သစ်ထူးလွင်

သစ်ထူးလွင်


သင်္ဘောဝမ်းဗိုက်အတွင်း သန့်ရှင်းရေးပြုလုပ်စဉ် အသက်ရှူကြပ်၍ ၃ ဦးသေ

Posted: 08 May 2013 07:34 AM PDT

နေပြည်တော်၊ မေ ၈

၇-၅-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ပြည်သူ့ ဆေးရုံကြီးတွင် အသက်ရှုကြပ်သည့် လက်္ခဏာများဖြင့် သေဆုံးနေသည့် လူသေ အလောင်း(၃)လောင်းနှင့် လူနာ(၁)ဦး ရောက်ရှိနေကြောင်း သတင်းအရ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ မြိတ်/ကျွန်းစုဒေသရှိ သစ်ထုတ်လုပ်ကွက်များမှ သစ်များအား အငှားတင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် အတွက် လွန်ခဲ့သော(၁)လခန့်မှစ၍ ကျောက်ချ ရပ်နားထားသည့် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ ""သူရိယစန္ဒာဝင်း""ကုမ္ပဏီပိုင် MV-ဇ၀န အမည်ရှိ တွန်းသင်္ဘောနှင့်တွဲလျက် BARGE-11 Singapore ကုန်တင်သင်္ဘောမှ သင်္ဘောရေယာဉ်မှူး ဦးရဲရွှေပါ(၁၅)ဦးတို့သည် ထိုနေ့ ၀၇၃၀ အချိန်မှစ၍ သင်္ဘောအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် သင်္ဘောဝမ်းဗိုက်အတွင်းရှိ ရေလုံခန်း(၂၈)ခန်းအနက် (၅)ခန်းမြောက်အခန်းအား သန့်ရှင်းရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မင်းဘောရွာနေ ဒုရေယာဉ်မှူး ဇင်ကိုဦး(ခ)ကြက်ဖ(၂၄)နှစ်မှာ သင်္ဘောဝမ်းဗိုက်အတွင်းရောက်ရှိစဉ် လဲကျသွားသည်ကို သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နေ သင်္ဘောသားခေါင်းဆောင် ကျော်မြင့်(ခ)ကျော်ကျော်မြင့်(၂၉)နှစ်မှ တွေ့မြင်ရသဖြင့် ကူညီရန်သွားရောက် ခဲ့သည်။ ကျော်မြင့်(ခ)ကျော်ကျော်မြင့်မှ သင်္ဘောဝမ်းဗိုက်အတွင်းသို့ရောက်ရှိစဉ် လဲကျသွားခဲ့သဖြင့် မအူပင်မြို့နယ်၊ ဖိုးရာဝဲရွာနေ သင်္ဘောသား ၀င်းထွန်း(၂၈)နှစ်မှ ကူညီကယ်တင်ရန် သင်္ဘောဝမ်းဗိုက် အတွင်းသို့သွားရောက်စဉ် ထပ်မံလဲကျသွားခဲ့သည်။ သတိလစ်လဲကျနေသူ(၃)ဦးအား ကယ်ဆယ်ရန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တောင်ပလူကျေးရွာနေ သင်္ဘောဆီလောင်း သန်းထိုက်အောင် (၃၂)နှစ်မှ သင်္ဘောဝမ်းဗိုက်အတွင်းသို့ ကြိုးနှင့်ဆင်း၍ လဲကျနေသည့်ဝင်းထွန်းအား အပေါ်သို့ဆွဲတင်ရန် ကြိုးချည်ပြီးချိန်တွင် သန်းထိုက်အောင်လည်း ထပ်မံလဲကျသွားခဲ့သည်။ ထိုစဉ် သင်္ဘောကုန်းပတ်ပေါ်တွင် အသင့်ရှိနေသည့် စက်ဆရာ ဇော်လွင်နှင့်အဖွဲ့မှ ၀င်းထွန်းအား သင်္ဘောဝမ်းဗိုက်အတွင်းမှ ကုန်းပတ်ပေါ်သို့ ရောက်အောင် ဆွဲတင်ခဲ့ပြီးနောက် စက်ဆရာဇော်လွင်မှ တွန်းသင်္ဘောတွင်တပ်ဆင်ထားသော အောက်ဆီဂျင်ပေးသည့်ကိရိယာတပ်ဆင်၍ သင်္ဘောဝမ်းဗိုက် အတွင်းသို့ဆင်းကာ သန်းထိုက်အောင်၊ ကျော်မြင့်(ခ)ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ)ကြက်ဖတို့အား သင်္ဘောကုန်းပတ်ပေါ်သို့ရောက်ရှိအောင် ဆောင်ရွက်ခဲ့သည်။

 ၎င်းနောက် စစ်ဆေးကြည့်ရှုရာ သန်းထိုက်အောင်၊ ကျော်မြင့်(ခ)ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ)ကြက်ဖတို့အား ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ သေဆုံးနေပြီး ၀င်းထွန်းမှာ အသက်ရှူကြပ်ပြီး ဝေဒနာခံစားနေရကြောင်း တွေ့ရှိရသဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်မှာ အောက်ဆီဂျင်ပေးသည့်ကိရိယာမပါရှိဘဲ သင်္ဘောဝမ်းဗိုက်အတွင်းသို့ သန့်ရှင်းရေးပြုလုပ်ရန် ၀င်ရောက် ရှင်းလင်းရာမှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်ကတည်းကပိတ်ထားသည့်အခန်းအတွင်း လူ့အသက်အန်္တရာယ် ဖြစ်စေနိုင်သည့်လေထုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂၉/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ကျောက်ဖြူတွင် မူဆလင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ကန့်ကွက်မူ အချို့ရှိ

Posted: 08 May 2013 06:37 AM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်း မူဆလင် ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်မူ အချို့ရှိနေတယ်လို့ သိရပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ဝင်း ဦးဆောင်တဲ့ ၀န်ကြီး အဖွဲ့ တစ်ဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ကျောက်ဖြူမြို့ကို စစ်တွေကနေ မေလိခ အမြန် မော်တော်နဲ့ ရောက်ရှိလာရာမှာ ခုလို ကန့်ကွက်မူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စုရုံး စောင့်ဆိုင်းနေသူ ရွာသားများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Coral Arakan)

မန်ယူနည်းပြကြီး ဖာဂူဆန် အနားယူပြီ

Posted: 08 May 2013 05:49 AM PDT

မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းရဲ့ အသက် ၇၁ နှစ်အရွယ် နည်းပြကြီး ဖာဂူဆန်က ဒီနှစ် ဘောလုံး ရာသီအကုန်မှာ နည်းပြဘ၀ကနေ အနားယူ တော့မယ်လို့ မန်ယူအသင်းရဲ့ ၀က်ဆိုက်ကနေ ဒီနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆ နှစ်ကြာ တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် အပါအ၀င် ဆုဖလားပေါင်း ၃၈ ခု ရယူ ပေးနိုင်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အကြမ်းဖက် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားရုံးများတွင် ပြစ်ဒဏ်စီရင်

Posted: 08 May 2013 05:40 AM PDT

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပါဝင်တဲ့သူတွေကို တရားရုံးတွေက ပြစ်ဒဏ်စီရင်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ် ဇွန်လက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသား ၁၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ မနေ့ မေ ၇ ရက်နေ့မှာတော့ သူတို့ကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း

မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ဆွေးနွေး

Posted: 08 May 2013 05:29 AM PDT

သြစတြေးလျနိုင်ငံက လွှတ်တော်အမတ်တွေ ပညာရှင်တွေနဲ့ မြန်မာလွှတ်တော် အမတ်တွေ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲဟာ အကျိုး သက်ရောက်မှု ရှိမယ်လို့ ရှေ့နေဦးကိုနီက ပြောပါတယ်။  ရန်ကုန်မြို့ Micasa Hotel မှာ ဒီနေ့စတင်တဲ့ ဆွေးနွေးပွဲမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အင်ဒိုနီးရှားရဲနှင့် မြန်မာသံရုံးဗုံးခွဲမှု နောက်ဆက်တွဲ သံသယရှိသူတို့ ပစ်ခတ်မှုဖြစ်ပွား (ရုပ်/သံ)

Posted: 08 May 2013 05:21 AM PDT

အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်တဲ့ကိစ္စမှာ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ သံသယဖြစ်ခံရတဲ့ လူ ၄ ဦးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း (BANDUNG) က လာတဲ့ AFP သတင်းမှာ ရေးပါတယ်။

အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမှာ ဒေသစံတော်ချိန် ၁၁ နာရီခွဲလောက်က ပစ်ခတ်ကြတာလို့ အမျိုးသားရဲတပ်ဖွဲပြောခွင့်ရသူ (Boy Rafli Amar) ရဲ့ ပြောဆိုချက်ကို AFPက ကိုးကားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု နောက်ဆက်တွဲကိုတော့ မသိရသေးပါဘူး။

ရုပ်မြင်သံကြားမှာ ပြသတဲ့ပုံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ စပါးခင်းတွေအကြားက အိမ်တလုံးကို ပစ်ခတ်နေတဲ့ ပုံတွေပါရှိပါတယ်။

အခုဖြစ်ရပ်ဟာ ဂျကာတာမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဖမ်းဆီးမှုအပြီး နောက်ဆက်တွဲဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ (Nanan Soekarna) က ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတွေဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့တုန်းက ဂျကာတာအခြေပြု မြန်မာနိုင်ငံသံရုံးကို ဗုံးခွဲတိုက်ခိုက်မယ်လို့ သံသယဖြစ်ဖွယ် လူ ၂ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

DVB TV News

Video courtesy: METRO TV

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မန္တလေး ချမ်းမြသာစည်မှာ ၀ရိန်ဆော်တာကနေ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွါးနေ

Posted: 08 May 2013 05:13 AM PDT

ဒီကနေ့ညနေ ၅ နာရီဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၁ လမ်းကြား သိပ္ပံလမ်းပေါ်မှာရှိတဲ့ ဆောက်လက်စ ကာရာအိုကေ အဆောက်အဦးမှာ ဝရိန်ဆော်တာကနေ စတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကို မန္တလေးမြို့အတွင်းက မီးသတ်ကား ၅၀ကျော်လာရောက်ငြိမ်းသတ်နေပြီး၊ အဲဒီအဆောက်အဦးမှာ နေထိုင်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်း ကနဦးရရှိတဲ့ သတင်းတွေ အရသိရပါတယ်။

သတင်း - ဓါတ်ပုံ RFA Burmese




စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြမယ် နွှာကြမယ်

Posted: 08 May 2013 02:54 AM PDT

ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။

ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။

ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။

ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ လူ့ငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ အာဏာရှင်စစ်သူရဲတွေရဲ့ တရှဲရှဲဆီပူထိုး ချိုးကပ်တဲ့ညှော်နဲ့ဆိုးလားဟဲ့။

မဖြစ်ချေဘူးကွယ်ရို့။ ငရဲအိုးတွေချိုးမကပ်အောင်တော့ ခွာကြမှ တော်မယ်ကွယ်။ ငါကိုယ်တိုင် အဲ့ဒီငရဲအိုးတစ်မျိုးမျိုးထဲ ဆင်းရဦးမှာလားတောင် မသိတာ။ ဆီပူအိုးဆိုတာ ချိုးရှိရင်နောက်ထည့်ပစ္စည်း ချိုးကြီးကပ်ဖို့ နီးသဟဲ့။

ငါ ဆီပူလောင်ပြန်ဦးမှာလား။ ချိုးကြွပ်ကပ် ပြန်ဦးမှာလား။
ဒီလိုပဲပေါ့ဗျာ။ တွေးတောယုံမှားခြင်းတွေ ကျုပ်ကို ညှဉ်းဆဲနေသဗျ။ အေးအေးသတ္တဝါတွေ ဆင်းရဲကင်းကြပါစေ။ အပူကင်းကြပါစေ။ ငရဲအိုးတွေချိုးမကပ်ကြပါစေနဲ့။ အမျှ အမျှ အမျှ။

ငရဲအိုးတွေကိစ္စ ပြောမယ့်သာပြောရတာ။ ကျုပ်တို့၊ ခင်ဗျားတို့ခေတ်မှာ စစ်အာဏာရှင်ငရဲအိုးတွေ အမျိုးအမျိုး ပေါ်ခဲ့တာဆိုတော့ ရိုးနေတဲ့ကိစ္စပဲပေါ့လေ။

အခု သမ္မတဦးသိန်းစိန် အစိုးရခမျာလည်း အဲဒီငရဲဆီပူအိုးတွေကို ချိုးခွာရမယ့် တာဝန်ကြီး ပိနေရှာတယ်။ သနားစရာပဲဗျာ။ သမ္မတကြီးလည်းချွေးတလုံးလုံးနဲ့ဗျာ။ စစ်အာဏာရှင်တွေကြော်ခဲ့၊ လှော်ခဲ့ကြတာဗျ။ အဲဒီတုန်းက ဗိုလ်သိန်းစိန်တစ်ယောက် မှူးကြီး-ချုပ်ကြီး ဗိုလ်ရာဝင်ပြီလား။ ရှေ့တန်းရောက်နေပြီလား၊ မသိပါဘူးဗျာ။ အဲ ဗိုလ်ချုပ်ကြီးတွေ လက်စွမ်းပြခဲ့ကြတဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ ဟန့်တားမှုတွေက နည်းမှတ်လို့။ အဲဒါတွေရဲ့ သင်္ကေတ ပြယုဂ်ဖြစ်တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေ ဆိုတာကလည်း များမှများ။ တစ်ပြည်လုံး ပလူပျံနေတာလေ။

လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်အတွင်း လူငယ်ကျောင်းသား၊ ရဟန်းရှင်လူအများကို ထောင်ငရဲအိုးတွေမှာ ကြော်ခဲ့၊ လှော်ခဲ့သဗျ။ စစ်ထောက်လှမ်းစခန်းတွေမှာလည်း ထိုနည်းလည်းကောင်း။ အဓမ္မအလုပ်စခန်းတွေမှာလည်းအလားတူစွာပေါ့။ မီးပြင်းတိုက်၊ ဆီပူထိုး၊ ချိုးကပ်အောင် ကြော်သပေါ့လေ။ အဲဒီမီးပြင်းတွေ၊ အဲဒီဆီပူတွေဆိုတာက ပြောခဲ့တဲ့ မတရားဥပဒေတွေ၊ အမိန့်ကြေညာချက်တွေ၊ စည်းကမ်းနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေပဲပေါ့ဗျာ။

တကယ်တမ်းပြောမယ်ဆိုရင် အာဏာရှင်ခေတ်ဆိုးရဲ့ ချိုးတွေက ကျုပ်တို့တစ်မျိုးလုံးကို ကပ်နေတာဗျ။ အဲဒါတွေကို ကျုပ်တို့ တစ်မျိုးလုံးပဲ ကုန်းရုန်းတွန်းတိုက် မိုက်မိုက်ကန်းကန်း ခွာကြရမှာဗျ။ ခြစ်ကြရမှာဗျ။ ချွတ်ကြရမှာဗျ။ ပွတ်ကြရမှာဗျ။ ဖဲ့ကြရမှာဗျ။

ဒီနေ့ ကျုပ်တို့ လူ့ဘောင်အဖွဲ့အစည်းမှာ ခါးခါးသီးသီး တွေ့ကြုံခံစားနေကြရတဲ့ ရခိုင်ပြဿနာ၊ ကချင်စစ်ပွဲ၊ လက်ပံတောင်း သယံဇာတိကျိန်စာ၊ လယ်မြေအဓမ္မသိမ်း၊ စက်မှုကျွန်ခိုင်း၊ ပညာရေးဦးနှောက်ချောင်၊ ကျမ်းမာရေးလူညွန့်တုံး၊ အလုပ်သမား-လယ်သမား-လက်လုပ်လက်စား ဘဝပျက်၊ အရာရှိ-အရာခံ ဝန်ထမ်းလုပ်သား အကျင့်ပျက်၊ ပြည်သူတိုင်းရင်း ဆင်းရဲတွင်းနက်၊ စာနယ်ဇင်း အလင်းမဆောင်နိုင်၊ လွှတ်တော်ထဲက မရွေးအမတ်အသံ၊ အာဏာကပ်ပါး ခရိုနီတို့ရဲ့ခြေလှမ်း၊ အားလုံးပေါ့လေ။ စစ်အာဏာရှင်ခေတ်ဆိုးရဲ့ချိုးတွေဗျ။ ခွာကြဟေ့၊ ခွာကြ။

အဲ..... အဲ..... အညစ်ဆုံး၊ အမှောင်ဆုံး တဒယ်အိုးလုံးကို မီးသွေးတုံးကြီးလို စွဲကပ်နေတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ချိုးကြီးကိုလည်း ခွာကြရဦးမယ်ဗျ။

သမ္မတဦးသိန်းစိန် အစိုးရလည်းလက်ပိုက်ကြည့်မနေရှာပါဘူး။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်စရိုက်မကျင့်မိလေအောင် အလိုက်သင့်ကလေး စစ်အာဏာရှင်စနစ်ဆိုးချိုးတွေနွှာ၊ အိုးတွေခွာပေးနေတယ်ဗျာ။ ၁၉၈၈ ကတည်းကထုတ်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ အမိန့်ကြော်ငြာစာ ၂/၈၈ ကိုနှစ်အစိတ်ပြည့်လုတဲတဲလေးမှာ ရုပ်သိမ်းလိုက်တာကြည့်။

ကောင်းတယ်။ ကောင်းချီးပေးကြပါ။ သရီးချီးယား ဟစ်ဟစ်ဟူးရေးလို့ ဘိုလိုအော်ချင် အော်ကြပါ။

သမ္မတကြီးဟာ နှလုံးသမားဗျ။ ဟိုနှစ်လုံးသမား ပြောတာမဟုတ်ပါဘူး။ နှလုံးရောဂါသမားလို့ပြောတာပါ။ နှလုံးသမားဆိုတာ စိတ်မချရဘူး။ အဲဒီရောဂါမျိုးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဗျ။ တစ်နေ့နေ၊ တစ်နေ့ အဲ ..... အဲ .... သက်တော်ရာကျော်ရှည်ဆိုတာမျိုးဗျ။

ကျုပ်တို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ကို အာဖြဲဟစ်လိုက်ချင်စိတ် ပေါက်လာတယ်ဗျာ။ ကျုပ် သူငယ်ပြန်တာ မဟုတ်ပါဘူးနော်။ သူငယ်ပျော်တယ် ဆိုချင်ဆိုပါ။

ကိုင်း .... ကိုင်း ... ကျုပ်နဲ့အတူ အတင်းအာဖြဲ သီချင်းကဗျာ ဟဲကြစို့။

"နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် နှလုံးသမားကို တအားကူမယ် စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ် .... " ကိုင်း ..... ငရဲပြည်ကို၊ ငရဲကျွတ်တို့၊ ငရဲလူထွက်တို့ ....။

..... သမ္မတ ထောက်ခံကဗျာတေးကို ကျကျနန နောက်တစ်ပြန် လျှာသွေးလိုက်ကြပါဦး။ ဝမ်း .... တူး ... သရီး ...

" နည်းတယ် များတယ် သဘောမှာ မထားလို့ရယ် .... .... .... စစ်အာဏာ ချိုးအထပ်ထပ် မျိုးပြတ်အောင် ခွာကြဟယ် နွှာကြမယ်"။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။ အတွဲ(၂)၊ အမှတ်(၅)


မြေကြီးကိစ္စ မေ့လျော့ပေါ့ဆ မလုပ်ကြနဲ့  လှုပ်တက်တယ် ပြိုတက်တယ် မျိုတက်တယ်

Posted: 08 May 2013 02:53 AM PDT

ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လေးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။

ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ "မြေကြီးကိစ္စ" ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။

ဟုတ်လိုက်တာဗျာ။ ကျုပ်ပြောချင်နေတာကလည်း တစ်ပြည်လုံးရဲ့မြေတွေ ယာတွေရဲ့ကိစ္စ၊ မြေတွေ ယာတွေပေါ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ယာသမား၊ မြေလုပ်သားတွေရဲ့ ကိစ္စ၊ အဲဒီလုပ်သားထုကြီးရဲ့ ငွေကြေး အရင်းအနှီး မပြည့်စုံမှုကိစ္စ၊ ကြွေးမြီကိစ္စ၊ ချေးငွေကိစ္စ၊ စိုက်ထုတ်ရင်းနှီး သုံးစွဲနေရတဲ့ ပစ္စည်းကိရိယာ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စရိတ်ငွေကြေးတွေရဲ့ ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းတွေရဲ့ ကိစ္စ။ အို . . . ပြောမဆုံးပေါင် တောသုံးထောင်ပါပဲဗျာ။ စားရင်းတို့ရင် အပင်းဆို့သလို မော မော မော ဆိုတဲ့ စကားအတိုင်းပဲပေါ့။

ဒီအထဲ စစ်တပ်တို့၊ အစိုးရဌာနတို့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းဆိုတဲ့ အာဏာကပ်ပါးတို့က မတော်မတရား နည်းမျိုးစုံနဲ့ သိမ်းယူအပိုင်စီးထားတဲ့ မြေယာဧက သိန်းပေါင်းများစွာရဲ့ ကိစ္စကလည်းပါသေး။ သီးနှံစိုက် လယ်ယာမြေတွေပေါ်မှာ စက်ရုံ အလုပ်ရုံ၊ အိုးမြေ အိမ်မြေ၊ တပ်မြေ စခန်းမြေ၊ သတ္တုတူး ကျော်ဖော်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြောမပြနိုင်လောက်အောင် မတရားကြီး သိမ်းထားတဲ့မြေတွေက အများကြီး အားကြီးရှိသေးသဗျ။ အဲဂလို သိမ်းထားတဲ့ မြေတွေ၊ ယာတွေထဲမှာ တိုင်းရင်းသား ဒေသတွေက လယ်ယာမြေစိုက်ခင်းတွေကလည်း ဧရာမ အများကြီး ပါဝင်နေသေးတယ်လို့ ဆိုသဗျ။

ထားပါတော့ဗျာ။ အဲဒီမြေကြီး ကိစ္စကြီးတွေက ဒီနေ့ ပူလောင်ဆူပွတ် ဂယက်ထလာနေပြီဗျ။

လက်ပံတောင်း ကြေးနီစီမံကိန်းဆိုတာ အားလုံးသိကြပါရဲ့။ မီးခဲကိစ္စကြီးလေဗျာ။ စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲက မြေကြီးကိစ္စဗျ။ တရုတ်တရက်တွေ၊ ဗရုတ်ဗရက်လုပ်နေတဲ့ အရှုပ်အယှက်တွေလို့ သာမန်ကာလျှံကာ မထင်လိုက်နဲ့ဗျ။ အဲဒါလည်း မြေကြီးကိစ္စပဲဗျ။ သယံဇာတ တူးတယ်ဆိုတာ မြေကြီးကိစ္စပဲပေါ့ဗျာ။

အဲ . . . အဲ။ ပြောရဦးမယ်။ ကျုပ်ရင်လေးနေတယ်ဆိုတဲ့ကိစ္စက အဲဒီ မြေကြီးကိစ္စပဲဗျ။ မြေကြီးပေါ်မှာ လူတွေနေတယ်။ ကျုပ်တို့လို ကျောမွဲတိုင်းပြည်အဖို့က မြေကြီးပေါ်မှာပဲ လုပ်ကိုင်စားသောက်ကြရသပေါ့ဗျာ။ အဲဂလို လူတွေ မှီတင်းနေထိုင်ရာ မြေကြီး။ လူတွေ တူးဆွအသက်မွေးရာ မြေကြီး။ အဲဒီမြေကြီးတွေဟာ ပြဿနာတွေ ပေါက်ဖွားရာ၊ ပဋိပက္ခတွေ ပေါက်ကွဲရာ အရင်းခံ ဘူမိနက်သန်တွေ ဖြစ်လာမယ်ဆိုရင် တစ်ပြည်လုံး၊ တစ်မျိုးလုံး အခက်ကြုံ လာနိုင်ပြီလို့ ဆိုရပေမှာပေါ့ဗျာ။

ကမ္ဘာ့သမိုင်းကို ပြန်မျှော်ကြည့်မလား။ လတ်တလော အိမ်နီးချင်းနိုင်ငံ သတင်းတွေ ငဲ့စောင်းကြည့်မလား။ တိုင်းရေးပြည်ရာ ပြဿနာတွေဟာ မြေကြီးကနေ မီးစွဲတောက်လောင်လာတာဗျ။ ဘယ်လောက် အန္တရာယ်ကြီးနိုင်တယ်ဆိုတာ အလွယ်နဲ့ သိမြင်နိုင်ပါတယ်။

ဒီနေ့ ကျုပ်တို့တိုင်းပြည်မှာလည်း မြေကြီးတွေ ပူလောင် မြိုက်ကျွမ်းစပြုနေပြီလို့ ဆိုရမယ်ဗျ။

လက်ပံတောင်းလို သယံဇာတတူးဖော်ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ရန်ကုန်မြို့တော် အနီးအနား ဝန်းကျင်တစ်ဝိုက်က မြို့ပြနယ်မြေ တိုးချဲ့ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ပြည်နယ်ဒေသတွေမှာ စွမ်းအင်ထုတ်လုပ်မှုကိစ္စတွေဟာ မြေယာပြဿနာဖြစ်လာနေတယ်။

ဒီလို မြေကြီးကနေ မီးတောက်လာတဲ့ ကိစ္စတွေဟာ မထိန်းသိမ်းကြ၊ မဖြေရှင်းကြရင် ကြာလေလောင်လေ၊ လူ့ဘောင်မီးစွဲလေ ဖြစ်လာလိမ့်မယ်ဗျို့။

၂၀ ရာစုအတွင်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ မြေကိစ္စတွေက သမိုင်းသက်သေခံနေတယ်။ ၁၉၂၀ ပြည့် ကာလများအတွင်း မြေကြီးပြဿနာဟာ ဆရာစံတောင်သူလယ်သမားသူပုန်ကြီးကို မွေးဖွားပေးခဲ့တယ်။ ဂျပန်ခေတ် လယ်သမားတွေ လယ်မဆင်းနိုင်ဘူး။ မြေကြီးပြဿနာက ဖက်ဆစ် တော်လှန်ရေး လူထုအရေးတော်ပုံကြီးကို ဖန်တီးခဲ့တယ်။

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ စတဲ့ တိုင်းရေးပြည်ရေးတာဝန်ရှိသူတွေဟာ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး မြေကြီးကိစ္စ ဖြေရှင်းရေးလေသံတွေ ပစ်လာခဲ့ကြတယ်။ ဘယ်လို ပြဿနာထုထည်ပမာဏတွေကို စမ်းသပ်ရှာဖွေတွေ့ရှိလေသလဲတော့ မပြောတတ်။ တိုင်းပြည်ရဲ့ မြေကြီးပြဿနာတွေက တက်ပြီးတက်ရင်း ခေါင်ညွန့်ကို နင်းနေကြပြီ။

ကျုပ်တို့ ပြောချင်တာကတော့ဗျာ။ စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ၊ စီမံလျာထားချက်တွေ မဟုတ်ပါဘူး။ သဘောကိုပြောချင်တာပါ။ သဘာဝကို ပြချင်တာပါ။

မြေကြီးဆိုတာ လှုပ်တတ်သဗျ။ မနှစ်က စစ်ကိုင်းတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြီး မှတ်မိရဲ့မဟုတ်လား။

မြေကြီးဆိုတာ ပြိုတတ်သဗျ။ တလောက တရုတ်ပြည်ဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ မြေပြိုမှုကြီးတွေ မြင်မိမှာပေါ့။ ပျက်လိုက်တဲ့အိမ်တွေ၊ သေလိုက်တဲ့လူတွေ။ နည်းမှတ်လို့။

မြေကြီးဆိုတာ မျိုတတ်သဗျ။ ဘုရားလက်ထက် ဒေဝဒတ် မြေမျိုခန်းလို ဖြစ်ရပ်ကအစ ဒီနေ့ခေတ်ကမ္ဘာနဲ့ အဝန်း ကြက်သီးဖြန်းဖြန်းထစရာ ကြားနေကြရတဲ့ အိမ်တွေ၊ လူတွေ မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ မြေမျိုမှုတွေအထိပေါ့လေ။

ဒါ့ကြောင့် ကျုပ် အသည်းကြောင်ကြောင် ယောင်ကန်းကန်းဟစ်လိုက်ချင်တာကတော့ မြန်မာပြည်မှာ

မြေကြီးတွေ လှုပ်ခါနီးပြီဗျို့။
မြေကြီးတွေ ပြိုခါနီးပြီဗျို့။
မြေကြီးတွေ မျိုခါနီးပြီဗျို့။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၁၇)။။။ (၆-၅-၁၃)


မေလ(၁၀)ရက်နေ့ ထုတ် Hot News Weekly ဂျာနယ် အတွဲ ၃ ၊ အမှတ် ၁၃၉

Posted: 08 May 2013 02:30 AM PDT

မေလ(၁၀)ရက်နေ့ ထုတ် Hot News Weekly ဂျာနယ် အတွဲ ၃ ၊ အမှတ် ၁၃၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မိုးကုတ်ကျောက်မျက် အထွက်နှုန်းကျမှု သိသာလာ

Posted: 08 May 2013 03:04 AM PDT

မိုးကုတ်ရတနာ နယ်မြေ၌ကျောက် မျက် အထွက်နှုန်း ဆုတ်ယုတ်မှု သိသာ နေပြီဟု မြန်မာနိုင်ငံ
 ကျောက်မျက် လုပ် ငန်းရှင်များ အသင်းက ထုတ်ဖော်ပြော သည်။၎င်းအသင်း၏ တွဲဖက် အထွေ ထွေ အတွင်းရေးမှူး (၃) ဦးထွန်းလှ အောင်က ''ဧရိယာလည်း ကျဉ်းလာနေ ပြီ။ ထုတ်ဖော်လာတဲ့ နှစ်ကပါ များလာ ပြီလေ။ ဒါကြောင့်ပါ'' ဟု ပြောသည်။ နာမည်ကျော် ပတ္တမြားနှင့် နီလာ ထွက်ရှိသော မိုးကုတ်ရတနာ နယ်မြေ တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေပဲဆူဆူ၊ ရေငွေ့ပဲပျံပျံ လုပ်ရမှာပဲ

Posted: 08 May 2013 02:22 AM PDT

ရန်ကုန်၊ မေ ၆

သာမန်ထက် ကျော်လွန်နေသော မြန်မာ နိုင်ငံ၏ အပူချိန်ကြောင့် အပူဒဏ် ကာကွယ်ရေး နှိုးဆော်စာများကို နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံ ကြားတို့မှ နေ့စဉ်ကြေညာ ထုတ်လွှင့်နေသော် လည်း လက်တွေ့လိုက်နာကျင့်သုံးရန်မစွမ်းသော သူများအများအပြားရှိနေ သေးသည်။

"ဒီရာသီက အရမ်းအလုပ်ရှုပ်တဲ့ ရာသီပေါ့။ နေ့ခင်းဘက် ချစ်ချစ်တောက်ပူနေလည်း နားဖို့ မပြောနဲ့။ ယားလို့တောင်မကုတ်အားဘူး။ အဲ တစ်နေ ရာကနေ တစ်နေရာအကူးမှာတော့ ကား ပေါ်ကရေသန့်ဘူးတွေပေါ်မှာပဲ တစ်မှေးမှေး ရတာပေါ့" ဟု ရန်ကုန်မှ ရေသန့်ပို့လုပ်သား ကိုမြကဆို သည်။ နွေရာသီ ရေသန့်ရောင်း အကောင်းဆုံးအချိန်မို့ သန်လျင်ရှိစက်ရုံမှ ရေ သန့်ဘူးများအား မြို့တွင်းရေသန့်ဆိုင်များသို့ လိုအပ်ချက်အရ အလျင်မီအောင်ပို့ပေးနိုင်ရေး အတွက် နေ့လယ်နေ့ခင်းအနား ယူသင့်သော အချိန်များတွင်လည်း သူတို့အနားမယူနိုင်ကြ။ "ဘောက်ဆူးပေးမယ်ေ တာ့ ပြောတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်ဗျာ။ နေပူပူထဲမှာ ချွေးကလည်း တအား ထွက်ဆိုတော့ ညအလုပ် သိမ်းရင်လူကို ခြေကုန်လက် ပန်း ကျနေတော့ တာပဲ။ နောက်နေ့တွေ ဆက်လုပ်ဖို့တောင် နည်းနည်းကြောက်နေမိတယ်"ဟု ကိုမြက ပြောသည်။

 ထို့အတူ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လည်း လုပ်သားသစ်ရှာမရ သဖြင့် နေပူရှိန်ပြင်းထန်သော်လည်း အနားယူ ချိန် အလုံ အလောက်ပေးရန် အခက်အခဲ ရှိ ကြောင်း သိရသည်။ "အလုပ်သမားအသစ်က အရမ်းရှားတယ်။ လက်ခံထားတဲ့ အလုပ်ကို ပြီးရမယ့်အချိန်မီ   အောင်လည်း လုပ်ရမယ်ဆိုတော့ သူတို့ကို လုပ်ခပိုပေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် သမားတွေကို ရှင်းပြတယ်။ နေပြင်း တယ်။ အနားယူသင့်တယ်။ ဒါပေမဲ့ ဘာညာပေါ့ ဗျာ။ သူတို့ကလည်း လုပ်ခပိုရမယ်ဆိုတော့ လုပ် မယ်ပေါ့"ဟု လမ်းမတော်မြို့နယ် အဆောက် အအုံ ကန်ထရိုက်တာ ဦးမြင့်မောင်က ပြော သည်။ထိုကဲ့သို့ လုပ်ငန်းခွင်ဝင်ရာ၌လည်း နေပူ ဒဏ်ထိုက်သင့်သလောက် သက်သာရာရစေရန် အတွက် ခမောက်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်များ စီစဉ်ပေးခဲ့သည်ဟု ၄င်းက ဆိုသည်။

ထို့အတူ NLD အခမဲ့ဆေးခန်းတွင် ဆေး ကုသမှုပေးရသော ဒေါက်တာကျော်စွာဦးက လုပ်ငန်းရှင်များအနေဖြင့် အပူဒဏ်လွန်ကဲသော ကာလလုပ် ငန်းခွင်အတွင်း အလုပ်သမားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်ဟု ယူဆထားသင့် ကြောင်း အကြံပြုသည်။ "တအားပူတော့ အနည်းဆုံး ရေဘူးလေး တွေ ဆောင်သွားသင့်တယ်။ အလုပ်ရှင်ဘက် ကလည်း အမိုးအကာတို့၊ ရေသန့်တို့ကို စီစဉ်ပေး သင့်တယ်။ အလုပ်သမားတွေ ရေဆာတိုင်းသာ ရေဝယ်သောက်ရမယ်ဆို သူတို့ရှာသမျှ ရေဖိုးနဲ့ ကုန်မှာ ပဲ"ဟု ၄င်းက ပြောသည်။သို့ရာ တွင် မြန်မာနိုင်ငံသည် အလုပ်သမား အခွင့်အရေးကို တန်ဖိုးမထားတတ်သေးသော နိုင်ငံတစ်ခုဖြစ်ရာ အလုပ်သမားကို စောင့်ရှောက် တန်ဖိုး ထားရကောင်းမှန်းမသိဘဲ ကိုယ့်အလုပ် ပြီးရေးကိုသာ စဉ်းစားအာရုံစိုက်တတ်သော အလုပ်ရှင်များလည်း ရှိပါသေးသည်။ "မြစ်ထဲကနေ သဲတို့၊ေ ကျာက် စရစ်တို့ကို စက်နဲ့စုပ်တယ်ဆိုတာ လူက သိပ်မပင်ပန်းဘူး။ ဒါပေမဲ့ ဘာအရိပ်မှမရှိဘူး။ တအားပူတာ" ဟု ပြောသူကတော့ ပုသိမ်မြို့ 'နေလ' အုတ်သဲ ကျောက်ရောင်းဝယ်ရေးမှ အလုပ်သမားတစ်ဦး ဖြစ်သည်။ မိုးမကျမီဆောက်လုပ်ရေး လုပ်ငန်း အချို့အပြီးသတ်ရန် အားသွန်နေမှုကြောင့် အုတ်သဲကျောက် ဝယ်လိုအား များလာရာ အလုပ်သမားများမှာ နေပူဒဏ်လည်း မရှောင်ကြ ရရှာပါ။

   "တအားပူတဲ့အချိန်မှာ ရေစိုလိုက်၊ ပြန် ခြောက်လိုက်နဲ့ဆိုတော့ တစ်ယောက်ကတော့ မခံနိုင်တော့လို့ ထွက်လိုက်ရပြီ။ ကျွန်တော် ကတော့ ထွက် လို့ အဆင်မပြေသေးဘူး" ဟု သူ့အခက်အခဲကို ပြောသည်။ယခုလက်ရှိမြန်မာနိုင်ငံ၏ အပူချိန်သည် သာမန်ထက်လွန်ကဲနေသောကြောင့် နေပူချိန် အပြင်းဆုံးဖြစ်သည့် နေ့လယ်နေ့ခင်းအချိန်များ တွင် အလုပ်ရှင်များက အလုပ်သမားများကို နေပူရှောင် အနားယူစေသင့်ကြောင်း ကျန်းမာ ရေးေ လာကမှ ပညာရှင်များက ဆိုကြသည်။

"နေအပြင်းဆုံးလို့ဆိုရမယ့် ၁၂ နာရီ လောက်ကနေ ၃ နာရီလောက်အထိ အနားပေး သင့်တယ်။  အထူးသဖြင့် နေပူစပ်ခါးမှာ လုပ်ရ တဲ့ အလုပ်မျိုးေ တွမှာပေါ့" ဟု ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကျန်းမာရေး ညွှန်ကြားရေးမှူး အငြိမ်းစားဒေါက်တာခင်မောင်လွင်က မှတ်ချက် ပြုသည်။ ထိုကဲ့သို့ အနားယူစေခြင်းဖြင့် အလုပ်ရှင် များက မိမိအလုပ်သမား အပေါ် ကိုယ်ချင်း စာနာစိတ် ပြသရာရောက်ပြီး အလုပ်အတွက် ပိုမိုအကျိုးရှိစေမည်ဟု ၄င်းကဆိုသည်။"အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်။ ဒါမှအလုပ် သမားက အလုပ်ခွင်မှာ ကျန်းမာပျော်ရွှင် စွာ အလုပ်လုပ်နိုင်မယ်။ ကိုယ့်အလုပ်အတွက်လည်း အကျိုးရှိမယ်" ဟု ဒေါက်တာခင်မောင်လွင်က ထောက်ပြ ပြောဆိုသည်။သို့ရာတွင် အလုပ်ရှင် ၏ ဖိအားကြောင့် မဟုတ်ဘဲမိသားစု စားဝတ်နေရေးကြောင့် အပူ ဒဏ်ရှောင်ရန် မစွမ်းသာသူများလည်း ရှိပါသည်။

 "အာ … ရှောင်လို့ ဘယ်ရမလဲ။ နေပူ တာက ပူတာပဲ။ အိမ်က ပူတာက ပိုဆိုးတယ်။ အလုပ်မလုပ်ဘဲနေရင် ဒီနေထက်ပိုပူမှာပေါ့။ ကုန်သယ်စရာရှိ လို့ကတော့ ရေပဲဆူဆူ၊ ရေငွေ့ပဲ ပျံပျံလုပ်ရမှာပဲ" ဟု လမ်းမတော်မြို့နယ် ဝါးတန်း ဆိပ်မှ ကူလီအလုပ်သမား ကိုဖိုးဇော်က ပြော သည်။ ကူလီ လုပ်သားအချို့မှာ နေပူဒဏ် မရှောင် ကြရုံသာမက နေ့လယ်နေ့ခင်း အားလပ်ချိန် များတွင် အရက်သေစာသောက်သုံးမှုများပင် ရှိသည်ဟု သူက ဆိုသည်။ "အတော်ပေကြတာဗျာ။ ကျွန်တော်က မိသားစုကြောင့်သာ မနားရဲတာ။ အရမ်းပူလို့ အန္တရာယ်ရှိမှန်းတော့သိတယ်။ သူတို့ကတော့ ဘာမှ မကြောက်ဘူး။ သောက်စားနေကြတာပဲ။ အခုထိတော့ တစ်ယောက်မှ ဘာမှ မဖြစ်သေး ဘူး" ဟု ၄င်းက ပြောသည်။ နွေကာလ အရက်သေစာေ သာက်စားမှု ကြောင့် သေဆုံးမှုများ မကြာခဏ ကြားနေရပြီး ယခုကဲ့သို့ အပူရှိန်လွန်ကဲ သည့် နေ့လယ်နေ့ခင်း အချိန်တွင် အရက်သေစာ သောက် စားမှု လုံးဝ မပြုသင့်ကြောင်း ဒေါက်တာကျော်စိုးက အကြံပြု ထားပါသည်။ "သူတို့အနေနဲ့နေ့ခင်းဘက်မှာ အရက် သောက်တာမျိုး လုံးဝမလုပ်သင့် ဘူး။ အသက် အန္တရာယ်ရှိတယ်" ဟု ၄င်းကပြောသည်။

ကျော်ရဲလင်း၊ မြတ်စုငြိမ်း - Popular Myanmar News Journal


ရှမ်းပြည်နယ်ရောက် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့

Posted: 08 May 2013 03:14 AM PDT

ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် လူထု စည်းရုံးရေး အတွက် ရောက်ရှိသည့် (၈၈)မျိုးဆက် ကျောင်းသား များ အဖွဲ့ကို "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ၊ ဟိုပန်မြို့နယ်မှ ဒေသခံ တိုင်းရင်းသား (၂၀၀၀)ကျော် ခန့်က မေလ (၇)ရက်နေ့၊ နံနက် (၁၀)နာရီ အချိန်က ဟိုပန်မြို့အဝင် ဖောင်ဆိပ် တံတားမှ
အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စက်လှေတိမ်းမှောက်၍ ၄ ဦး ပျောက်ဆုံး

Posted: 08 May 2013 03:18 AM PDT

၆-၅-၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာနေ ဦးမောင်ကို(၅၆)နှစ် မောင်းနှင်ပြီး အလုပ်သမားများနှင့် သဲများ တင်ဆောင်လာသည့် (၃၀x၇)ပေရှိစက်လှေသည် ဧရာဝတီမြစ်အတွင်း မောင်းနှင်လာစဉ် မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာ၊ ဓမ်္မိကတောရကျောင်းတိုက် အနီး မြင်းကျတောင်ဝဲအား ဖြတ်သန်းစဉ် စက်လှေ မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်ယာကဏ္ဍ သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပြုသည့်အပေါ် မေးမြန်းချက်

Posted: 08 May 2013 01:46 AM PDT

ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးစတဲ့ လယ်ယာ စိုက်ပျိုးရေး သွင်းအားစုတွေ တင်သွင်း ထုတ်လုပ်ရောင်းချခြင်းအပေါ် သက်ဆိုင်ရာက အခွန်ကင်းလွတ်ခွင့် ပြုနေပေမယ့် အဲ့ဒီသွင်းအား စုတွေရဲ့ ဈေးနှုန်း သိသိသာသာ ကျဆင်းခြင်း မရှိတာဟာ လယ်သမားတွေ ဓာတ်မြေဩဇာ မသုံးစွဲနိုင်တာကြောင့် ဖြစ်တယ်လို့ သမ္မတရဲ့ လူမှုစီးပွား အကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက ပြောပါတယ်။ တောင်သူလယ်သမားတွေ သီးနှံဈေးကောင်းရဖို့ ဖန်တီးပေးနိုင်မှ ဓာတ်မြေဩဇာလို သွင်းအားစုတွေ သုံးလာနိုင်ကြမယ်လို့ ဆိုပါတယ်။ ဒီခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးတင်ထွဋ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဈေးကွက်ထဲမေးကြည့်တော့ အခွန်ကင်းလွတ်ခွင့်ပြုတဲ့ ပြီးခဲ့တဲ့ ၁ နှစ်တာ ကာလအတွင်းမှာတော့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသဖြင့်ပေါ့ ဒါတွေဟာ သိသိသာသာ ဈေးနှုန်းကျဆင်းသွားတာ မတွေ့ရပါဘူးတဲ့။ ဒါ ဘာကြောင့်၊ ဘယ်လိုဖြစ်နိုင်လဲ အဲကိစ္စတွေဟာ။ အန်ကယ်တို့ ဘယ်လိုမြင်ပါလဲ။

"ဓာတ်မြေဩဇာလုပ်ငန်းကတော့ တော်တော်ကျယ်ပြန့်တယ်။ ဈေးကွက်စီးပွားရေးနဲ့ သွားတဲ့အခါမှာ၊ အစိုးရကလည်း မရောင်းတော့ဘူး၊ ဘာမှ ထိန်းချုပ်တာမရှိဘဲ ရောင်းတဲ့ဝယ်တဲ့သူတွေ ပိုရောင်းဝယ်နိုင်အောင် အခွင့်အရေးတွေ ဖန်တီးပေးတယ်။ အရေးကြီးဆုံးက ဈေးကွက်သဘောအတိုင်း အပြိုင်အဆိုင်လေးတွေ ရှိလာဖို့လိုတယ်။ နောက် ဈေးကွက်ထဲမှာ ဓာတ်မြေဩဇာရောင်းတာက တောင်သူလယ်သမားတွေရဲ့ ၀ယ်လိုအားပေါ်လည်း မူတည်တယ်။ ၀ယ်လိုအားမရှိရင်လည်း တင်သွင်းသူတွေဘက်က အခက်အခဲရှိတယ်။ သွင်းလာလိုက်၊ ရောင်းလိုက်နဲ့ မြန်မြန်ရောင်းနိုင်ဖို့လိုတယ်။ ကျနော် ဟိုတလောက ဓာတ်မြေဩဇာဖြန့်တဲ့သူတွေနဲ့ ဆွေးနွေးကြည့်တော့ ဒီနှစ်တော့ မနှစ်ကထက်စာရင် ၀ယ်လိုအားတက်လာတယ်။ အဓိကက ဆန်စပါးစိုက်သူတွေများတာကို။ ဆန်စပါးစိုက်သူတွေက ပို့ကုန်တွေ မရှိတော့ အကြွေးတင်တယ်။ မြေဩဇာဝယ်လိုအားမရှိဘူးပေါ့။ အခုဆို ပို့ကုန်လည်း တက်လာတယ်၊ ဈေးနှုန်းလည်း တက်လာတော့ ၀ယ်လိုအားကောင်းတော့ ရောင်းရတာလည်း သွက်လာတော့ ဈေးကွက်ထဲ အပြိုင်အဆိုင်လေးတွေဖြစ်လာဖို့ လိုပါတယ်။"

ဥပမာ ဗီယက်နမ်မှာဆို ၁ ဧက ကို မြေဩဇာ ၄ အိတ်လောက်သုံးနိုင်ချိန်မှာ ကျနော်တို့ လယ်သမားက ၁ အိတ်လောက်ပဲ သုံးနိုင်တော့ အဲအပိုင်းမှာရော ဘာတွေ လိုအပ်ချက် ရှိနေပါလဲ။

"အဓိကလိုအပ်ချက်က ချေးငွေလေးတွေ လုံလုံလောက်လောက်ရဖို့ လိုတာပေါ့။ နောက် မြေဩဇာကို များများသုံးလာနိုင်လောက်အောင် ကောင်းကောင်းရှိတဲ့ သီးနှံဈေးနှုန်းရဖို့ လိုတာပေါ့။ အခု မြေဩဇာ ၁ အိတ်လောက်ပဲ ခုနကပြောတာက ယေဘုယျအားဖြင့် စပါးစိုက်သူတွေပါ။ ဂေါ်ဖီ၊ ငရုတ်၊ နှမ်းတို့လို ငွေကောင်းကောင်းရနိုင်တာ စိုက်သူတွေကတော့ သုံးနိုင်တာပေါ့။ သဘောကတော့ အဲဒါပါ။ ရောင်းတဲ့သီးနှံ ဈေးနှုန်းမြင့်လာရင် သူတို့ ပိုသုံးလာနိုင်မယ်။ နောက် ရာသီဥတုမကောင်းဘဲ ဖောက်ပြန်တာတွေရှိခဲ့တော့ အဲတုန်းက အကြွေးတင်ခဲ့တာတွေလည်းရှိတော့ သွင်းအားစုကို ချွေတာသုံးရတာပေါ့၊ သူတို့အင်အားနဲ့။ နောက်တခုက တခါတလေ မြေဩဇာကုမ္ပဏီကပဲ ဖြစ်ဖြစ်၊ စာချုပ်နဲ့ လယ်လုပ်သူတွေကပဲဖြစ်ဖြစ် မြေဩဇာပိုသုံးချင်လား၊ ယူမလားဆိုလည်း သူတို့က မယူရဲဘူး။ သူတို့မှာ risk ရှိသွားတယ်။ မြေဩဇာ ၁ အိတ်သုံးပျက်သွားရင် ၁ အိတ် ဆုံးရှူံးမယ်။ ၃ အိတ်သုံးပျက်သွားရင် ၃ အိတ်ဆုံးမယ်လေ။ ဒါဆို ပိုအကြွေးတင်မယ်။ အဲတော့ ချေးငွေရအောင်လုပ်ပေးနိုင်ဖို့ လိုတယ်။"

မြန်မာပြည်ဈေးကွက်မှာ ဈေးချိုချိုရတဲ့ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ သွင်းအားစုတွေ ၀ယ်သုံးနေကြတော့ အဲဒါတွေကလည်း အတုတွေဖြစ်နေတဲ့ ပြဿနာတွေလည်း ကြားရတယ်။ အဲအပိုင်းကိုလည်း နည်းနည်းပြောပြပေးပါ။

"အဲဒါမှန်ပါတယ်။ ၂ ပိုင်းပေါ့။ တရားမ၀င် နယ်စပ်ကသွင်းလာတဲ့ မြေဩဇာတွေမှာ အရည်အသွေး မပြည့်မီတာတွေ ရှိတယ်လို့ စစ်ဆေးတွေ့ရတယ် ပြောတယ်။ ပြည်တွင်းမှာလည်း ဒါနဲ့ ပတ်သက်လို့ မသမာသူတွေ တွေ့တယ်။ အိတ်အရောင်လှလှလေးတွေနဲ့ A to Z အကုန်ရေးထားပြီးတော့ ဘာမှ အာဟာရမပါတဲ့ အတုတွေလုပ်ရောင်းတာလည်း အများကြီး ရှိတယ်လေ။ ဓာတ်မြေဩဇာဥပဒေကို ပိုပြီး ခိုင်မာအောင် လုပ်ပေးဖို့လိုတယ်။ အခု အားတက်ဖို့ကောင်းတာက စုံစမ်းရေးကတယောက်က သွင်းအားစုတွေ ဖြန့်ချိတဲ့အသင်း၊ စိုက်ပျိုးရေးဌာနနဲ့ ပေါင်းပြီး နမူနာယူစစ်ဆေးတာ၊ အတုတွေ လိုက်ဖမ်းတာလုပ်နေတာ ဒါတွေကို ကျနော်တို့က ဒီထက်ပိုခိုင်မာအောင် လုပ်ပေးရမယ်။ ဥပဒေက ရှိပြီးသားလေ။ နမူနာတွေလိုက်ယူပြီဆိုရင် ဘယ်ဓာတ်ခွဲခန်းမှာ စစ်ဆေးမလဲ။ ဓာတ်ခွဲခန်း အထောက်အပံ့ပစ္စည်းတွေလည်း ကျနော်တို့ဆီမှာ ချို့တဲ့နေသေးတယ်။"

အခု ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးစက်ကိရိယာတွေ အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးလိုတာရှိရင် ဆွေးနွေးပေးပါ။

"ကျနော်တို့ဆီမှာ သွင်းအားစုပိုင်းမှာက ၂ မျိုးပေါ့။ တစ်က မျိုးစေ့နဲ့ နှစ်က ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးပေါ့။ နောက် စက်မှုလယ်ယာပေါ့။ သီးသီးသန့်သန့် မျိုးစေ့ကုမ္ပဏီတွေ ပေါ်လာဖို့လိုတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေ မျိုးစေ့ကိုဖြန့်ချိတဲ့ ကုမ္ပဏီဆိုတာ မရှိသေးဘူး။ တကယ့်ကို ဦးဆုံးအနေနဲ့ မျိုးစေ့ထုတ်တဲ့ကုမ္ပဏီတွေ လာထောင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်မှာ နိုင်ငံခြားကုမ္ပဏီတွေကို အခွန်လျှော့ပေါ့ခွင့်ပေးသလို၊ သီးနှံဈေးနှုန်းမက်လုံး ပေးတာမျိုးနဲ့ များများ အားပေးဖို့ လိုတယ်။ မြေဩဇာကတော့ အခုစပြီး အခွန်တွေလျှော့ပေးပြီပေါ့။ ရေရှည်မှာ အပြိုင်အဆိုင်တွေများလာတာနဲ့ ဈေးတွေကျသွားဖို့လည်း ရှိတယ်။ ထွန်စက်တွေ လည်း အလားတူပဲ တောင်သူအငယ်စားတွေကတော့ ထွန်စက်များများပိုင်ဆိုင်ဖို့ အခွင့်အရေး နည်းသေးတယ်။ တဖြည်းဖြည်း တတ်နိုင်လာအောင် ၀ိုင်းအားပေးဖို့ လိုတယ်။"

by ရွှေအောင် (ဒီဗွီဘီ)


လက်ပံတောင်မှာ သေနတ်ဒဏ်ရာရသူတွေ ဆေးရုံက ဆင်းခွင့်ပြု (ရုပ်/သံ)

Posted: 08 May 2013 01:27 AM PDT

လက်ပံတောင်း ဒေသတွင်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ လယ်မြေတွေကို ၀င်ရောက် ထွန်ယက်ရာက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ သေနတ်ထိမှန်သူနဲ့ အရိုက်နှက်ခံရသူ ကျေးရွာသားကို အာမခံ လက်မှတ်ထိုးပြီး ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ် လို့ ကာယကံ ရှင်တွေက ပြော ပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး အိုင်စီဂျေ ဥာဏ်ကြီး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဦီးပိုင် “၀င်ငွေခွန်” စပြီး ဆောင်ရတော့မည်

Posted: 08 May 2013 03:23 AM PDT

လက်ရှိ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်ကစ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ "၀င်ငွေခွန်" စပြီး ဆောင်ရတော့မှာဖြစ်တယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တန်ဖိုးနည်းအိမ်ရာ ကျပ်သုံးသောင်းဖြင့် လိမ်လည်ရောင်းချမှု လှိုင်သာယာနှင့် အင်းစိန်တွင် ဖြစ်ပွား "

Posted: 08 May 2013 03:30 AM PDT

ငွေကျပ်သုံးသောင်းဖြင့် တန်ဖိုးနည်းတိုက်ခန်းများ အရစ်ကျ ရောင်းချပေးနေသည် ဟူ၍လိမ်လည်မှု လှိုင်သာယာနှင့် အင်းစိန် မြို့နယ်များတွင် ဖြစ်ပေါ်နေကြောင်း ရန်ကုန် စည်ပင်မှ သတင်းရရှိသည်။ သာမန်လူတန်းစား၊ အစိုးရ ပင်စင်စား ဝန်ထမ်းများ၊ အမှန်တကယ်နေထိုင်ရေး ခက်ခဲ နေသူများကို တန်ဖိုးနည်း အရစ်ကျငွေပေးချေ စနစ်ဖြင့် လျာထားတိုက်ခန်းများကို ကြိုတင် စာရင်းကောက် ရောင်းချ
 ပေးနေသည်ဟု ဆိုကာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော

Posted: 08 May 2013 03:37 AM PDT

ဒီကေဘီအေ ထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝ ဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ "အဓိက ဘယ်ဟာတွေက အဆင်မပြေ ဖြစ်နေတာလဲ။ အကြောင်းအရာတွေ အများကြီးပဲ။ ဒါတွေကို ဆွေးနွေးပွဲ တစ်ခု ဖြစ်အောင်လုပ်ဖို့ ဆွေးနွေးကြတယ်"ဟု

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- ဥက္ကာကိုကို

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထွက်ပြေးလာသူ တစ်ထောင်ကျော် အကူအညီ လိုအပ်နေ

Posted: 08 May 2013 03:43 AM PDT

နယ်မြေ မငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မောင်တောဒေသသို့ ထွက်ပြေး တိမ်းရှောင်လာသူ အရေအတွက်မှာ တစ်ထောင်ကျော် ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။ ယမန်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွင် နေထိုင်သော ရခိုင်၊ ဒိုင်းနက်၊ သက်စသည့် ရခိုင်မျိုးနွယ်စုများမှာ ရန်ပြုခြင်းများကို ခံခဲ့ရပြီးနောက် မောင်တောဒေသသို့ တိမ်းရှောင် လာကြခြင်းဖြစ်သည်။ ---

သတင်း အပြည်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- Munir uz Zaman/AFP

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

Posted: 08 May 2013 03:51 AM PDT

ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာ ပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။ ပြင်ဦးလွင်မြို့နယ် တရားရုံးမှ အမှု အား စစ်ဆေး ခွင့်ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ်သူ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်နှင့် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟ

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို

Posted: 08 May 2013 03:57 AM PDT

အစ္စလာမ် ဘာသာဝင်များ ဝတ်ပြု ရာ ဗလီများသို့ ဘာသာခြားများ ဝင် ရောက် လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်း မရှိသလို ဝင် ရောက်လေ့လာ လိုပါကလည်း သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို  နှိပ်ပါ



ဟောင်းနွမ်းကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ

Posted: 08 May 2013 04:06 AM PDT

ကန်ဒေါ်လာ အဟောင်းအနွမ်း များ လဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။ ဗဟိုဘဏ်က ကန်ဒေါ်လာ အဟောင်းအနွမ်းအား လဲလှယ်ပေးကြ ရန် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အောင်မင်္ဂလာ နှင့် ဒဂုံဧရာ အဝေးပြေးကားဝင်း နိုင်ငံတကာ အဆင့်မြှင့်တင်ရေး JICA ကူမည်

Posted: 08 May 2013 12:46 AM PDT

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းနှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတို့အား နိုင်ငံတကာ အဆင့်မှီ ယာဉ်ရပ်နား စခန်း အဖြစ် အဆင့်မြှင့်တင်ရေး အတွက် ရန်ကုန်မြို့တော်စည်ပင် နှင့် JICA လမ်းပန်း ပို့ဆောင်ရေးဌာန မှ ကိုမင်းမင်းက ပြောသည်။

ထိုအစီအစဉ်ကို JICA အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်၍ ရန်ကုန်မြို့တော်စည်ပင် နှင့်ညှိနှိုင်းကာ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း အား နိုင်ငံတကာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အကြိုလေ့လာမှုများ ပြုလုပ်၍ ဒီဇိုင်းများ ရေးဆွဲခဲ့ပြီဖြစ်ကြောင်း ၊ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခုနှစ်မှ သာ ဂျပန်နိုင်ငံမှ ပညာရှင်များ ဖြင့် လေ့လာ မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအဝေးပြေးယာဉ်ရပ်နားစခန်း နှစ်ခုလုံးအား ယခုနှစ်ကုန်မတိုင်မီ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၄င်း၏ ပြောကြားချက် အရသိရသည်။

Popular Myanmar News Journal


ပိုရမ်းကားလာတဲ့ ဟိုင်းလပ် နှင့် ဒိုင်နာ ၁၄ ရက်အတွင်း လူငါးဆယ်နီးပါးကို ဒဏ်ရာပေးအမှုတွဲခဲ့

Posted: 08 May 2013 12:44 AM PDT

ရန်ကုန် မေ ၈

ဟိုင်းလပ် နှင့် ဒိုင်နာ ယာဉ်တိုက်မှုကြောင့် ၁၄ ရက်အတွင်း ခရီးသည် ၄၂ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း မထသ ( ဗဟို )မှ သိရသည်။

ဧပြီ ၁၆ ရက်မှ ၃၀ ရက်နေ့အထိ ယာဉ်တိုက်မှု ဖြစ်စဉ်များ ထုတ်ပြန်ချက်အရ ဟိုင်းလပ် နှင့် ဒိုင်နာ ယာဉ်များသည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှင့် ယာဉ်တိုက်မိမှု နှင့်လမ်းဖြတ်ကူးသူအား တိုက်မိခဲ့ကြောင်း မထသ ( ဗဟို )မှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် တွင်နေထိုင်သူ တက္ကစီယာဉ်မောင်း ဦးနိုင်ဝင်းက "အဲ့ဒီကားတွေက ကားသေးတယ်ဆိုပြီး အရှိန်မြှင့်ပြီး မောင်းတာ ရှေ့ကားကို ကျော်တက်ပြီးမောင်းကြတာတွေ တွေ့ရပါတယ်။ ချော်တွင်းကုန်းမီးပွိုင့် မှာဆိုရင် လမ်းပြောင်းပြန် မောင်းနေတာ
မကြာမကြာ တွေ့ရပါတယ်" ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ဒိုင်နာ နှင့် ဟိုင်းလပ်ယာဉ်တိုက် တိမ်းမှောက်မှုများတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခြင်း ကြောင့် မီနီဘတ်စ် ယာဉ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲနိုင်စေရန် အတွက်လည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်း မှသိရသည်။

၁၀၇ ဒိုင်နာယာဉ်ပိုင်ရှင်တစ်ဦးက "ကျွန်တော်တို့လည်း အန္တရာယ်များ တဲ့ ဒီကားတွေနဲ့ မပြေးဆွဲချင်ပါဘူး။ ဒါပေမယ့် မီနီဘတ်စ် ၀ယ်မယ့် အရင်းအနှီးကျတော့ မတတ်နိုင်ဘူးဗျ ။ ဌာနကနေ အရစ်ကျဝယ်လို့ ရအောင် ညှိနှိုင်းပေးမယ်လို့တော့ ကြားရပါတယ်။ တစ်ချို့
ယာဉ်လိုင်းတွေလည်း မီနီဘတ်စ် နဲ့ ပြေးဆွဲဖို့ပြင်ဆင်နေကြတယ်လို့သိရတယ်"ဟု ပြောသည်။

ထက်ထက်မိုးမြင့် - Popular Myanmar News Journal