[mrsorcerer:38105] ရမည်းသင်းမြို့ ဗမကအရှေ့ရပ်ရှိ ရွှေဘုံသာဗလီအား မီးဟပ်ခံရ နှင့်"တရားမျှတမှု"

ရမည်းသင်းမြို့ ဗမကအရှေ့ရပ်ရှိ ရွှေဘုံသာဗလီအား မီးဟပ်ခံရ

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် | TEOL

အကြမ်းဖက် မီးရှို့ခံရမှုကြောင့် ပြိုကျပျက်စီးခဲ့ရသော
ရမည်းသင်း ရွာတန်းဗလီ (ဓာတ်ပုံ-အလင်းမျက်ဝန်း)
၂၀၁၃ ခုနှစ်၊ မေလ (၁)ရက်နေ့ ည (၁၁)နာရီ အချိန်က
ရမည်းသင်းမြို့နယ်၊ ဗမကရပ်ကွက်တွင်းရှိ ရွှေဘုံသာ
ဗလီအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဗလီအုတ်တံတိုင်း
နှင့်ကပ်လျက်တည်ရှိသော နားနေဆောင်အား
အနည်းငယ် မီးဟပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်အား ရမည်းသင်းဒေသခံများမှ ဟုတ်မှန်ကြောင်း
အတည်ပြု ပြောကြားခဲ့ပြီး စတင်လောင်ကျွမ်းရာနေရာ
တွင် ဓာတ်ဆီပုံးတစ်ပုံးနှင့် မသင်္ကာဖွယ် လူသုံးဦးအား
တွေ့ရှိရကြောင်း အလင်းမျက်ဝန်းသို့ ဖြေကြားပါတယ်။

အဆိုပါ ရွှေဘုံသာဗလီမှာ ဗမကအရှေ့ရပ်၊ ကျုံးပတ်လမ်းပေါ်တွင်တည်ရှိပြီး ဗလီ၏ အနောက်တောင်ဘက်တွင် အများသုံး ရွှေဘုံသာ
သောက်ရေကန်နှင့် ရွှေဘုံသာဘုရားတို့တည်ရှိပြီး ဗလီအုတ်တံတိုင်းများမှာ လမ်းမြေမြင့်လာ၍ လုံခြုံရေးအတွက် ၀ါးကပ်များဖြင့် ယာယီ မြှင့်၍ ကာထားခြင်းဖြစ်ရာ ယမန်နေ့က ရွှေဘုံသာကန်ဘောင်လမ်းပေါ်တွင် လောင်စာများအား ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့ခဲ့ခြင်းကြောင့် အုတ်တံတိုင်းပေါ်ရှိ ၀ါးကပ်များ မီးစွဲလောင်၍ အုတ်တံတိုင်းနှင့်ကပ်နေသော ဗလီနားနေဆောင်အား မီးဟပ်နေစဉ် မီးတောက်များ ပိုမို ကြီးမားရပ်ကွက်အတွင်းနေထိုင်သူများက မြင်တွေ့သွားပြီးနောက် အချိန်မီ ၀ိုင်းဝန်းငြိမ်းသတ်
လိုက်နိုင်တယ်လို့ သိရပါတယ်။

ရပ်ကွက်နေသူများမှ သက်ဆိုင်ရာ ရဲစခန်းနှင့် မီးသတ်ဌာနများသို့ အကြောင်းကြားခဲ့သော်လည်း မီးငြိမ်းသတ်ပြီးနောက်မှသာ ရဲတချို့ရောက်ရှိလာခဲ့ပြီး၊ မီးသတ်ဌာနကတော့ ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း ဒေသခံများက ပြောပါတယ်။

မီးစွဲလောင်ကျွမ်းရာနှင့်မလှမ်းမကမ်းရှိ ဖောင်တော်ဦးတံတားပေါ်တွင် လူသုံးဦးအား မသင်္ကာဖွယ်တွေ့ရှိရသော်လည်း သက်ဆိုင်ရာမှ အရေးယူခြင်းမရှိခဲ့သည့်အပြင် ဒေသခံများအား မတော်တဆမှုဖြစ်၍ ဘာမှမဖြစ်ပါကြောင်း၊ ရဲဌာနအနေနဲ့ လုံခြုံရေးအတွက် ဗလီပတ်လည်တွင် ကင်းများ ချထားပေးပြီးဖြစ်လို့ စိတ်ချလက်ချ အိပ်ကြရန်အကြောင်းများ
ပြော၍ ပြန်သွားပြီးနောက်ပိုင်း ဒေသခံများမှ စောင့်ကြည့်နေကြရာ မည်သည့်ရဲကင်းမှ လာရောက်စောင့်ကြပ်ခြင်းမရှိခဲ့လို့ ကိုယ်ထူကိုယ်ထ ဒေသခံများဖြင့် ကင်းချ၍ စောင့်စိုင်းခဲ့ကြရကြောင်း အလင်းမျက်ဝန်းသို့ ပြောပြပါတယ်။

ရမည်းသင်းမြို့နယ်တွင် ဗလီ (၁၄)လုံးရှိပြီး အားလုံးမှာ ရှေးဟောင်းဗလီကြီးများသာ ဖြစ်ကြပြီး လက်ရှိအချိန်တွင် ရမည်းသင်း ရွာတန်းဗလီမှာ ပျက်ဆီးခဲ့ပြီး၊ ၀ီရသူသော့ရိုက်ဖျက်၍ ကျူးကျော်ဝင်ရောက်ခဲ့သည့် ကံကြီးဗလီမှာ ပိတ်ပင်ခံထားရဆဲဖြစ်တာကြောင့် ဗလီ(၁၂)လုံးသာ ၀တ်ပြုနေပါတယ်။

မိတ္ထီလာဖြစ်စဉ်များမတိုင်ခင်က မြို့နယ်ဘောလုံးပွဲအား အကြောင်းပြ၍ အကြမ်းဖက်ရန် ကြိုးပမ်းခဲ့သော်လည်း ကြီးထွားသည့်အခြေအနေသို့ မရောက်ရှိခဲ့ဘဲ၊ မိတ္ထီလာဖြစ်စဉ်များအပြီး ရက်ပိုင်းအတွင်းကလည်း ရွာတန်းကျေးရွာအား အလစ်ဝင်ရောက်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် အိမ်ထောင်စု (၄၆)စုမှာ ဒုက္ခသည်အဖြစ်
ကျေးရွာအထကကျောင်းတွင် နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

လတ်တလောကာလတွင် 969 ဂိုဏ်းများ အထူးသောင်းကျန်းလာကြသော်လည်း အစိုးရအနေဖြင့် ထိရောက်စွာ နှိမ်နင်းခြင်း
မပြုတာကြောင့် မြန်မာမွတ်စလင်မ်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံခြုံမှုမရှိဘဲ နေရာတိုင်းတွင် သတိထားနေရကြောင်း သိရပါတယ်။

နှင်းကြယ်စင် (အလင်းမျက်ဝန်း)

ဥက္ကံ အကြမ်းဖက်ခံမှု ပြည်သူများ၏ ရင်ဖွင့်သံများ (၁)

"တရားမျှတမှု"
=========
၂-၄-၂၀၁၃

၃၀ ရက်နေ့ က ဥက္ကံမှာ ကျွန်မအစ်ကိုရဲ့ ဆေးဆိုင် ဖျက်ဆီးခံခဲ့ရပါတယ်။ ဆိုင်တွင်းရှိ မှန်ဗီရိုများအားလုံးကို ရိုက်ခွဲရုံမက၊ ဆိုင်ရှေ့ အပင်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆိုလာပြားကိုပါ ရိုက်ခွဲခံခဲ့ရပါတယ်။ အစ်ကို့ မှာ သူ့  ကိုမှီခိုနေတဲ့မိသားစု (မိန်းမနဲ့ ကလေးတွေ) ရှိပါတယ်။ သူလုပ်တတ်တဲ့ စီးပွားရေးကလဲ ဒါပဲရှိပါတယ်။

ကျွန်မအစ်ကိုနဲ့  ကိုရင်လေး ဦးပုညတို့ က တစ်ယောက်နဲ့ တစ်ယောက် ဒီ ကမ္ဘာပေါ်မှာ ရှိနေကြမှန်းတောင် မသိကြပါဘူး။ ဒါပေမယ့် ကိုရင်လေးရဲ့ သပိတ်ကွဲခဲ့လို့  ကျွန်မအစ်ကိုတို့  မိသားစုရဲ့ ထမင်းအိုး ရိုက်ခွဲခံခဲ့  ရပါတယ်။ အစ်ကို့် လိုအဖြစ်မျိုး၊ သူ့ ထက်ဆိုးတဲ့အဖြစ်မျိုး ကြုံခဲ့ရသူ၊ ကြုံနေဆဲသူတွေ ကျွန်မရဲ့  ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ များလာပါပြီ။

ဒီတစ်နှစ်အတွင်းမှာပဲ စစချင်းတော့ ကိုယ်နဲ့ မသိတဲ့သူတွေ၊ နောက်ပိုင်း ကျတော့ ကိုယ့်အသိမိတ်ဆွေတွေ၊ ပြီးတော့ ကိုယ့်ဆွေမျိုးသားချင်းတွေ၊ ပြီးတော့ နောက်ထပ်ဘယ်သူတွေ ထပ်ပြီးခံစားကြရဦးမှာလဲ။ ကျွန်မစိတ်ထဲမှာလည်း လုံခြုံမှု မရှိတော့ပါဘူး။ မယုံနိုင်စရာတွေက ခုတော့တကယ်ဖြစ်လာနေပါပြီ။ အဖြေတစ်ခုကိုလည်း သိချင်လာပါတယ်။

လူတစ်ယောက်ဟာ နေ့ ခင်းကြောင်တောင် လူမြင်ကွင်းရှေ့ မှာ ရဲတွေရှိနေပါလျက်နဲ့  သူ့ မျက်နှာကို မဖုံးအုပ်ပဲ တခြားလူတစ်ဦးပိုင် အဆောက်အဦး၊ ဘာသာရေးအဆောက်အဦး တွေကို မီးရှို့ ဖျက်ဆီး ၊ လူသတ်ဝံ့တာ ဘာကြောင့်လဲ။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.