သွားရောက်ညှိနှိုင်းခဲ့ပါတယ်.. ကချင်ပြည်နယ်အစိုးရက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ခွင့်ပြုပါမည်ဟု ပြောကြားခဲ့ပါတယ်.. စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေလမ်းညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေး၍ မှန်ကန်ပါက ခွင့်ပြုရန်ညွှန်ကြားခဲ့ပါတယ်.. ရေလမ်းညွှန်ကြားမှု ဦးစီးဌာနမှ လာရောက်စစ်ဆေးမှုလည်း မပြုလုပ်ပါဘူး… တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လည်း ဆက်လက်မတင်ပြပဲ လိုင်းခွင့်ပြုချက် လျှောက်ထားလွှာအား ချောင်ထိုးထားသည့်အတွက် ခွင့်ပြုချက် မရရှိကာ ပြေးဆွဲနိုင်ခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်"ကျွန်တော်တို့က ခရီးသွားပြည်သူများ အတွက် အပြိုင်ဝန်ဆောင်မှု ပေးချင်သော်လည်း ရေလမ်းညွှန်ကြားမှု ဦးစီးဌာနက ဆက်လက်စစ်ဆေးမှု မပြုပေးသည့်အတွက် လက်ရှိ မပြေးဆွဲနိုင်သေးကြောင်း " ဆက်လက်ဖြေကြားသွားပါတယ်။

ထို့အတွက်ကြောင့် ရေလမ်းခရီးသွားမှုတွင် ခရီးသွား မိဘပြည်သူများ ၊ ကုန်သည်များ အတွက် ဈေးကွက်အပြိုင် ၊ ရေယာဉ်အသင်းအပြိုင်ရှိပါက ခရီးသည်ခ ဈေးနှုန်းချိုသာခြင်း ၊ ၀န်ဆောင်မှုကောင်းခြင်း ၊ တန်ဆာခ ဈေးနှုန်းချိုသာခြင်း ၊ ဆက်ဆံရေးပြေပြစ်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသည့်အတွက် ရေယာဉ်လိုင်း ခွင့်ပြုချက် လျှောက်ထားမှုများတွင် မှန်ကန်မှု ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရေးလမ်းညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုချက် ချပေးသင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ပါသည်။

နေပိုင်
အထက်တန်းပြ
ခန္တီးမြို့နယ် ၊ လိုက်တိုက် နာဂကျေးရွာ

by Myanmar News Now 

ချင်းတွင်းမြစ်ကို စုန်ဆန်နေသော ရှော်တယ်ခေါ် ကားစက်တပ် မော်တော်

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး

Posted: 11 May 2013 02:48 AM PDT

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာ အယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ် တရားရုံးမှာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံ အရေးယူ ဆောင်ရွက် နေပြီလို့ သိရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေ - ဓါတ်ပုံ - RSV

ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ နယ်စပ်မှတင်သွင်းမှု ၂၅ ရာခိုင်နှုန်းမြင့်တက်

Posted: 11 May 2013 02:53 AM PDT

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တောက်လျှောက် ဝင်ရောက်နေသည့် မြန်မာနိုင်ငံတွင် နယ်စပ် ကုန်သွယ်ရေးမှ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ တင်သွင်းမှုမှာ ဧပြီလအတွင်း ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြ၀တီ-ကော့ကရိတ် အဆင်းလမ်းကို  တွေ့ရစဉ်

ဗုံးလန့်၍ ရခိုင်မြောက်ပိုင်း လုံခြုံရေးမြှင့်

Posted: 11 May 2013 02:58 AM PDT

ရန်ကုန်၊ မေ ၁၀

အကြမ်းဖက်ဗုံးဖောက်ခွဲမည် ဆိုသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အဖွဲ့ဝင်ဦးမျိုးသန့်က ပြောကြားသည်။လွန်ခဲ့သောရက်ပိုင်းက ပြည်ပမှ မွတ်ဆလင်အကြမ်းဖက် အချို့က မြန်မာနိုင်ငံကို ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဆိုသည့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား နှစ်ဦးထံမှ ပစ္စည်းလုယူမှု ထပ်မံဖြစ်ပွား

Posted: 11 May 2013 03:03 AM PDT

ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။ မေလ ၆ ရက် ည ၉ နာရီ အချိန်ခန့်တွင် သရပါတံခါးမှ ညောင်ဦးဘက်သို့ ပုဂံမြို့ဟောင်းလမ်း အတိုင်း စက်ဘီးစီးလာသူ နိုင်ငံခြားသားနှစ်ဦး၏ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြီးခဲ့တဲ့ ဖေဖော်ဝေါရီလ အတွင်းက ပုဂံ-ညောင်ဦးမှာ လုယက်ခံရသည့် အင်္ဂလန်သူ တဦးအား ဖမ်းဆီးရမိ သည့် ပစ္စည်းများ ပြန်လည် ပေးအပ်စဉ်။

လက်ပန်တောင်းတောင် ဒေသခံ အမျိုးသမီးများသာ ပါဝင်တဲ့ လူနှစ်ရာခန့်က လမ်းလျှောက်ဆန္ဒပြနေ

Posted: 11 May 2013 01:40 AM PDT

မုံရွာ၊ မေ-၁၁

လက်ပန်တောင်းတောင် ဒေသခံ အမျိုးသမီးများသာ ပါဝင်တဲ့ လူနှစ်ရာခန့်က တုံကျေးရွာမှစတင်ကာ ညောင်ပင်ကြီး- ဆားလင်းကြီး လမ်းမကြီးအတိုင်း ချီတက်ဆန္ဒ ပြနေပါတယ်။

အခုလို ဆန္ဒပြတာဟာ တရားဝင်ဆန္ဒပြတာဖြစ်ပြီး ထူးခြားမှုအနေနဲ့ အမျိုးသမီးတွေချည်း သီးသန့် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။

အမျိုးသမီးတွေ ချည်းဆန္ဒပြတာ ၊ အလံကိုင်တာလည်း အမျိုးသမီးတွေချည်းပဲ၊ တုံကျေး၇ွာက စထွက်တယ်။ လက်ပန်တောင်းတောင် ကယ်ဆယ်ရေး အလံတွေကိုင်ထားတယ်။ နေ့လည် နှစ်နာရီလောက်က စထွက်တယ်။လို့ လက်ပန်တောင်းဒေသခံ သတင်းထောက်တစ်ဦးက သတင်းပေးပို့တာပါ။

ဒီဆန္ဒပြမှုမှာ အချက်၁၁ ချက်ကို တောင်းဆိုနေပြီး အခု သုံးနာရီအချိန်မှာတော့ ၀က်မှေးရွာသစ်ကို ရောက်၇ှိနေကြပြီ ဖြစ်ပါတယ်။

မန္တလေးခေတ်

ဓါတ်ပုံ - KO Han Win Aung

ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ ဘက်ကို ဦးတည်နေ

Posted: 10 May 2013 09:04 PM PDT

01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အား ကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက် မြန်မာ့ကမ်းရိုးတန်း အတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ ဖြစ်သွား ခဲ့ရပါတယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်-မြောက်အနောက်ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။ဒါပေမယ့်လည်း ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုငးလောက်အထိသာ သွားမှာ ဖြစ်ပါတယ် အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန်လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုငး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့ ပါလိမ့်မယ်။

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ ၀င်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

မေလ(၉)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၆၉

Posted: 10 May 2013 09:01 PM PDT

မေလ(၉)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၆၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၉)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၇

Posted: 10 May 2013 08:57 PM PDT

မေလ(၉)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





မေလ(၆)ရက်နေ့ ထုတ် 7Day Shopping Guide Journal ဈေးဝယ်လမ်းညွန်ဂျာနယ် အတွဲ (၃) အမှတ် (၃၇)

Posted: 10 May 2013 08:55 PM PDT

မေလ(၆)ရက်နေ့ ထုတ် 7Day Shopping Guide Journal ဈေးဝယ်လမ်းညွန်ဂျာနယ်
အတွဲ (၃) အမှတ် (၃၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၆)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် အတွဲ (၂) အမှတ် (၁၆)

Posted: 10 May 2013 08:53 PM PDT

မေလ(၆)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ် အတွဲ (၂) အမှတ် (၁၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ပိန်းဇလုပ် လေပြင်းတိုက် ဆေးရုံ ဆရာဝန်နေအိမ်ပျက်

Posted: 10 May 2013 08:10 PM PDT

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပိန်းဇလုပ် မြို့တွင် မေလ (၁၀)ရက်နေ့ည (၈) နာရီခန့်က လေပြင်း
တိုက်ခတ်မှုကြောင့် ပိန်းဇလုပ်တိုက်နယ် ဆေးရုံဝင်း အတွင်းရှိ တာဝန်ခံ ဆရာဝန်နေအိမ် နောက်ဘက်အ ဆောင် အမိုးကျွတ်ထွက်သွားပြီး တောင် ဘက်နံရံ ပြိုကျ ပျက်စီးသွားသည်။ ဆေးရုံ၏အခြားအ ဆောက်အဦများ ပျက်စီးမှုမရှိပဲ ထိခိုက်ဒဏ် ရာရရှိမှု တစ်စုံတစ် ရာ မရှိကြောင်း သိရပါသည်။

by Myanmar News Now

ပိန်းဇလုပ် လေပြင်းတိုက် ဆေးရုံ ဆရာဝန်နေအိမ်ပျက်


ဂွာတီမာလာ စစ်အာရှင်ကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ထောင်နှစ်ရှစ်ဆယ်ချ

Posted: 10 May 2013 07:43 PM PDT

ဂွာတီမာလာ နိုင်ငံမှာ ၁၉၈၂ ခုနှစ် နဲ့ ၈၃ ခုနှစ်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် သမ္မတ Efrain Rios Montt ဟာ သူအုပ်ချုပ်ခဲ့ချိန် အတွင်း Ixil Maya လူမျိုးစု ၁၈ဝဝ နီးပါးကို သတ်ဖို့ အမိန့်ပေးခဲ့မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး အီဖရိန်

အင်အားပြင်းမုန်တိုင်း မြန်မာဘက်ဦးတည်

Posted: 10 May 2013 07:32 PM PDT

"One" လို့ နံမည်ပေး ထားတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းတခု မကြာခင်ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ အမေရိကန် လေတပ်နဲ့ ရေတပ်ပူးတွဲ မုန်တိုင်း သတိပေး ဌာနက သတိပေး ချက်တရပ် ထုတ်ပြန်ထား ပါတယ်။ အိန္ဒိယ သမုဒ္ဒရာတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအား ကောင်းလာနေပြီး မြန်မာနိုင်ငံ အနောက်ဘက်ဒေသကို ဦးတည်ပြီး လာမယ့် ရက်ပိုင်း အတွင်း အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်းတိုင်း One သတိပေးချက်တွေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေက သတိပေးထားတာပါ။ အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One လို့ နံမည်ပေးထားတဲ့ ဒီမုန်တိုင်းဟာ မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်း ဒေသတွေကို ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်အနေအထား ဖြစ်တယ်လို့လည်း ဒီ မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။ NASA ရဲ့ စတလိုက်ကနေ ရိုက်ယူထားတဲ့ ပုံရိပ်တွေအရ အိန္ဒိယသမုဒ္ဒရာတွင်းမှာ လတ်တလော အားယူနေတဲ့ မုန်တိုင်းငယ်နှစ်ခု ရှိနေပြီး၊ အဲဒီအထဲကမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း One မြန်မာနိုင်ငံ အနောက်ဘက်ဒေသတွေကို ဦးတည်ပြီး အင်အားကောင်းလာနေတာကို သတိပေးထားပါတယ်။

မေလ ၁၀ ရက် သောကြာနေ့ မြန်မာအစိုးရ ကြေးမုံသတင်းစာမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီးတော့၊ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တဲ့ အကြောင်းနဲ့၊ မေလ ဒုတိယ ၁၀ ရက်သီတင်းပတ်အတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပြီး၊ မုန်တိုင်း သတိပေးချက်တွေတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ခုလို နွေကနေ မိုးရာသီအကူး ကာလမျိုးမှာ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို မကြာခဏဆိုသလို ခံရလေ့ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကတော့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးကြုံခဲ့ရတဲ့ မုန်တိုင်းပဲ ဖြစ်ပါတယ်။ မုန်တိုင်းပြင်းအားအဆင့် ၄ သတ်မှတ်ထားတဲ့ နာဂစ်မုန်တိုင်းကြောင့် အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၃,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မခင်ဖြူထွေး (ဗွီအိုအေ)



အာကာသစခန်းထဲမှာ အမိုးနီးယားယိုစိမ့်

Posted: 10 May 2013 07:25 PM PDT

ကမ္ဘာပတ်လမ်း ကြောင်း ထဲကနိုင်ငံတကာ အာကာသစခန်းရဲ့ ဓာတ်ခွဲခန်းကနေ အမိုးနီးယား (ammonia) ဓာတ်ငွေ့ ယိုစိမ့်နေတာ တွေ့ခဲ့ရတာကြောင့် အာကာသ ယာဉ်မှူးတွေ အရေးပေါ် အာကာသယာဉ် အပြင်ကိုထွက်ပြီး ဒါကို ပြန်ပြင်ဖို့ ကြိုးစား နေကြပါတယ်။ သောကြာနေ့က တွေ့ရှိခဲ့တဲ့ ဒီယိုစိမ့်မှုဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်ပေမဲ့ အာကာသယာဉ်မှူး ၆ ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငလျင်ဒဏ်ခံခဲ့ရသော မလယ်ရွာ လူထုရဲ့ ခံစားချက်များ

Posted: 10 May 2013 03:43 PM PDT

ကျနော်တို့ မလယ်ကျေးရွာဟာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်မှာ တည်ရှိပါတယ်။ 11-11-2012 နေ့ က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ စကေးရှိ ငလျင်ကြီးရဲ့ ဗဟိုချက်နဲ့ အနီးဆုံး ရွာကြီးပါ။ အခုဆို ငလျင်ကြီးလှုပ်ခဲ့တာ ၆ လပြည့်ခဲ့ပါပြီ။ ငလျင်လှုပ်တုန်းက အိမ်ခြေ ၁၀၀ ကျော် နဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း။ အထက်တန်းကျောင်း ။ တိုက်နယ်ဆေးရုံ စေတီပုထိုး ၈ဆူ စတဲ့ အဆောက်အဦများစွာ ပျက်စီးခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးက ဖြစ်သလိုလုပ်ပြီး ခုချိန်ထိ မပြင်နိုင်တဲ့ ---

ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ -  မြန်မာ့ခေတ် ကုမ္ပဏီမှ မလယ်ကျေးရွာ ကန့် ဘလူမြို့ နယ် အခြေခံ ပညာ အထက်တန်း ကျောင်းဆောက်လုပ်နေပုံ။








ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ ရယ် ကုန်နိုင်ပါ့မလားကွယ်

Posted: 10 May 2013 03:24 PM PDT

ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ.....မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။ တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ "ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေးခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ်တွေကို ဖတ်ပြီးမှ သေကြဟဲ့"လို့အမိန့်တော်မြတ်ချမှတ်တော်မူလေသလားမသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲတည့်ပြောနေရဦးမှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီးသားတော်-သမီးတော်တွေကို ရေပူ-ရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူး ရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင်ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေလေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော်သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာမဟုတ်ဘူးလေဗျာ။ သူတို့အလိုက်ကမ်းဆိုးသိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြရမှာလား။ တရုတ်ကိုယ်တော်ကြီးတွေကိုဆိုဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်း များက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက
စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင်ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလားရယ်လို့ ဗိုက်တပွတ် ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကိုတူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက်ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီအရေးတော်ပုံတပ်သားတွေရဲ့ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆)


နေပြည်တော် စ-ရ-ဖ တပ်မှ တပ်သားက ကျောင်းသူ မိန်းခလေး အပေါ် ကာမလိမ်လည်မှု တိုင်ကြားစာ

Posted: 10 May 2013 03:20 PM PDT

ဥပ္ပ္ပါဒသန္တိမြို့နယ် ၊  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ နေပြည်တော်မှ စ.ရ.ဖ တပ်သားကျော်ကျော်ထက် ကိုယ်ပိုင်အမှတ်(၃၂၀၇၁၂) က မထွးထွေးဟန် အပေါ် အကျင်လင်မယား အဖြစ်ရာသက်ပန် ပေါင်းသင်း ပါမည်ဟု ဆိုကာ စေ့စပ်ကြောင်းလမ်း စာချုပ်ချုပ်ဆိုထား ပါတယ်။ သို့ သော် မထွေးထွေဟန်အား အိမ်တွင်း အကြမ်းဖက်မှုများဖြင့် စိတ်ကုန်အောင် နှိပ်စက်ပြီး လက်ထပ်ခြင်း မရှိတာကြောင့် စစ်တရားရုံးကို တိုင်တန်းထားပါတယ်။ ---

တိုင်ကြားစာ အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ကာမလိမ်လည်မှု တရားခံ စ.ရ.ဖ တပ်သားကျော်ကျော်ထက်
စေ့စပ်ကြောင်းလမ်းခြင်း စာချုပ် မိတ္တူ
မူရင်း တိုင်ကြားစာ