သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်သမား ၂ ဦးကို ဖမ်းမိ (ရုပ်/သံ)

Posted: 03 May 2013 05:21 AM PDT

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်သမား ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းမိလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

Posted: 03 May 2013 04:58 AM PDT

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့နဲ့ အစိုးရတပ် တို့ကြား ဒီတပတ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေ တယ်လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးတောင်ကြော ဘက်မှာ ပြန်ဖြစ်နေ တာဖြစ်ပြီး ဒီတခေါက် မှာတော့ အစိုးရတပ်က လားဟူပြည်သူ့ စစ်အဖွဲ့ တွေကိုပါ ခေါ်ပြီး တိုက်ခိုက်တယ်လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မှူးတဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဂါလန်မပြည့်သော စက်သုံးဆီဆိုင် ၁၆ ဆိုင် အပိတ်ခံရ

Posted: 03 May 2013 03:59 AM PDT

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပန့်ဖြင့် ဆီရောင်းသည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို ဆီဂါလန်မပြည့်သည့် အတွက် ပိတ်သိမ်းရန် သက်ဆိုင်ရာက အကြောင်းကြား ထားကြောင်း စက်သုံးဆီဆိုင် များထံမှ စုံစမ်းသိရှိရသည်။ ယခင်က စစ်ဆေးတွေ့ရှိခဲ့သည့် ဆိုင်များကို သုံးလ၊ ယခုမှပထမအကြိမ် စစ်ဆေး တွေ့ရှိသည့်ဆိုင်များကို တစ်လပိတ်သိမ်း ရမည်ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






လစာ (၅)သောင်းကနေ (၂)သောင်း ထပ်တိုးပေးဖို့ မြန်မာ စိုးစံ အလုပ်သမားတွေ ဆန္ဒပြ

Posted: 03 May 2013 03:30 AM PDT

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့ နယ် မှာ ၃၀.၄.၁၃ နေ့ကစပြီ ငွေပင်လယ် စက်မူ့ဇုန်၊ ရွှေပြည်သာ တံတားအဆင်း လှိုင်သာယာ ဘက်ခြမ်းမှာ ရှိတဲ့ မြန်မာစိုးစံ ဖိနပ်စက်ရုံမှ ဆန္ဒပြခဲ့ကြပါတယ်။ အဓိကကတော့ လစာ ၅ သောင်းကျော် ရနေရာကနေ ၂ သောင်းတိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ








ဧပြီလ (၂၉) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာနယ် အမှတ် (၇၅၂)

Posted: 03 May 2013 02:54 AM PDT

ဧပြီလ (၂၉) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာနယ် အမှတ် (၇၅၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး

Posted: 03 May 2013 02:33 AM PDT

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သိန္နီလမ်းမကြီးမှာ မနေ့ ညနေ ၃ နာရီခွဲက ကုန်တင်ယာဉ် ၁၂ ဘီးကားတစီး ဘရိတ်ပေါက်ပြီး မော်တော်ဆိုင်ကယ်ကို ၀င်တိုက်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ လားရှိုးမြို့ မော်တော်ယာဉ်ရုံး တာဝန်ကျ အရာရှိတဦးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ

Posted: 03 May 2013 02:22 AM PDT

မြန်မာနိုင်ငံဘေ့(စ်)ဘော အားကစားသမား ဇော်ဇော်ဦး ၂၃ နှစ်ကို ဂျပန်နိုင်ငံ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်း (Kagawa olive Guyners  (IL) Independent League) က  ခေါ်ယူလိုက်ပါတယ်။

ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus of baseball အဖွဲ့ ၄ ဖွဲ့ထဲက တဖွဲ့အပါအ၀င် ဖြစ်ပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိပါသေးတယ်။

ဂျပန်နိုင်ငံမှာ လေ့လာကစားရင်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်အောင် လုပ်ချင်တယ်လို့ ကိုဇော်ဇော်ဦးက ပြောပါတယ်။

ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာမွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အသက် ၁၁ နှစ်မှာ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို အဖွဲ့စုစည်းပြီး လေ့ကျင့်ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့ တွေ့ပြီး ဘေ့(စ်)ဘောပညာကို လေ့ကျင့်ကစားခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ဇော်ဦးဟာ လောလောဆယ် အကိုဖြစ်သူတွေနဲ့အတူ ရန်ကုန်မြို့ရှိ ကော်ပီစက်ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ရင်း ၁ ပတ်ကို ၂ ရက် လေ့ကျင့်ကစားနေပါတယ်။

by ဒီဗွီဘီ


မန္တလေးမြို့မှာ ပြည်သူကို အထိတ်တလန့် ဖြစ်စေမှုနဲ့ ဖမ်းဆီးခံရသူ ၃ဦးကို ယနေ့ ရုံးထုတ်

Posted: 03 May 2013 01:33 AM PDT

မန္တလေးမြို့မှာ မေလ ၂ ရက်နေ့ညပိုင်းက ပြည်သူကို အထိတ်တလန့် ဖြစ်စေမှုနဲ့ ဖမ်းဆီးခံရသူ ၃ဦးကို ယနေ့ (မေလ၃) နေ့လည် ၁နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅(ခ)နဲ့ စွပ်စွဲပြီး ရုံးတင်ပါတယ်။ စွပ်စွဲခံရသူ ၃ ဦးမှာ ၁။ ကိုအောင်မျိုးကျော်(အသက် ၃၀) ၂။ ကိုဖြိုးကိုဝင်း (အသက် ၂၂) ၃။ ကိုရဲဝင်းအောင် (အသက် ၂၄) တို့ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - The Modern News Journal

ဥက္ကံ ပဋိပက္ခကြောင့် တိုက်ကြီးမြို့နယ်တစ်ခုလုံး ညမထွက်ရ အမိန့်ထုတ်

Posted: 03 May 2013 01:12 AM PDT

ရန်ကုန်မြို့တော်နှင့် ၆၄ မိုင်အကွာ တွင် တည်ရှိသော ဥက္ကံမြို့တွင် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် တိုက်ကြီးမြို့နယ် တစ်ခုလုံးကို မေလ၂ရက်နေ့တွင် ညနေ ၅ နာရီ မှ နံနက် ၅ နာရီထိ အပြင်မထွက်ရ ဒေသန္တရ အမိန့်ပုဒ်မ ၁၈၈ ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ရဲစခန်းက အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒလ၌ သောက်သုံးရေပြတ်မှု မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ပြီ

Posted: 03 May 2013 12:58 AM PDT

ရန်ကုန် မေ ၃ ရက်

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ်၌ နှစ်စဉ် နွေလယ်လများ ရောက်တိုင်း ဖြစ်ပွားလေ့ရှိသော သောက်သုံးရေ ပြတ်လပ်မှု ဒဏ်ကို မခံနိုင်၍ ရပ်ကွက် ၁၆ခုမှ ပြည်သူ အယောက် ၂၀ ကျော်ခန့်မှ စည်ပင်အနေဖြင့် ဖြေရှင်းပေးရန် စုပေါင်း တောင်းဆိုမှုကို ယနေ့ နေ့လည် ၁ နာရီခွဲ အချိန်က မြို့တော်ခန်းမ ရှေ့၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင် အနေဖြင့် ဒလမြို့နယ်သို့ ကလေးပေါက် ( လှိုင်သာယာ - ဒလ တံတားအနီး ) မှ ပိုက်များသွယ်တန်း၍ ရေများဖြန့်ဝေပေးလျှက် ရှိသော်လည်း ထိုရေအား ငွေကြေးတတ်နိုင်သူများသာ သုံးစွဲခွင့် ရသည်ဟု တောင်းဆိုသူများက ဆိုသည်။

ထို့အပြင် ဒလမြို့နယ်အတွင်းသို့ စည်ပင်မှ ရေကားဖြင့် လိုက်လံဖြန့်ဝေပေးခြင်းမှာလည်း ပုံမှန် မရှိသည့်အပြင် ထိုရေမှာ မသန့်ရှင်းသည့်အတွက် ချက်ပြုတ်စားသောက် ရန်အတွက် မရဘဲ သုံးစွဲရန်အတွက်သာရပြီး အိမ်ထောင်စုတစ်စုလျှင်ခွဲတမ်းအရ တစ်ရက်လျှင် ရေတစ်ထမ်းသာရရှိကြောင်း ၊ ထို့အတွက် ရန်ကုန်စည်ပင် အနေဖြင့် ဒလမြို့နယ်အတွင်း ဖြစ်ပွားနေသော ရေပြဿနာ အားအမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆို ရခြင်းဖြစ်ကြောင်း တောင်းဆိုသူများထံမှသိရသည်။

သတင်း - သူရထွန်း
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )

Popular Myanmar News Journal






ဆွဲတင်စစ် အဖွဲ့တွေကို တိုက်ခိုက်မူနဲ့ စွပ်စွဲ ဖမ်းဆီးခံရသူ ၇ ဦးကို ရုံးထုတ်

Posted: 03 May 2013 12:51 AM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း လူဦးရေ စာရင်း စစ်တဲ့ (ဆွဲတင်စစ်) အဖွဲ့တွေကို လူစု လူဝေးနဲ့ တိုက်ခိုက်မူကို နောက်ကွယ်က ကြိုးကိုင်သူတွေလို့ စွပ်စွဲ ဖမ်းဆီး ခံထားရသူ ၇ ဦးကို ဧပြီလ ၃၀ ရက် အင်္ဂါနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပထရ ဒုဝန်ကြီး ကတော် ဆဲဆိုသည့်ကိစ္စ ယာဉ်မောင်းတဦးမှ နာမည် အလွဲသုံးစား ပြုလုပ်သွားခြင်းဖြစ်

Posted: 03 May 2013 04:06 AM PDT

(၃၀.၄.၂၀၁၃) ရက်နေ့  နံနက်ပိုင်းက  မီးလောင်မှု ဖြစ်ပွားရာ  ရွှေဂုံတိုင်မီးပွိုင့်တွင်  မီးသတ် ယာဉ်များကို  ဦးစားပေး ရှင်းလင်းစဉ် တစ်ဖက်ယာဉ်ကြောမှ  ပြည်ထဲရေး ၀န်ကြီးဌာန ဒုဝန်ကြီး၊ ရဲချုပ်ကျော်ကျော်ထွန်း၏ဇနီး ယာဉ်မောင်းမှ တာဝန်ကျ ယာဉ်ထိန်းအား ဆဲဆို ထုချေလွှာတောင်း သည်ဆိုသည့် သတင်းမှာ  မှန်ကန် ခြင်းမရှိကြောင်း  သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်က  ဒုဝန်ကြီး၏ ဇနီးသည်  နေအိမ်တွင်ရှိနေပြီး  နေအိမ်တွင်  အဆိုပါ အမှတ်ပါယာဉ် (-/၂၄၇၂)လည်း  မရှိကြောင်း  စုံစမ်းသိရှိရပါသည်။

ယာဉ်ထိန်းရဲအား  ဆဲဆိုသွားသည်ဆိုသော နေရာမှာ  ကမ္ဘာအေးဘုရားလမ်း နှင့် စက်မှု(၁) လမ်းဆုံတွင်ဖြစ်ပြီး  မီးသတ်ယာဉ်များအား  ဦးစားပေး ရှင်းလင်းစဉ်  ဦးစားပေးမခံရသည့် ယာဉ်ကြော မှယာဉ်၏  ယာဉ်မောင်းတစ်ဦးမှ  လမ်းရှင်းနေသော  ယာဉ်ထိန်းရဲအား  ဆဲဆိုကာ  အကြောင်းသိ မည်ဟု  ပြောသွားကြောင်း  ရန်ကင်းယာဉ်ထိန်း တပ်ဖွဲ့စုရုံးမှ  သိရှိရပါသည်။ တာဝန်ကျယာဉ်ထိန်း အနေဖြင့်လည်း  ထုချေလွှာတင်ရခြင်းမရှိကြောင်း  ယာဉ်ထိန်းရဲတပ်ဖွဲ့မျူးရုံးမှ  သိရှိရပြီး  အဆိုပါ ကိစ္စ  မှန်ကန်ခြင်း မရှိကြောင်း  ပြန်လည်ရှင်းလင်း အပ်ပါသည်။

လမ်းပေါ်တွင်  တာဝန်ကျယာဉ်ထိန်းများအား  မိမိယာဉ်လမ်းကြောင်း  ဦးစားပေးမခံရပါက  ယာဉ်မောင်းများမှ  လူကြီးများ၏အမည်သုံး၍  ဆဲဆိုသွားသည့်ဖြစ်စဉ်များ  မကြာခဏ  ကြုံတွေ့နေရ ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှလည်း  သိရှိရကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

သစ်ထူးလွင်




ဂျကာတာမြို့မြန်မာသံရုံးမှာ ဗုံးခွဲဖို့ ယူဆရသူ ၄ဦးဖမ်းဆီးရမိ

Posted: 02 May 2013 09:11 PM PDT


အင်ဒိုနီးရှားနိုင်ငံကရဲတပ်ဖွဲ့ (Credit: ABC)
အင်ဒိုနီးရှားနိုင်ငံရှိ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့သူလို့ ​ယူဆထားသူ ​လူ ​၄ ​ယောက်ကို ​အင်ဒိုနီးရှား ​အာဏာပိုင်တွေက ​ဖမ်းဆီးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ​ရဲအရာရှိ ​Boy ​Rafli ​ရဲ့ ​အဆိုအရဆိုရင် ​ရေပိုက်တွေနဲ့ ​ပြုလုပ်ထားတဲ့ ​ပိုက်ဗုံး ​၅ ​လုံး ​သယ်ဆောင်လာတဲ့ ​အမျိုးသား ​နှစ်ယောက်ကို ​မြန်မာသံရုံးအသွား ​လမ်းခွတစ်ခုမှာ ​ဖမ်းဆီးမိခဲ့တယ်လို့ ​ဆိုပါတယ်။ ​အဆိုပါ ​အမျိုးသား ​နှစ်ဦးကို ​ဖမ်းဆီးလိုက်ပြီး ​မကြာခင်မှာပဲ ​ဂျကာတာ ​မြို့ပြင်က ​အိမ်လုပ်ဗုံးတွေ ​ထုတ်လုပ်နေတဲ့ ​နေအိမ်တစ်အိမ်က ​အမျိုးသားတစ်ဦးနဲ့ ​အမျိုးသမီး ​တစ်ဦးကို ​အကြမ်းသမားတိုက်ဖျက်ရေးဌာနက ​ထပ်မံဖမ်းဆီး ​လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာမူဆလင်တွေ ​ဖိနှိပ်ခွဲခြားခံနေရတာကို ​လက်စားချေတဲ့အနေနဲ့ ​အကြမ်းဖက်သမားလို့ ​ယူဆရသူတွေက ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားတာဖြစ်တယ်လို့ ​အင်ဒိုနီးရှား ​ရဲအရာရှိက ​ပြောပါတယ်။

အခု ​ဖမ်းဆီးခံရသူတွေဟာ ​အကြမ်းဖက် ​အဖွဲ့တွေရဲ့ ​တစိတ်တပိုင်းသာဖြစ်မယ်လို့ ​ရဲတွေက ​ယူဆထားပါတယ်။

ABC Radio Australia

ယနေ့ နံနက် ရေနံမကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေရာနှင့်ချီ ပျက်စီးဆုံးရှုံး

Posted: 02 May 2013 08:25 PM PDT

မေလ (၃)ရက်နေ့

မကွေးတိုင်း ဒေသကြီး အထက်မင်းလှမြို့နယ်၊ ရေနံမကျေးရွာတွင် ယနေ့မနက် ၄နာရီ ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေရာနှင့်ချီပြီး ပျက်စီးဆုံးရှုံး သွားကြောင်း သတင်းရရှိပါသည်။

မီးလောင်းရာတွင် လူအသေအပျောက် မရှိ သော်လည်း မီးဘေးသင့် ပြည်သူများ အား ကျေးရွာ စာသင်ကျောင်းတွင် ခေတ္တယာယီ နေရာချထား ပေးထားပြီး စာဝတ်နေရေး အတွက် အကူအညီများစွာ လိုအပ်နေပါသည်။

မီးဘေးသင့် ပြည်သူများအား ၀ိုင်းဝန် ကူညီပေးကြပါရန် ဒေသခံများက Myanmar News Now ကို ပြောပါသည်။

သစ်ထူးလွင်




သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်

Posted: 02 May 2013 08:10 PM PDT

ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကို ညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။ အစ္စလာမ်ဘာသာဝင် မဝင်းဝင်းစိန်ဟာ ဆွမ်းခံကြွလာတဲ့ ကိုရင် အရှင်ပုည ကို ဝင်တိုက်မိပြီး နောက်ပိုင်း ဥက္ကံမြို့က ဗလီနဲ့ မူဆလင်နေအိမ်တချို့ ဖျက်ဆီးခံရပြီး လူ တစ်ဦး သေဆုံးခဲ့ရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကလောမြို့ နယ်မှာ မိုးပြင်းထန်စွာ ရွာချသောကြောင့် လူ (၅၀)ဦးခန့် သေဆုံးပြီး လူ (၇၀)ကျော် ဒဏ်ရာရ

Posted: 02 May 2013 05:27 PM PDT

မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ညောင်ကုန်း ရွာ(ပလောင်ရွာ)တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာ ရွာချသောကြောင့် လူနေအိမ် (၄၇)လုံးပျက်စီးပြီး တောင်ပါတ်ရွာ တွင်လည်း အနည်းဆုံး လူ(၅၀)ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိပါ သည်။

အိမ်တွေလည်းပျက်စီး တချို့အိမ်များဆို သွပ်မိုးအကုန်ပျက်စီးပီး ရှာလို့တောင် မရတော့ဘူး ညောင်ကုန်း ရွာသား တစ်ဦးမှ ပြောဆိုသည်။

သေဆုံးသွားသော လူ ၅၀-ဦးခန့်တွင် အများစုမှာ တောင်ပါတ်ရွာတွင် ရွှေတူးရန်လာကြသည့် အခြားအရပ် က ရွှေလုပ်သား များဖြစ်ကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ပြောဆိုပါတယ်။

DVB TV News

မုံရွာမြို့မှာ မေလ(၂)ရက် ညနေ ၃နာရီခွဲအချိန်က လေပြင်း တိုက်ခတ်ပြီး သစ်ပင်ကြီးများကျိုးပဲ့ခြင်း၊ မီးတိုင်များနဲ့ ဘေဘုတ်ဆိုင်းဘုတ်ကြီးများ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့။ မိနစ်၂၀ကြာ လေပြင်းတိုက်ခိုက်ခြင်းနဲ့ အတူ မိုးများပါရွာသွန်းပြီး သစ်ပင်များပြိုလဲပိမိကာ ကားများ၊ ဆိုင်ကယ်များ ပျက်စီး။ မုံရွာမြို့ထဲနဲ့ ကျောက်ကာလမ်း၊ ဗိုလ်ချုပ်လမ်းတလျှောက် နှစ်ရှည်သစ်ပင်ကြီးများ အမြစ်ကပြိုလဲ အိမ်တွေပေါ်ပိပြီး လျှပ်စစ်တာဝါတိုင်များလဲ ပြိုကျပျက်စီးခဲ့။ (သတင်းဓါတ်ပုံ - အောင်နေမျိုး)

မန္တလေးတွင် ဆူပူလှုံ့ဆော်သူ အချို့အား ထိမ်းသိမ်း

Posted: 02 May 2013 05:11 PM PDT

မန္တလေး ၊ မေ ၂ ။

ယနေ့ညပိုင်း (၁၀း၀၀)နာရီကျော်ခန့်က မန္တလေး ၃၅လမ်း၊ ရ၆လမ်း နားမှ စတင်ပြီး ဆိုင်ကယ်စီး လူအုပ်စု တစ်စုမှ ဆူပူအော်ဟစ် မှုများ ပြုလုပ် လျက်ရှိသည့် အတွက် လုံခြုံရေးများ မှ စောင့်ကြည့် ဖြောင့်ဖျ သော်လည်း ၎င်းအုပ်စုမှာ အနည်းငယ်ချင်း ရွေ့လျားလျက် သီချင်း ဆို၍ လည်းကောင်း၊ အော်ဟစ်၍ လည်းကောင်း ဆက်လက်ပြု လုပ်နေသည့် အတွက် ၃၅လမ်းနှင့်၇၈လမ်း ဒေါင့်တွင် ၎င်းတို့ထဲမှ (၃)ဦး အား ဖမ်းဆီး ထိမ်းသိမ်း လိုက်ပြီးနောက် လူစု ကွဲသွားပါတယ်။

ယခု အခါ ၃၅လမ်း၊ ၇၄ ၊ ၇၅ ၊ ၇၆ ၊ လမ်းတစ်လျှောက်တွင် ဖွင့်လှစ်သော ညအလင်းဆိုင်များ ပိတ်ထားလိုက်ပြီး လုံခြုံရေးကားများ တပ်ဖွဲ့ဝင်များ ချထားတာ တွေ့ရပါတယ်။

သတင်း နှင့် ဓါတ်ပုံ
ရဲင့်ကျော်




ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ဆွေးနွေးပွဲ (ရုပ်/သံ)

Posted: 02 May 2013 05:00 PM PDT

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေအနေနဲ့ အပြောတမျိုး အလုပ်တမျိုးလုပ်ရင် ပြည်သူက ယုံကြည်မှုရှိမှာ မဟုတ်ဘူး လို့ နေပြည်တော်မှာ မနေ့က ပြုလုပ်တဲ့ ပါတီ လူငယ်ဆွေးနွေးပွဲမှာ ပါတီဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါ တယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုဝင်းနောင်တိုး က တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




အကွဲအပြဲများနဲ့  မြန်မာအလုပ်သမား ညီလာခံ (ရုပ်/သံ)

Posted: 02 May 2013 04:48 PM PDT

မြန်မာနိုင်ငံက အလုပ်သမား အဖွဲ့အစည်းပေါင်းစုံ တက်ရောက်ကြတဲ့ ဒီညီလာခံကို ဒီကနေ့ ဆက်လက် ကျင်းပရာမှာ မနေ့က ဆွေးနွေးပွဲကနေ သဘောထား ကွဲလွဲပြီး ထွက်ခွာသွားခဲ့တဲ့ ဦးမောင်မောင် ဦးဆောင်တဲ့ FTUB အဖွဲ့လည်း ပြန်လည် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံ ကို RFA အဖွဲ့သား ဦးဘအောင်က တင်ပြထားပါတယ်။---

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မြန်မာအပေါ် ၉၇ ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ အိုးဘားမား လိုလား

Posted: 02 May 2013 04:33 PM PDT

၁၉၉၇ ခုနှစ် သမ္မတ ဘီလ်ကလင်တန် လက်ထက်က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ သမ္မတအိုဘားမားက အမေရိကန်လွှတ်တော် နှစ်ရပ်ကို အသိပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲကျင့်သုံးရာမှာ၊ ထိစပ်ဆက်ဆံရေးမူ ကို ကျင့်သုံးနေသလို တဘက်မှာ ဖိအားပေးတဲ့ အရေးယူမှုတွေရှိသေးတယ် ဆိုတာကို ပြတာပါလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက် အားထုတ်ဆောင်ရွက်နေပေမဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသား အရေးပေါ် အက်ဥပဒေကို သမ္မတ ဘရက်အိုဘားမားက ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြား လိုက်တာပါ။ ဒီလုပ်ရပ်အပေါ်မှာတော့ အမေရိကန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ USCB က ၀မ်းမြောက်ကြိုဆိုတဲ့ အကြောင်း အဲဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Quigley က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ဒါဟာ လုပ်သင့်တဲ့ကိစ္စပါ။ အချို့နေရာတွေ ပြောင်းလဲတိုးတက်မှုတွေ ကျန်နေသေးတယ် ဆိုတာကို ပြသဖို့ ထိရောက်တဲ့ ကန့်သတ်ချက်တွေ ရှိထားရမှာပါ။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ကိစ္စရပ်တွေမှာပါ။ ဆိုလိုရင်းကတော့ အရေးယူဒဏ်ခတ်မှုတွေ ရှိနေသေးတယ်ဆိုတာပါ။ အခုလို သက်တမ်းတိုးခြင်းအားဖြင့် စစ်တပ်နဲ့ပတ်သက်မှုတွေကို ကန့်သတ်တာ အပါအ၀င် အရေးယူဒဏ်ခတ်မှုတရပ်လုံး ရှိနေသေးတယ်ဆိုတာ ပြပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းမှုမှာတော့ မြန်မာနိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပင်နေတဲ့အခြေအနေ အတော်များများမှာ အရေးကြီးတဲ့ တိုးတက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသား ၈၅၀ လွတ်မြောက်ခဲ့တာ၊ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်တာ၊ နိုင်ငံတွင်းမှာလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့် နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်လှုပ်ရှားခွင့်တွေ ရှိလာတာကို ထောက်ပြပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးအဓိကရုဏ်း၊ တိုင်းပြည်တွင်း အခြားနေရာတွေက ဘာသာရေးအဓိကရုဏ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ အပါအ၀င် ဖြေရှင်းလုပ်ကိုင်စရာ အတော်များများ ရှိသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။ Jennifer Quigley ကတော့ အိမ်ဖြူတော်ရဲ့ ဒီ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေ ရှိနေသေးတယ်ဆိုတာ ပြသတဲ့အကြောင်း ယူဆပါတယ်။

"၁၉၉၇ ခုနှစ် သမ္မတဘီလ်ကလင်တန်လက်ထက်က ချမှတ်ခဲ့တဲ့ ဒီ ဥပဒေ အသက်ဝင်ဖို့ဆိုရင် နှစ်စဉ် ပြန်ပြီး သက်တမ်းတိုးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူမှုဥပဒေကို သက်တမ်းတိုးဖို့ အစီအစဉ်ရှိတယ်ဆိုတာကို သမ္မတအိုဘားမားက လွှတ်တော်ကို အသိပေးတာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရင်းနှီးမြှုပ်နှံမှုတားမြစ်မှုကို ပြန်ရုပ်သိမ်းထားတာကို ပြန်နောက်ဆုတ်စေလိုတဲ့သဘောတော့ မဟုတ်ဘူး။ ဆိုတော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်တော့ ခွင့်ပြုထားဆဲပါ။ ဒါပေမဲ့ ယာယီရုပ်သိမ်းထားတာမဟုတ်တဲ့ ကန့်သတ်ချက်တွေကို ဆက်ရှိစေဖို့ ဒီ ဥပဒေကို ဆက် သက်တမ်းတိုးတာဖြစ်ပါတယ်။ "

အထူးသဖြင့်တော့ စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီး ကန့်သတ်ထားတာဖြစ်တယ် လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကနေ မြန်မာအပေါ် အရေးယူမှုတွေကို ဆိုင်းငံ့ထားရာမှာ လည်း အဲဒီ ဥပဒေတခုလုံးကိုမဟုတ်ဘဲ၊ အစိတ်အပိုင်းပဲဖြစ်တာမို့ ကျန်နေတဲ့ အရေးယူမှုတွေဟာ ဥပဒေအတိုင်း ဆက်ရှိနေဖို့လိုအပ်တာကြောင့် ဖြစ်တယ်လို့ Jennifer Quigley က ပြောပါတယ်။

"ဆိုင်းငံ့ထားတာက ဒီ ဥပဒေရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ အရေးယူမှု အားလုံးကို ဆိုင်းငံ့ထားတာ မဟုတ်ပါဘူး။ ဥပမာပြောရရင် ဒီ ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုအချို့ကိုတော့ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုတော့ ဆက်ပြီး တားမြစ်ထားပါတယ်။"

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ ကန့်သတ်ချက်တွေ အရေးယူမှုတွေကို၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့အညီ ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ဖို့လည်း အစိုးရနဲ့ လွှတ်တော်အကြား မမြဲမပြတ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးအရာရှိတွေ က ပြောပါတယ်။

ကျန်နေတဲ့ အရေးယူမှုတွေကတော့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက်ပေးမယ့် သူတွေအတွက် ပစ်မှတ်ထား ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီရေး အသွင်ကူးပြောင်း မှု ပြန်ပြီး နောက်မလှည့်သွားနိုင်အောင်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အားပေးဆောင်ရွက်သွားဖို့ကိုလည်း သန္နိဌာန် ချထားတယ်လို့ လွှတ်တော်ကို မနေ့က ရက်စွဲနဲ့ပေးပို့တဲ့ သမ္မတအိုဘားမားရဲ့ အကြောင်းကြားစာ ထဲမှာ ဖော်ပြထားပါတယ်။

ကိုသားညွှန်ဦး (ဗွီအိုအေ)

အမေရိကန်သမ္မတ ဘရက်အိုဘားမား။ (ဧပြီလ ၃၀ ရက်၊ ၂၀၁၃)။

မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

Posted: 02 May 2013 04:30 PM PDT

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတ ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ တွေကြောင့် မြန်မာနိုင်ငံနဲ့ ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုကို မြန်မာသမ္မတ ဦးသိန်းစိန် အခုမေလကုန်ပိုင်း လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာနိုင်ငံ အစိုးရ အာဏာပိုင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၉၆ ခုနှစ် သမ္မတ ထုတ်ပြန်ချက်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကနေ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ဒီအခြေအနေနဲ့အညီ အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်မှန်းပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မ၀င်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောက်အယှက်ပြုစေတဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ၀င်ရောက်ခွင့်တွေ ပိတ်ပင်ထားတဲ့ သမ္မတထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်တာပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပိုင်းဖြတ်ချက်နဲ့ ဆောင်ရွက်နေချိန် မှာပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အမေရိကန်အစိုးရအနေရဲ့ ဟန်ချက်ညီညီ ဆောင်ရွက်ချက်ဖြစ်ပါတယ်။"

၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ဟာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အရာရှိကြီးတွေ၊ အစိုးရ၀န်ကြီးဌာနကပိုင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ပင်စင်စားတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည် လာလို့မရအောင် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့သူတချို့ကို အဲဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးသားပါ။

၁၉၉၆ ခုနှစ် Visa Ban မှာ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်ချက်တွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ အတော်လေး ပြုပြင်ဆောင်ရွက် လာခဲ့တာမို့၊ အခုတော့ ၁၉၉၆ ခုနှစ် စာရင်းတခုလုံးကို ပယ်ဖျက်ပေး လိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

"ဒီ ပြည်ပခရီးသွားလာခွင့် ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအ၀င် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ လူမှုရေး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါ စိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့ အောင်အောင်မြင်မြင် နေရာယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။"

အခုလို ၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် အမျိုးသားအရေးပေါ် အက်ဥပဒေ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအက်ဥပဒေ၊ ၂၀၀၈ ခုနှစ် JADE အရေးယူမှု ဥပဒေ၊ ၂၀၁၂ ခုနှစ် သမ္မတအမိန့်တွေအတိုင်း ကန့်သတ်ချက်တွေကတော့ ဆက်ပြီး အကြုံးဝင်နေဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပစ်မှတ်ထားအရေးယူခဲ့တဲ့ စာရင်းတွေတော့ မပါသေးဘူးလို့ ဆိုရမှာပါ။

ကိုသားညွှန်ဦး (ဗွီအိုအေ)



ခြေလေးချောင်းပါ ကလေးငယ်

Posted: 03 May 2013 02:25 AM PDT

လွိုင်လင်ခရိုင်၊ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ခြေလေးချောင်း ပါရှိသည့် သုံးလသား အရွယ် ကလေးငယ် တစ်ဦးအား ၎င်း၏မိဘများက လိုအပ်သည့် ခွဲစိတ်ကုသမှု ခံယူရန် ဧပြီလ ၃၀ ရက် နံနက်ပိုင်းက ရောက်ရှိလာ သည်။ အဆိုပါ ကလေးငယ်၏ မိဘများအား မေးမြန်းရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



ရှမ်းပြည်နယ် တောင် ပိုင်း လွိုင် လင် ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ တွေ့ရသော ကလေးငယ်လေး (ဓနုမလေး Facebook မှ)

မေလ ၃ရက်နေ့ ထုတ် EURO SPORTS Journal အတွဲ ၄၊ အမှတ် ၅၄

Posted: 02 May 2013 03:13 PM PDT

မေလ ၃ရက် (သောကြာနေ့)ထုတ် EURO SPORTS Journal (VOL.4, NO.54)
(နောက်ဆုံးရ သတင်းများနှင့် ယူရိုပါလိဂ်ပွဲ ရလဒ်များ ပါဝင်သော သောကြာနံနက် အချပ်ပို ပူးတွဲပါရှိ)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မန္တလေးတွင် အလုပ်သမားနေ့ အလုပ်ဆင်းရ၍ ဆန္ဒပြ

Posted: 02 May 2013 02:57 PM PDT

မန္တလေး- အလုပ်သမားနေ့တွင် အလုပ်ဆင်းရသဖြင့် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံရှိ အလုပ်သမားများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မေ ၁ရက် နံနက် ၇ နာရီခန့်မှ စတင်ကာ စက်ရုံဝင်းအတွင်း အလုပ်သမားဦးရေ ၄၀၀ ကျော်ခန့်က အလုပ်မဆင်းဘဲထိုင်လျက် ဆနထုတ်ဖော်နေခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမား ကိုရွှေလ၀င်း ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

7Day News Journal ဓာတ်ပုံ- ညီညီဇော်

အိန္ဒိယစပိုင် ပါကစ္စတန်ထောင်ထဲမှာသေဆုံး

Posted: 02 May 2013 02:49 PM PDT

ပါကစ္စတန် အကျဉ်းထောင်ထဲမှာ သေဒဏ်ကျ ခံနေရတဲ့ အိန္ဒိယသူလျှို Sarabjit Singh ဟာ  အတူအကျဉ်းကျနေသူ ၂ ဦးရဲ့ အုတ်ခဲနဲ့ထုနှက် တိုက်ခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့သောကြာနေ့က Lahore က Kot Lakhpat အကျဉ်းထောင်မှာ အတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကုသမှု ခံယူနေခဲ့ရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Lakhpat အကျဉ်းထောင်မှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အိန္ဒိယစပိုင် Sarabjit Singh။ (မေလ ၂ ရက်၊ ၂၀၁၃)။