[mrsorcerer:38102] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁-၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/1
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁-၅)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 01 May 2013 07:14 AM PDT
ရန်ကုန်- မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရှိ အအေးဆိုင်တစ်ခုတွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူ စုံတွဲချင်းစကား များရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရွှေပေါက္ကံမြို့သစ်ရှိ လှိုင်ရတနာ အအေးဆိုင်အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မြင့်ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင်နောက်ဆုံးနှစ် ကျောင်းသူ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 May 2013 07:13 AM PDT
Posted: 01 May 2013 07:06 AM PDT
မေလ(၃)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 01 May 2013 07:03 AM PDT
Posted: 01 May 2013 05:51 AM PDT
မေ ၁ ။
မြန်မာ တယ်လီကွန်း ကဏ္ဍ အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း (Service Provider)
ရွေးချယ်ရာတွင် အကျိုး စီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interest) ရှိလာခဲ့သည်ဟု ဆိုကာ
အွန်လိုင်း မီဒီယာပေါ်မှာရော သတင်းစာ၊ ဂျာနယ်များ တွင်ပါ ရေးသား ဖော်ပြဝေဖန် နေကြ တာကို တွေ့ရပါတယ်။

ရေးသား ဖော်ပြထား တာတွေက မှားတယ်လို့ မဆိုသာပါဘူး။ သို့သော် သိပ်မပြည်စုံ သလိုပဲ။
ကိုယ်တွယ်ချင်တဲ့ သူကို တွယ်၊ ကိုယ်ချန်ခဲ့ချင်သူကို ချန်ထားခဲ့သလိုပဲ ခံစားရပါတယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု အတွက် လျှောက်ထားတဲ့ ကုမ္ပဏီများထဲက ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၂ခုရှိပါတယ်။ ဧပြီလ ၁၁ ရက်နေ့က ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက အောက်ပါအတိုင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and
Communication
Technology Development Corporation ( MICTDC) + A1 Construction
6. Milicom International Cellular S. A.
7. MTN Consortium ( MTN Dubai + M1 Telecom + Amara Communications )
8. Qatar Telecom (Qtel) Q.S.C ("Ooredoo")
9. Singapore Telecommunications ( Singtel) + KBZ + Myanmar Telephone
Company Limited ( M
Tel )
10. Tenenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

ကုမ္ပဏီ ၁၂ ခုထဲမှာ ပြည်ပကုမ္ပဏီသီးခြား လျှောက်တာက ၇ ခု၊ ပြည်ပကုမ္ပဏီ အချင်းချင်း ပေါင်းတာ ၂ ခု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပူးပေါင်းထားတာ ၃ ခုရှိပါတယ်။

မြန်မာကုမ္ပဏီများ တရားဝင်ပူးပေါင်းထားတဲ့ အုပ်စုတွေကတော့ KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction, MTN+ Amara Construction နဲ့ Singapore Telecommunications ( SingTel) + KBZ + Myanmar Telephone Co. Ltd. ( M Tel ) တို့ ဖြစ်ပါတယ်။

KDDI Corporation + Sumitomo Corporation တို့နှင့် ပူးပေါင်းထားတဲ့ MICTDC ကုမ္ပဏီမှာ
ရွှေသံလွင်၊ KMD နဲ့ ရတနာပုံတယ်လီပို့တို့ ပါဝင်ပါတယ်။ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီများဟာ အစိုးရနဲ့ နီးစပ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစုံ လုပ်ကိုင်နေသော၊ လုပ်ကိုင်ခဲ့သော စီးပွားရေး လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများပဲ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းဆိုလျှင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတို့ရဲ့ ခရီးစဉ်တွေမှာ
လိုက်ပါခွင့်ရသည်အထိ နီးစပ်သူဖြစ်ပါတယ်။ ဒီလို ခရီးစဉ်များမှာပင် SkyNet ရုပ်သံကို လှုဒါန်းခြင်းဖြင့် ၄င်းရဲ့ ရုပ်သံလိုင်းကို ကြော်ငြာခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ထို့အတူ KMD ကုမ္ပဏီဟာ ယခုလက်ရှိ ဆက်သွယ်ရေးနှင့် နည်းပညာအချက်အလက် ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းတင် ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အာဖရိကနိုင်ငံက MTN ကုမ္ပဏီနှင့် ပူးပေါင်းထားတဲ့ Amara Communiction က ယခင် စက်မှု ၁
ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ အုပ်စုက
ကုမ္ပဏီခွဲတစ်ခုသာ ဖြစ်ပါတယ်။ ဦးနေအောင်ဆိုလျှင်လည်း အရင်စစ်အစိုးရလက်ထက်ကပင် လုပ်ငန်းပေါင်းစုံ ရယူလုပ်ကိုင်ခဲ့သူ ဖြစ်သလို ယခုအခါမှာလည်း သမ္မတ၊ ဒုသမ္မတခရီးစဉ်များမှာလည်း
ပါဝင်လိုက်ပါလျက်ရှိပါတယ်။

အထက်ပါ မြန်မာ ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်ရေး အခြေအနေများကို ဧပြီလ ၂၄ ရက်မှာ ထွက်ရှိတဲ့ No. 28 Vol 8 Weekly Eleven ဂျာနယ်မှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သို့သော် နောက်ထပ် ပြည်ပကုမဏီတစ်ခုဖြစ်တဲ့ SingTel နဲ့ ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီ KBZ နဲ့
Myanmar Telecophone Co. Ltd. ( M Tel ) တို့ရဲ့ အခြေအနေတွေ မပါဝင်တော့ ဖတ်ရတာ ခံတွင်း သိပ်မတွေ့သလို ဖြစ်ရပါတယ်။

အသေးစိပ် အခြေအနေနဲ့ ခရေစေ့တွင်းကျပြောပြလျှင် ပုဂ္ဂိုလ်ရေး သိပ်ဆန်သွားမှာစိုးလို့ အကျယ်ချဲ့ ပြီး မပြောလိုတော့ပါ။ KBZ ကုမ္ပဏီဟာ ဆရာကျောင်းလို့ ခေါ်ကြတဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့
ကုမ္ပဏီဖြစ်ပါတယ်။ ၄င်းဟာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇလေကြောင်းလိုင်းများ အပါအဝင် လုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်ပါတယ်။ ယခင် စစ်အစိုးရလက်ထက် ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးမောင်အေး ဗိုလ်ချုပ်အဆင့်ဖြင့် စစ်တိုင်းမှုးဘဝနဲ့ တောင်ကြီးမှာ တာဝန်ကျစဉ်က သာမာန်မျှသာဖြစ်တဲ့ ဦးအောင်ကိုဝင်းဟာ န.ဝ.တ လက်ထက်မှာ ရှမ်းပြည်နယ် မိုင်းရှုးကျောက်ကွက်များတွင် ဦးမောင်အေးရဲ့ ပံ့ပိုးစောင်မမှုကနေ ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် န.ဝ.တ ဒုတိယဥက္ကဌ ရာထူးဖြင့် ဦးမောင်အေး ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ကိုင်တွယ်လာခဲ့တဲ့အခါမှာ သွင်းကုန်ပါမစ်များ မြောက်မြားစွာ ရရှိခဲ့သလို လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ရာမှ ယခုကဲ့သို့ အရှိန်အဝါကြီးသော ကုမ္ပဏီပေါင်းများစွာကို ပိုင်ဆိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိလည်း လက်ရှိအစိုးရနှင့် အဆင်ပြေ ပလဲနံပသင့်သူဖြစ်ပါတယ်။

Myanmar Telephone Co. Ltd. ကတော့ ဦးမိုးကျော်သောင်းနဲ့ သားဖြစ်သူ Jonathan သောင်းတို့
ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဦးမိုးကျော်သောင်းကိုတော့ မြန်မာ့စီးပွားရေး လောကမှာ မသိသူ
မရှိသလောက်ပါဘဲ။ မဆလလက်ထက်မှာကတည်းက အစိုးရရဲ့ ဝယ်ယူရေး လုပ်ငန်းတွေမှာ ပြည်ပကို ချိတ်ဆက်ပြီး ပွဲခယူတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ န.ဝ.တ လက်ထက်မှာ
ဈေးကွက်စီးပွားရေးစနစ် မပီပြင်သေးသလို ကျွမ်းကျင်ခြင်းမရှိသေးတဲ့ ဝန်ကြီးဌာနတွေကို လာဘ်ပေးပြီး ပို့ကုန်၊ သွင်းကုန်များကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကာလ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဝန်ကြီးနဲ့ ပလဲနံပသင့် ပူးပေါင်းခဲ့ပြီး ဝန်ကြီးမှာ ပြဿနာတက် အငြိမ်းစားပေးခံခဲ့ရပြီး သူကတော့ တိန်တိန်မြည်
ကျန်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က စီးပွားရေးသမားမျာကို အရေးမယူဘဲ ဝန်ကြီးတွေကိုသာ
အငြိမ်းစားပေးလေ့ရှိပါတယ်။။ ယခုအခါမှာ Jonathan ကတော့ KBZ ကုမ္ပဏီက ပြည်ပနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ အကူအညီပေး ပွဲခယူနေသူဖြစ်ပါတယ်။ KBZ Air ရဲ့ ပြည်ပမှ ဝယ်သော လေယာဉ်များ အားလုံးကို Jonathan ရဲ့ ချိတ်ဆက်ပေးမှုဖြင့် ဝယ်ယူပေးထားခြင်းဖြစ်ပါတယ်။ Jonathan ပြည်ပမှ ချိတ်ဆက်ရှာဖွေ ပြည်တွင်းမှာ KBZ က ဖြေရှင်းဆိုတဲ့ ပုံစံဖြင့် လုပ်ကိုင်နေခြင်းဖြစ်တယ်။ ယခုအချိန်အထိပင် ဦးမိုးကျော်သောင်းဟာ ဝန်ကြီးဌာနလုပ်ငန်း ပရောဂျက်တွေကို ရရှိလိုသူများထံမှ အခကြေးငွေယူပြီး ချိတ်ဆက်ပေးနေဆဲ ဖြစ်ပါတယ်။

ပြည်ပကုမ္ပဏီများအဖြစ် သီးခြားလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာလည်း အစိုးရနဲ့ ရင်းနှီးဝင်ဆန့်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်လျက်ရှိပါတယ်။ Digicel ဆိုရင် ပြည်ပကုမ္ပဏီတစ်ခုအဖြစ် တင်ဒါဝင်ပြိုင်ခဲ့ပေမယ့် ၄င်းရဲ့ နောက်မှာ ပူးပေါင်းထားတာကတော့ Quantum Strategic Partners Ltd. နဲ့ Yoma Strategic Holdings အုပ်စုတို့ ပါဝင်ပါတယ်။ Quantum Strategic Partners Ltd. ကတော့ George Soros ရဲ့ ကုမ္ပဏီပါ။ Yoma Strategic Holdings ကတော့ Serge Pun ခေါ် ဦးသိမ်းဝေပိုင်ဆိုင်တဲ့ ကုမဏီပါ။ Serge Pun ဟာ အရင်စစ်အစိုးးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းရှင်များ၊
စီးပွားရေး ပညာရှင်များ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့၊ စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်အချို့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Tuesday Club မှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပန်းလှိုင်အိမ်ယာနဲ့ ပန်လှိုင်ဂေါက်ကွင်း တည်ဆောက်ခဲ့တဲ့ သူဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အရှုပ်အရှင်း များစွာရှိတဲ့သူပါ။

Telenor Mobile Communications AS ကုမ္ပဏီဟာ နော်ဝေ ကုမ္ပဏီဖြစ်ပါတယ်။ နော်ဝေအစိုးရက
တဆင့် လက်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပုဂ္ဂိုလ်များနှင့် များစွာ
ရင်းနှီးမှုရှိပါတယ်။ ပုဂ္ဂိုလ်ရေး ရေးသား ဖော်ပြတဲ့သဘော ဆန်ကောင်းဆန်သွားမှာဖြစ်သော်လည်
း အဓိကမှာ ယခု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပမာဏရွေးချယ်ထားတဲ့ ကုမ္ပဏီများဟာ ပိန်မသာ လိန်မသာ အတူတူနဲ့ အနူနူချည်းများသာဖြစ်တယ် ဆိုတဲ့အကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဝေဖန်လျက်ရှိပါတယ်။
ပြည်ပကုမ္ပဏီချည်း သက်သက်တွေကိုသာ တင်ဒါပေးလိုက်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပက လက်ဝါးကြီး အုပ်သွားမှာ ဖြစ်သလို နည်းပညာနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ရနိုင်မှာမဟုတ်တဲ့အတွက် မြန်မာနဲ့ ဖက်စပ်ကုမ္ပဏီများ ထဲကသာ ရွေးချယ်သင့်တယ်လို့လည်း အသံများ ထွက်ပေါ်နေပါတယ်။

သို့အတွက် အဓိက အရေးကြီးသည်မှာ တင်ဒါစနစ်ကို မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာမှုရှိစွာ
ဆုံးဖြတ်သွားဖို့ လိုပါတယ်။ ယခုအထိ ကြားသိရတာ ဝန်ကြီးဌာနဟာ တင်ဒါကော်မတီကို သေချာစွာ
ဖွဲ့စည်းထားပြီး နည်းပညာအားသာမှု၊ ငွေကြေး တောင့်တင်းမှု၊ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုများနဲ့ တိုင်းတာပြီး ရွေးချယ်သွားမည်လို့ သိရလို့ အဲဒီအတိုင်းပဲ တိတိကျကျနဲ့ တိုင်းပြည်အကျိုး တစ်ခုတည်းကိုသာ စဉ်းစားပြီး အမှန်တကယ် နိုင်ငံမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
ဥပဒေများကို လိုက်နာမယ့် ကုမ္ပဏီများကိုသာ ရွေးချယ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Myanmar News Now




Posted: 01 May 2013 05:30 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၆-၄-၂၀၁၃ နေ့တွင် ပြုလုပ်ခဲ့သော ဘင်္ဂလီလူဦးရေ(ဆွဲ၊ တင်၊ စစ်)လုပ်ငန်းအား ဖျက်လိုဖျက်ဆီးလုပ်ပြီး နောက်နေ့များတွင် သဲချောင်း၊ သက္ကေပြင်အပါအ၀င် ဘင်္ဂလီရွာ၊ ဘင်္ဂလီဒုက္ခသည်စခန်းများတွင် အဖြူပိတ်သားပေါ်တွင် အနီရောင်စာလုံးများဖြင့်ရေးထားသည့် အောက်ပါစာတမ်းများနေရာအနှံတွေ့ရကြောင်း လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့ဝင်အချို့ပြောကြားချက်အရ သိရှိရသည်။
****ရိုဟင်ဂျာ လွတ်မြောက်နယ်မြေ******
****ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်များနေရာ****
****ရိုဟင်ဂျာသမိုင်း ဘယ်တော့မှပျောက်ကွယ်မှာမဟုတ်***
**
****ပါကစ္စတန် ဂျိန္နာဘတ်**** (ပါကစ္စတန်အဓွန့်ရှည်ပါစေ၊ အောင်မြင်ပါစေ)
စသည်တို့ဖြစ်သည်။
၎င်းအပြင် တာဝန်ရှိဌာနဆိုင်ရာကားများဖြတ်
သွားတိုင်း လေ့ကျင့်ပေးထားသော ဘင်္ဂလီကလေးငယ်များက ရိုဟင်ဂျာ၊ ရိုဟင်ဂျာ၊ ရိုဟင်ဂျာဟု ကြွေးကြော်ပြီး ကားဘေးနှစ်ဖက်နှင့် နောက်ဘက်မှ ၀ိုင်းအုံ၍ အမြဲတမ်း လိုက်ပါလေ့ ရှိကြသည်။ ထိုကလေးငယ်များ၏ လက်ဖျံအတွင်းပိုင်းများတွင် ဆော့ပန်ဖြင့် ''ရိုဟင်ဂျာ''ဆိုသည့် စာသာများ ရေးသားထားကြပြီး ရိုဟင်ဂျာဟုရေးသားထားသော ၂ ပေ ၁ပေခန့် လိပ်ထား၍ရသော ပိတ်စများ ကိုင်ဆောင်ထားကြကြောင်း တွေ့ရှိခဲ့ရသည်ဟု အမည်မဖော်လိုသူ လုံခြုံရေးတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ဓါတ်ပုံ- RSV

Posted: 01 May 2013 05:19 AM PDT
ရန်ကုန်၊ ဧပြီ ၃၀

ပုဂ္ဂလိကပိုင်ပေး၍ ဟိုတယ်လုပ်ကိုင်ခွင့် ပြုလိုက် သဖြင့် ရှေ့နေများ ကွန်ရက်က ကန့်ကွက်ထားသော ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ ရန်ကုန်တိုင်း စုပေါင်းတိုင်းတရားရုံးကို ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဖြစ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း တင်ဒါအောင် Flying Tiger Engineering ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်းက ပြောကြားသည်။

ရန်ကုန်တိုင်း စုပေါင်းတိုင်း တရားရုံးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဟု ဆိုသော်လည်း အတွင်းပိုင်း တွင် ယဉ်ကျေးမှု အမွေအနှစ်ဟူ၍ အနည်းအကျဉ်းသာ ရှိကြောင်း Flying Tiger Engineering ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးတင်ညွန့် က ဆိုသည်။
"အထဲမှာ ဘာမှမရှိဘူး ။ ဟောင်းလောင်းကြီး။ ယဉ်ကျေးမှုအမွေအနှစ် ဆိုတာ နှစ်တွေကြာလို့ ဒီအဆောက်အအုံကို ခေါ်တာ။ အပြင်ပိုင်း Structure ပုံစံကို ပြောတယ်ထင်ပါတယ်" ဟု ၄င်းကဆိုသည်။

ယင်းအဆောက်အအုံကို ဟိုတယ်ဆောက်ရန် အတွက် နိုင်ငံတော်သို့ မြေယာအသုံးပြုခ ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄ သန်း ပေးသွင်းထားကြောင်း၊ ဟိုတယ် ဆောက်ပြီးပါက လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရန် သဘောတူချက်ဖြင့် ဟိုတယ်လုပ်ခွင့် ရရှိခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကနဦးနှစ် ၅၀ ငှားရမ်းခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းကို စင်ကာပူကုမ္ပဏီ တစ်ခုနှင့် ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် The Future of "The State House" သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယင်းသို့ပြင်ဆင်ရာတွင် တိုင်းတရားရုံး ၏ အပြင်ပိုင်းကို ကြာရှည်ခံရန် အတွက် စင်ကာပူ DP Architect Pte.,Ltd မှ ခေတ်မီနည်း ပညာများဖြင့် ပြင်ဆင်မှုများ ပြုလုပ်မည်ပြီး မူရင်းမပျက် စေဘဲ စင်ကာပူနိုင်ငံ Fullerton ဟိုတယ်ပုံစံ ပြုပြင်မည်ဖြစ်ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်း ကဆိုသည်။
"အချုပ်ခန်းလိုမျိုး ဖြစ်နေတဲ့ ဟိုတယ်နဲ့ မသင့်လျော်တဲ့ ဟာမျိုးတွေ ကိုတော့ ဖျက်ရမှာပေါ့"ဟု ၄င်းကဆိုသည်။

ရှေ့နေများကွန်ရက်သည် နိုင်ငံသားပိုင် ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ စောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုတယ်ပြုလုပ်မှု ရပ်တန့်ရန် အစိုးရသို့ နို့တစ်စာ ပေးပို့ပြီးဖြစ်၍ ရက်ပေါင်း ၆၀ အတွင်း စောင့်ကြည့်ရုံသာ ရှိကြောင်း ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ ကိုယ်ထိလက်ရောက် လုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ပြည်ထောင်စုအစိုးရကို တရားစွဲဖို့ ရက် ၆၀ ကျော်ရင် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မယ်" ဟု ၄င်းကဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ ယဉ်ကျေးမှု အဆောက်အအုံ ၁၈၈ ခုတွင်ပါဝင်သော ယင်းအဆောက်အအုံကို ၁၉၂၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်းက ပုလိပ်မင်းကြီးရုံး၊ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဌာနချုပ်၊ ယင်းနောက်ပိုင်း ရန်ကုန်တိုင်း စုပေါင်း တိုင်းတရားရုံးအဖြစ် အသုံးပြုခဲ့ရာ သက်တမ်းအားဖြင့် ၈၅ နှစ် ကျော်လွန်ပြီ ဖြစ်သည်။

The Voice Weekly


Posted: 01 May 2013 05:13 AM PDT
မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ တရုတ်ကြောင့်၊ မြန်မာနိုင်ငံ ဟိုလို ဖြစ်နေတာ တရုတ်ကြောင့်ဆိုပြီး ကျွန်တော်တို့တစ်တွေ အားရပါးရ လက်ညှိုးထိုးကြပါတယ်။ ကျွန်တော့်အမြင် ကတော့ လက်ညှိုးထိုးတာ အပြင် တရုတ်ကိစ္စကို နောက်တစ်နည်းနဲ့ ချဉ်းကပ်ကြည့်လို့လည်း ရနိုင်ပါတယ်။ တိုတိုပြောရရင်တော့ တရုတ်ကို "ဘာရောင်းမလဲ၊ တရုတ်ဆီက ဘာရမလဲ"ပေါ့။

နိုင်ငံတကာ ဆက်ဆံရေးမှာ ချစ်ခြင်း၊ မုန်းခြင်းတွေကို အသာ ဘေးဖယ်ထားပြီး နိုင်ငံအကျိုးစီးပွား အတွက် စဉ်းစားကြတာချည်းပါပဲ။ နိုင်ငံကြီး နိုင်ငံငယ်မှန်သမျှ ကိုယ့်အတွက် ကိုယ်အရင်ကြည့်ပြီး နောက်မှ သူများအတွက် ကြည့်ကြတာပါ။ အဲလိုကိုယ့်အတွက် ဦးစားပေးမဟုတ်ဘူး လို့ ပြောကြတာရှိရင် အလကားပြောတာပါ။ အဲလိုမျိုး ကိုယ့်နိုင်ငံအတွက် မကြည့်တဲ့ အစိုးရလည်း ကျဆုံးရမှာပါပဲ။ အဲဒီသဘောတရားအတိုင်း တရုတ်နိုင်ငံ၊ တရုတ်စီးပွားရေး လုပ်ငန်းတွေက မြန်မာနိုင်ငံကို မုန်းလို့ ချစ်လို့ မဟုတ်ဘဲ သူ့နိုင်ငံ၊ သူ့လုပ်ငန်း အကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်တာပါ။ ကိုယ့်နိုင်ငံကလည်း သူ့ကို ချစ်တာ၊ မုန်းတာထက် သူနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ရင် ကိုယ့်နိုင်ငံအတွက် ဘာအဆင်ပြေမလဲ၊ ကိုယ့်ပြည်သူပြည်သား တွေ ဘာအကျိုးရှိသွားမလဲ ဒါတွေကို ရည်မှန်းပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ထင်ရှားပြီး အားလုံးမြင်သာနေတဲ့ ဥပမာပြောရရင် သူ့ကို ယှဉ်လာနိုင်ခြေ အရှိဆုံးနိုင်ငံလို့ တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားပြီး အရံအတားတွေ၊ အစီအမံတွေ လုပ်ကိုင်နေပေမယ့် တစ်ချိန်တည်းမှာ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံရဲ့ ထိပ်တန်းလုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက်လည်း ဖြစ်နေပါတယ်။ ဂျပန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တရုတ်နဲ့ ပတ်သက်ရင် ဒီလိုပါပဲ။ တရုတ်ရဲ့ နိုင်ငံရေးစနစ်ကို ကြိုက်တာ မကြိုက်တာ၊ တရုတ်ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို နှစ်လိုတာ မနှစ်လိုတာကို တစ်ကဏ္ဍထားပြီး တရုတ်ဆီက "ဘာရနိုင်မလဲ" ကိုကြည့်ပြီး အားလုံးက အလုပ်လုပ်နေကြတာ တကယ့်လက်တွေ့ပါပဲ။

တရုတ်တွေ မြန်မာကနေ ဘာတွေရနေလဲ၊ မြန်မာက တရုတ်ဆီက ဘာတွေရနေလဲ။ မြန်မာနိုင်ငံဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်က လူသုံးကုန်ပစ္စည်းတွေက ရနေချိန်မှာ မြန်မာနိုင်ငံက တရုတ်ကို ပို့တဲ့ ပို့ကုန်က တရုတ်ဘက်ကကြည့်ရင် မဖြစ်စလောက်ပါ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကုန်သွယ်ဖက် ဖြစ်နေချိန်မှာ မြန်မာ-တရုတ် ကုန်သွယ်ရေးက တစ်ကမ္ဘာလုံးနဲ့ တရုတ်ကုန်သွယ်ရေးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ရှိပါတယ်။ လွယ်လွယ်ပြောရရင် မြန်မာနဲ့ ကုန်သွယ်ရေးက တရုတ်အတွက် အသေးအဖွဲပါ။ မြန်မာနဲ့ ကုန်မသွယ်ရလည်း အအိပ်အစားမပျက် တိုးတက်ပြီးရင်း တိုးတက်နေဦးမှာပဲ။ ဒါပေမဲ့ ဒီလိုအထက်စီးက နေနိုင်တဲ့ တရုတ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ဝေစုပိုရလာ၊ ပစ္စည်းပိုရောင်းရပြီး မြန်မာ ဘက်က ကုန်သွယ်ရေး လိုငွေပြမှု ကြီးသထက်ကြီးလာ ပါတယ်။ ရင်းနှီး မြှုပ်နှံမှုတွေဆိုလည်း ကောင်းပေ့၊ ညွန့်ပေ့ ဆိုတာတွေရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အောင်မြင်လည်း အောင်မြင်ပါတယ်။ ဟိုနည်း သည်နည်းသုံးတယ် ဘာညာဆိုတာ လူတင်ပါမှ နွားကျားကိုက်တာပါ။ တရုတ်ဘက်က ပစ္စည်းတွေကို မြန်မာနိုင်ငံဘက် သွင်းပြီး လာရောင်းတာ တရုတ်တွေချည်း မဟုတ်ပါဘူး၊ ခွင့်မပြုတဲ့ပစ္စည်းတွေ နယ်စပ်ကိုဖြတ်ပြီး ဝင်လာလို့ရတာ တရုတ်တွေကြောင့်ချည်း မဟုတ်ပါ။ ပြောချင်တာက မြန်မာနိုင်ငံဟာ တရုတ်စီးပွားရေး ထုထည်နဲ့ကြည့်ရင် တရုတ်အတွက် သိပ်ကြီးမက်စရာ မဟုတ်ပေမယ့် မြန်မာတွေဆီကရဖို့ ဘယ်လောက်ကြိုးစားတယ် ဆိုတာကိုပါ။ မြန်မာတွေဆီကတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေဆီက လည်း ဒီလိုပါပဲ။ အမေရိကန်၊ ဂျပန်၊ အာဖရိကနိုင်ငံတွေ အားလုံးဆီကလည်း တရုတ်က ဒီလိုပဲရနိုင်အောင်၊ ရောင်းနိုင်အောင် ကြိုးစားတာပါပဲ။

ဒါပေမဲ့ စီးပွားရေးနိမ့်ပါးတဲ့ မြန်မာနိုင်ငံကတော့ တရုတ်ဈေးကွက်ကို ဘာရောင်းရမလဲဆိုတာ ခုထက်ထိ အဖြေရှာလို့မရပါဘူး။ သဘာဝ သယံဇာတ ကျောက်စိမ်းကစလို့ ဖွတ်တို့၊ လိပ်တို့ အထိပဲ ခပ်လွယ်လွယ် ရောင်းနေကြတယ်။ ဒါတွေကုန်ရင် ဘာဆက်လုပ်မလဲလည်း စဉ်းစားထားပုံ မပေါ်ပါဘူး။ တရုတ်ဈေးကွက်ကို ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကသာ ခရီးသွားဟန်လွှဲ လေ့လာတာမျိုးလောက်ပဲ ရှိပြီး ကျွန်တော် သိသလောက် စနစ်တကျ လေ့လာတာမျိုး အားနည်းပါတယ်။ အစိုးရက ဦးဆောင်ပြီး ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းလို ဟာမျိုးက တွဲလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ တရုတ်ဈေးကွက်က လိုချင်တဲ့ ထုတ်ကုန်မျိုး မြန်မာမှာရှိသလား၊ ဒါမှမဟုတ် မြန်မာက ထုတ်လုပ် ပေးနိုင်သလား၊ တရုတ်စားသုံးသူ တွေရဲ့ စရိုက်လက္ခဏာတွေ ပြောင်းလဲနေသလား။ သူတို့တွေ ဘာတွေဝယ်သုံးနေကြလဲ၊ ဘာပစ္စည်းတွေ ရောင်းရလဲ စသည်ဖြင့်ပေါ့။ တရုတ်တွေ iPhone သုံးတာ များလာသလား၊ BMW ကားတွေ ပိုစီးလာကြသလား စတဲ့ မြန်မာတွေ မထုတ်လုပ်နိုင်တဲ့ အရာမျိုးတွေ သိဖို့လိုချင်မှ လိုမှာဖြစ်ပေမယ့် မြန်မာက ရောင်းနိုင်တဲ့ဟာမျိုး တရုတ်ဘက်က လိုချင်လာလား၊ ဒါမှမဟုတ် သွားရောင်းရင် ကြိုက်နိုင်လား ဒါတွေ လောက်တော့ သိဖို့လိုပါတယ်။ ခုတော့ ချမ်းသာတဲ့ တရုတ်က မြန်မာဆီက ဘာရမလဲ ကျားကုတ်ကျားခဲ လုပ်နေချိန်မှာ မြန်မာဘက်က တရုတ်ဆီက ဘာရအောင်လုပ်မလဲ ကြိုးစားပမ်းစားလုပ်တာ မတွေ့ရပါဘူး။ ပိုင်ရှင်က ဆိုင်ထိုင်ရင် လာဝယ်သူကို ငါက သူဌေး၊ နင့်ကို အောက်မကျို့နိုင်ဘူး။ မာရေကျောရေနဲ့ ရောင်းတာမျိုးကို "သူဌေးဈေးရောင်း" ဆိုပြီး မြန်မာတွေ ခေါ်ကြတဲ့ အဖြစ်မျိုး မြန်မာတွေ ရောက်မှန်းမသိ ရောက်နေကြတာပါ။ ဒါပေမဲ့ မြန်မာတွေက တရုတ်ပြည်ကို ဈေးရောင်းရာမှာ မချမ်းသာဘဲနဲ့ မာရေကျောရေ ဖြစ်နေတာကြောင့် "သူဌေးမဟုတ်ဘဲ သူဌေးဈေးရောင်း" လို့များ ခေါ်ရမလားမသိပါဘူး။

ဗီယက်နမ်ကို ခပ်ကျစ်ကျစ်လျစ်လျစ် ဆွေးနွေးပွဲတစ်ခု တက်ဖို့ ရောက်တုန်းက ဗီယက်နမ် ကော်ဖီဘုရင်လို့ တင်စားခံရတဲ့ သူနဲ့ အနီးကပ် တွေ့ခွင့်ရခဲ့ပါတယ်။ အသက်လေးဆယ်လောက်ပဲ ရှိသေးပြီး ခြေမဲ့လက်မဲ့ ဘဝကနေ အခု ကော်ဖီလုပ်ငန်းကြီးရှင် အဖြစ်နဲ့ ထိပ်တန်းရောက် အောင်မြင် နေတဲ့သူပါ။ ကမ္ဘာမှာ နာမည်ကြီး ကော်ဖီထုတ်လုပ်တဲ့ ဘရာဇီးက သမ္မတကတောင် သူ့ရဲ့ကော်ဖီကို သတိထားရမယ်လို့ အပြောခံရတဲ့သူပါ။ မိတ်ဆက် ညစာစားကြတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ဖြစ်သွားတာကြောင့် စကားကောင်းကောင်း ပြောခွင့်ရခဲ့တယ်။ သူက ဘာကို ဂုဏ်ယူဝံ့ကြွားသလဲ ဆိုတော့ တရုတ်ကို သူ့ကော်ဖီတွေ ရောင်းနေရပြီဆိုတဲ့အကြောင်းပါ။ တရုတ်က ဧရာမဈေးကွက်ကြီးတဲ့၊ တရုတ်ကို စဖောက်ဝင်နိုင်ပြီ ဆိုတော့ ဒီဈေးကွက် ကြီးကို သူဝေစုကြီးကြီးရအောင် လုပ်သွားမယ်တဲ့။ သူပြောနေတဲ့အချိန်မှာ သူ့ကိုကြည့်ရတာ ပျော်ရွှင်ကြည်နူးမှုတွေ၊ အားတက်တာတွေ ဖုံးလွှမ်းနေတာကို မြင်နေရတယ်။ တရုတ်ဈေးကွက်ကို စဖောက်နိုင်လို့ ဝမ်းသာနေတဲ့ ဗီယက်နမ် သူဌေးပါ။ အဲလိုမျိုး တရုတ်ဈေးကွက်ကို သဘာဝသယံဇာတ မဟုတ်တဲ့ ထုတ်ကုန်နဲ့ ဖောက်နိုင်လို့ ပျော်နေတဲ့ မြန်မာသူဌေးကို ကျွန်တော် မြင်ဖူးချင်ပါတယ်။

မြန်မာနိုင်ငံကို အကွက်အကွင်း လာလေ့လာတဲ့ ထိပ်တန်းရောက် အရှေ့ အာရှနိုင်ငံတစ်နိုင်ငံ (တရုတ်မဟုတ်ပါ) က ကိုယ်စားလှယ်တော် ပုဂ္ဂိုလ်ကြီး နဲ့ဆုံမိတော့ တရုတ်မှာ အလုပ်သမားခတွေ ဈေးကြီးလာလို့ သူတို့ရဲ့ တရုတ်က စက်ရုံတွေကို လုပ်အားခဈေးသက်သာတဲ့ မြန်မာနိုင်ငံကို ရွှေ့လို့ရ မရ လာကြည့်တာပါတဲ့။ အဲဒီစက်ရုံတွေ အတွဲလိုက် အစုလိုက် အပြုံလိုက်သာ မြန်မာနိုင်ငံကို ရောက်လာရင် မြန်မာတွေ အလုပ်အကိုင် သိန်းနဲ့ချီ ရမှာပါ။ တရုတ်နဲ့ မြန်မာနဲ့ ကွာဟချက်၊ မြန်မာက တရုတ်ထက် ဘယ်နေရာတွေမှာ သာသလဲဆိုတာ နိုင်ငံခြားသားတွေက လေ့လာနေကြပါပြီ။ မြန်မာတွေ ကရော မလေ့လာသင့်ဖူးလား၊ လေ့လာထားရင်လာပြီး အကွက်အကွင်း ကြည့်တဲ့ နိုင်ငံခြားသားတွေကို "မင်း တရုတ်မှာ မလုပ်နဲ့ ငါတို့ဆီလာလုပ်၊ ငါတို့က တရုတ်ထက် ဒီနေရာမှာ သာတယ်၊ မင်းတို့ ပိုကိုက်မယ်" ဒါမျိုးတွေ ကိုယ်ကစပြီး ချက်ကျလက်ကျ သူတို့ကျသွားအောင် ပြောနိုင်လိမ့်မယ်။

ပြောချင်တာကတော့ တရုတ်ကို အပြစ်တင်တာ လွယ်ပါတယ်။ အားရပါးရ လုပ်ပြီးကြပြီ။ "တရုတ်ဆီက ဘာတွေရမလဲ၊ တရုတ်ကို ဘာတွေ ရောင်းမလဲ" ကို စဉ်းစားတာ။ တကယ်လက်တွေ့ ဖြစ်လာအောင် လုပ်ရတာက ခက်ပါတယ်။ သိပ်လည်း မလုပ်ရသေးပါဘူး။ ဒါပေမဲ့ အဲဒီခက်တဲ့အပိုင်း ကိုပဲ အခုချက်ချင်း ထလုပ်ဖို့ အလိုအပ်ဆုံးလို့ ကြေညာမောင်းခတ်လိုတာပါ။

(မောင်စီးပွား) The Voice Weekly


Posted: 01 May 2013 05:02 AM PDT
လွန်ခဲ့တဲ့ လက အကြမ်းဖက် မီးရှို့ လူသတ်မှုတွေ ဖြစ်ပွားလို့ စာမေးပွဲစစ်ရာကနေ ရပ်နားထားရတဲ့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာန လက်အောက်က တက္ကသိုလ်တွေကို ပြန်ဖွင့်ပြီး စာမေးပွဲတွေ ဆက်စစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ် စာမေးပွဲတွေကို မေလ ၆ ရက်မှာ ပြန်လည်စစ်ဆေးဖို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 May 2013 04:10 AM PDT
ရန်ကုန်မြို့မြောက်ပိုင်း ဥက္ကံမြို့နယ်ထဲမှာ ကိုရင်တစ်ပါးဆွမ်းခံကြွရာမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ တိုက်မိပြီး ဆွမ်းသပိတ်ကျကွဲခဲ့တဲ့ မတော်တဆမှုကို အကြောင်းပြပြီး ရာနဲ့ချီတဲ့ ဘာသာရေးအကြမ်းဖက်သူ လူအုပ်ကြီးဟာ ကျေးရွာ ၄ရွာကို ဧပြီ ၃ဝရက်နေ့ ညနေမှာ မီးတင်ရှို့ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 01 May 2013 03:53 AM PDT
ဥက္ကံမြို့ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲ၊ ကျွန်ပုံတို့ မှ ပျဉ်ကာ ဓနီမိုး နေအိမ် ၇၇လုံ၊ မီးရှို့ခံရပြီး တင်ဝင်းပါမူဆလင်(၉)ဦးနှင့် ဗမာ (၁)ဦး တို့ ဒဏ်ရာ ရှိ၍ ဥက္ကံ ဆေးရုံး၊ တိုက်ကြီးဆေးရုံးနှင့် ရန်ကုန်ဆေးရုံး ကြီးတို့ တွင်ဆေးကုသမှုခံ ယူလျက်ရှိ ရာမှ ရန်ကုန်ဆေးရုံးကြီး ဦးနှောက်နှင့် အာရုံကြောဌာန တွင်ဆေး ကုသလျက်ရှိသော ဇော်နိုင်(ခ) ဇော်ဇော်ထွန်(၂၉) နှစ် ပနီပင်ရွာနေသူမှာ ယနေ့ နံနက် ၀၁း၀၀ အချိန်တွင် သေဆုံး သွား သဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ












Posted: 01 May 2013 03:03 AM PDT
မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်က အသိမ်းခံထားရတဲ့ မြေယာတွေမှာ ပြဿနာတွေ မပြေလည်သေး ပေမယ့်လည်း  စိုက်ပျိုး ရာသီရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီမြေတွေမှာ တောင်သူ လယ်သမားတွေ ၀င်ရောက်ထွန်ယက် နေကြပါတယ်။ ပြင်ဦးလွင်မြို့ မြောက်ဘက် ၇ မိုင်အကွာ  ပင်လိန်အရှေ့နဲ့ ပင်လိန်အလယ် ရွာ ၂ ရွာက တောင်သူတွေဟာ အသိမ်းခံထားရတဲ့ မိမိတို့လယ်မြေတွေမှာ ဒီနေ့ မနက် ၉ နာရီကစပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 01 May 2013 02:51 AM PDT
ယနေ့ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် (၁၂၃) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့နှင့် (၆၇) နှစ်မြောက် ထိုင်းနိုင်ငံအလုပ်သမားနေ့ အခမ်းအနားကိုချီတက်ပွဲများ၊ တောင်းဆိုမှုများဖြင့် စီစဉ်ကျင်းပကြမည်ဖြစ်သည်။ ဘန်ကောက်မြို့မှ ထိုင်းအလုပ်သမားများနှင့်အတူ ရာနှင့်ချီ သောမြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲကြချိန်တွင် နယ်စပ်မြို့များ၌လည်း ရွှေ့ပြောင်းအလုပ်သမားများက မိမိတို့ကိုယ်ပိုင် အစီအစဉ်များဖြင့် ကျင်းပကြ မည်ဖြစ်သည်။

အလုပ်သမားများ၏ ထိုင်းအစိုးရသို့ တင်သွင်းသည့် ယခုနှစ် တောင်းဆိုချက်တစ်ရပ်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပျံကျအလုပ်သမားများအရေး၊ အကာအကွယ်တိုးမြှင့်ပေးရေးတို့ပါ
ရှိသည်။ ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမားများဆိုင်ရာရုံး၏ စာရင်းများအရ လက်ရှိ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမား ၇၈၄၀၃၃ ဦးအနက် ၃၂၇၅၀၈ ဦးမှာ ၎င်းင်းတို့၏ စာရွက်စာတမ်းများရရှိရန် စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ ထို့အပြင် လူပေါင်း နှစ်သန်းခန့်သည်လည်း တရားမ၀င် အလုပ်သမားများအဖြစ် ကျန်ရှိနေသေးကြောင်းအင်န်ဂျီအိုများက ခန့်မှန်းထား သည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်
း လုပ်အားစိုက်ထုတ်ရသောလုပ်ငန်များအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေကြရာ အထူးသဖြင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအကူအလုပ်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့အများစုမှာ နည်းပါးလှသောလုပ်ခလစာများသာရရှိ
ကြပြီး လုပ်ငန်းခွင်အတွင်း အသုံးချ အမြတ်ထုတ်ခံနေရကာ လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်သော အခြေအနေဖန်တီးရန် စီစဉ်ရာတွင်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရ သည်။ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်ကြီး၏ ပဋိညာဉ်စာတမ်း ၈၇ နှင့် ၈၈ ကို ယခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးရန် ထိုင်းအစိုးရအား အလုပ်သမားများက တိုက်တွန်းနေကြသည်။ ယင်းတို့မှာ အလုပ်
သမားများ၏စည်းရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် တောင်းဆိုခွင့်စသည့်အခွင့်အရေး
များကိုအကာအကွယ်ပေးထားသည်။ ယင်းအချက်များကို အလုပ်သမားများ၏အခြေခံအခွင့်အရေး ကာကွယ်ရန်အချက်များအဖြစ် အများကလက်ခံထားပြီး ထိုင်းနိုင်ငံကတော့ဤအချက်များကို သဘောတူညီ
ကြောင်း လက်မှတ်ရေးထိုးထား ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံကမူ ပဋိညာဉ်စာတမ်း ၈၇ ကို ၁၉၅၅ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင်လည်း အကျုံးဝင်နေဆဲဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများကို တည်ရှိဆဲသမဂ္ဂများသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း သမဂ္ဂအသစ်ဖွဲ့စည်းခွင့်ပြုမထားေ
ပ။ သို့သော် ထိုင်းအလုပ်သမား ၄ ရာခိုင်နှုန်းမျှသာလျှင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနေ၍ ရွှေ့ပြောင်း အလုပ်သမားများအနေနှင့်အများအားဖြင့်ဘန်ကောက် မြို့တွင်သာ အခြေစိုက်သော အလုပ် သမားသမဂ္ဂသို့ ၀င်ရောက်ရန်မလွယ်ကူပါ။ နယ်စပ်မြို့များမှ မြန်မာအလုပ်သမားများကို အများအားဖြင့် ဘန်ကောက်မြို့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် သမဂအစည်းအဝေးများတက်ရောက်ရန် ခက်ခဲလှပေသည်။ ဘာသာစကားကလည်း နောက်ထပ်အခက်အခဲတစ်ခုဖြစ်နေသည်။ သို့သော် ဆယ်စုနှစ်ချီ၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ကြသည့် မြန်မာအလုပ်သမား အများအပြားကတော့ ထိုင်းဘာသာကို ကျွမ်းကျွမ်းကျင်ကျင်ရှိ၏။

နယ်စပ်မြို့များရှိ မြန်မာအလုပ်သမားများက ၎င်းင်းတို့အမြတ် ထုတ်ခံနေရသော အခြေအနေကို ဖော်ထုတ်တုံ့ပြန်နိုင်ရေး စီစဉ်ကြိုးပမ်းကြသော်လည်း အခက်အခဲများစွာနှင့် တွေ့ကြုံနေကြရာအလုပ်ရှင်များက ၎င်းတို့၏နိုင်ငံကူးလက်မှတ်များနှ
င့်အလုပ်လုပ် ခွင့်ပါမစ်များကို သိမ်းယူထားခြင်းက အဓိကအချက်ဖြစ်ပြီး ဆန္ဒပြချိန်တွင် လူဝင်မှုအာဏာပိုင်များကို စာရွက်စာတမ်းမပြနိုင်သောကြောင့်လည်းဖြစ်သည်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရ၏။ ရှားပါးလှသည့် အောင်မြင်မှုထဲတွင် မဲဆောက်မြို့က M အ၀တ်အထည်စက်ရုံမှ အလုပ်သမားများပါဝင်သည်။ ၂၀၁၂ ခုနှစ်၊ ဇွန် ၅ရက်နေ့က အလုပ်သမား၃၂၃ဦး စုပေါင်း၍ အခြေခံအနိမ့်ဆုံးလစာရရှိရေး ကြိုးပမ်းကြရာအောင်မြင်မှုရရှိခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုအောင်မြင်မှုက ကြာကြာမခံလိုက်ပါ။ ၂၀၁၃ခုနှစ်၊ မတ်လတွင် စက်ရုံက ကြိုတင်အကြောင်းကြား ကြေညာခြင်းမရှိဘဲ စက်ရုံကိုပိတ်ပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအခါ အလုပ်သမားငါး ရာက တစ်လစာနို့တစ်နှင့် နစ်နာကြေးတောင်းခံကြပြန်သည်။ အခက်အခဲပေါင်းများစွာ၊ ညှိနှိုင်းမှုပေါင်းများစွာတို့ေ
နာက်တွင် အ လုပ်သမားတစ်ဦးလျှင် ဘတ် ၄၈၀၀ စီ ခန့်ရရှိပြီး အလုပ်သစ် ရှာဖွေခဲ့ကြရပြန်သည်။ ထိုအခြေအနေက မဲဆောက်မြို့ အ၀တ်အထည်စက်ရုံအလုပ်သမားများ၏ အခြေအနေပင်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အခြားသော လုပ်ငန်းများနည်းတူ ဤစက်ရုံကလည်း အလုပ်သမားများကို အနိမ့်ဆုံးလစာအသစ်သတ်မှတ်ချက်ြ
ဖစ်သည့် တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဆိုလျှင်ရပ်တည်လည် ပတ်၍မဖြစ်နိုင်ကြောင်း အကြောင်းပြပြောဆိုသည်။

နေ့စဉ်ကြေး ဘတ် ၃၀၀ သည် နေထိုင်ရေးအတွက် လုံလောက်မှုမရှိဘဲ အလုပ်သမားကိုယ် တိုင်နှင့် မှီခိုသူနှစ်ယောက်တို့အတွက် ဖူလုံသောဝင်ငွေကို အနိမ့်ဆုံးလစာအဖြစ် တွက်ချက်သတ်မှတ်ပေးရန် ထိုင်းအစိုးရကို ထိုင်းအလုပ်သမားများကတောင်းဆို နေသည်။ အမှန်စင်စစ် ထိုင်းနိုင်ငံသည် အနိမ့်ဆုံးလစာကို လွန်ခဲ့သော အနှစ် ၄၀ က ဥပဒေပြဋ္ဌာန်း သတ်မှတ်ခဲ့ရာ အစိုးရကိုယ်စား လှယ်၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ် တို့က တွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြသည်။ အနိမ့်ဆုံးလစာဟူသည် အလုပ်သမားကိုယ်တိုင်နှင့် မှီခိုသူနှစ်ယောက်တို့ လူမှုဝန်းကျင်အတွင်း ကောင်းမွန်စွာနေထိုင် စားသောက်နိုင်သည့်နှုန်းကို သတ်မှတ်ရမည်ဟုဆိုခဲ့သည်။ သို့သော် သုံးနှစ်အကြာတွင် ထိုဥပဒေကို ပြန်လည်ပြုပြင်ခဲ့ရာ အနိမ့်ဆုံးလစာကို အလုပ်သမား တစ်ဦးတည်း ဖူလုံရုံအတွက်သာ တွက်ချက်ခဲ့ပြီး မိသားစုကို ပါဝင်ထည့်သွင်းခြင်းမပြုတော့ဘဲ ထိုပြုပြင်ပြဋ္ဌာန်းချက်ကသာ ယနေ့အထိ အတည်ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်ရေးဥပဒေများအရ မည်သည့်နိုင်ငံသားမဆို အလုပ်သမား အားလုံးပြဋ္ဌာန်းထားသော အနိမ့်ဆုံးလစာကိုခံစားခွင့်ရှိ
သည်။ သို့ရာတွင် ထိုအလုပ်သမားဥပဒေသည် တချို့အလုပ်မျိုးကို ထည့်သွင်းထားခြင်းမရှိဘဲ ယင်းအလုပ်အမျိုးအစားထဲတွင် စိုက်ပျိုးရေးနှင့် အိမ်ဖော်အလုပ်လည်း ပါဝင်နေသည်။ အချို့သတ်မှတ်ချက်အသစ်များဖြင့် အိမ်ဖော်အလုပ်သမားများကို အကာအကွယ်ပေးရေး ရည်ရွယ်ပြဋ္ဌာန်းသော်လည်း ယင်းမူဝါဒကို ပြောင်းလဲခြင်း မရှိခဲ့ခြင်းကြောင့် အိမ်ဖော်အလုပ်သမား ၄၈၆၀၀ တို့မှာ အခြေခံအနိမ့်ဆုံးလစာကို ခံစားခွင့်မရရှိကြပါ။ ၎င်းတို့သည် အလုပ်ရှင်များနှင့်သာ လစာကို ညှိနှိုင်းယူကြရသည်။ အိမ်ဖော်အလုပ်သမားအ များအပြားမှာ တရားလွန်နည်းပါးလှသောလစာကိုသာ ရရှိကြသည်။

ပြည်တွင်းပြည်ပ အလုပ်သမားအားလုံးအတွက် အထူးစိုးရိမ်စရာ မှာ အလုပ်ခွင်လုံခြုံရေးနှင့် ကျန်းမာရေးဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိရာ နာပလာဇာအဆောက်အအုံပြိုကျခဲ့သြ
ဖင့် အ၀တ်အထည်ချုပ်အလုပ်သမား ၃၈၀ သေဆုံးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ မီးလောင် မှုကြောင့်လည်း တာဇ်ရင်း ဖက်ရှင်စက်ရုံမှ အမျိုးသမီးအလုပ် သမားတစ်ရာကျော် သေဆုံးခဲ့ရ သည်ဖြစ်ရာ ထိုင်းနှင့် မြန်မာနိုင်ငံရှိ စက်ရုံလုပ်သားများလည်း စိုးရိမ် ကြောင့်ကြကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ အလုပ်သမားနေ့တိုင်းတွင် အရေးပါသော အစီအစဉ်တစ်ရပ် ထည့်သွင်းထားသည်။ ယင်းအစီအစဉ်မှာ ၁၉၉၃ ခုနှစ်က နခုံပသွန် အရပ်ရှိ ကေဒါအရ
...

[Message clipped]  View entire message


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/02/2013 12:32:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.