[mrsorcerer:38106] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂-၅)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/2
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၂-၅)
To: lubo601@gmail.com
သစ်ထူးလွင်
Posted: 02 May 2013 06:26 AM PDT
ရန်ကုန်မြို့ရဲ့အပူရှိန်ဟာ သာမန်ထက်ကျော်ပြီး လွန်ကဲတဲ့ အဆင့်ကို ရောက်နေ တာ ဖြစ်လို့ ပြသနာဟာ ပေါ့သေးသေး မဟုတ်တော့ ဘူးလို့ မိုးဇလပညာရှင် ဦးထွန်းလွင်က ဧပြီ ၃ဝရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 05:28 AM PDT
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်လိုက်ပြီဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက် လာတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုကနေ ကြေညာ လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မေ ၂ ရက်နေ့ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။
သမ္မတ ဦးသိန်းစိန်က "ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကိ
ု ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုများကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။
နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးရှိမှာ ဖြစ်သလို တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတက သတိပေးပြောဆိုပါတယ်။
စီးပွားရေးသုံးသပ်သူ ဒေါ်ခင်အုန်းသန့်ကလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်လို့ ပွင့်လင်းလာပေမယ့်လည်း နိုင်ငံတကာက စံချိန်စံညွှန်းကို ဂရုစိုက်တဲ့အတွက် မြန်မာတွေဘက်က စံချိန်စံညွှန်းပြည့်မီရေးကို အလေးထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
"အများအတွက်တော့ အထူးသဖြင့် အလတ်စားတွေအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူတို့ဘက်ကဖွင့်လိုက်တိုင်း ကိုယ်က အလိုလိုတော့ အခွင့်အရေးနဲ့ ရလဒ်တွေရမှာတော့မဟုတ်ဘူးလေ။ အထူးသဖြင့် ကျမစိတ်ပူတာက စံချိန်စံညွှန်း။ သူတို့ ကုန်သွင်းတယ်ဆိုတာ ဒီအတိုင်းသွင်းတာမဟုတ်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကြည့်တာလေ။ ဥပမာ ငါး၊ ပုစွန် သူတို့က ဒီမှာ ဘယ်လိုမွေးလဲ၊ ထားလဲဆိုတာ အီးယူက လာကြည့်မှာလေ။ သူတို့ စံချိန်စံညွှန်းနဲ့ညီလားကြည့်
မှာလေ၊ ညီမှလုပ်မှာလေ။ အဲအပိုင်းကိုတော့ လုပ်ငန်းရှင်အသစ်တွေအတွက် စိတ်ပူတာလေ၊ ဒီကလူတွေက စံချိန်စံညွှန်း အင်မတန်ပေါ့တယ်လေ။"
သမ္မတဦးသိန်းစိန် ဆက်ပြောတာက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် အခွင့်အလမ်းတွေ ဖန်တီးသွားရမယ်လို့ ပြောပါတယ်။
သမ္မတက သူသွားရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံ ခရီးစဉ်တွေကနေ အဲဒီနိုင်ငံတွေနဲ့ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လိ
ု့ ဆိုပါတယ်။
သူဦးဆောင်တဲ့အစိုးရက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်သလို အကျဉ်းသား ၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ
တွေကို ထည့်သွင်းပြောဆိုခဲ့ပြီး ၂၀၁၃ ဧပြီဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတခုဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေထဲမှာ ရခိုင်ကော်မရှင်အစီရင်ခံစာလို ကမ္ဘာတ၀န်းက စိတ်ဝင်စားတဲ့ ကိစ္စမျိုးကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး
ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ချိန်းဆိုတဲ့အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား မြစ်ကြီးနားမှာ ဒီလဆန်း ၆ ရက်နေ့ကတည်းက ဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ ဆိုင်းငံ့ခဲ့ရတာ၊ ဧပြီ ၂၀ ရက်နေ့မတိုင်ခင် ညီညွတ်သောတိုင်းရင်းသားလူမျိုး
များ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် မဆွေးနွေးနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို လူဦးရေစာရင်း ကောက်ယူရာမှာ ဘင်္ဂါလီဆိုပြီး ရေးသွင်းလို့ လက်မခံနိုင် ပြဿနာဖြစ်တာတွေနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်အတွင်း အိမ်ခြေ ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကို
လည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
 by ​အေး​နိုင်  (ဒီဗွီဘီ)
Posted: 02 May 2013 05:23 AM PDT
ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွား
 စေနိုင်သည့် အန္တရာယ်ရှိမှု လွန်ကဲသည့် အဆင့်သို့ ရောက်ရှိ နေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က မေ ၁ ရက် တွင်ပြောသည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်----
 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 04:02 AM PDT
မေလ(၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 03:33 AM PDT
အားလုံး သိကြတဲ့ အတိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်း မြို့နယ်တချို့မှာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါမျိုး ရန်ကုန်ကို ကူးစက်မ လာအောင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ အပါအ၀င် မတူကွဲပြားတဲ့ ဘာသာဝင်တွေကပါ အတတ်နိုင်ဆုံး ကာကွယ် တားဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီအတွက်လည်း အားလုံး စိုးရိမ်ခဲ့သလို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ဘယ်လို ပြဿနာမျိုးမှ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမယ့် ဧပြီ ၃၀ ရက်နေ့မှာတော့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ သပိတ်ကိုင် ကိုရင်လေး ၁ ပါးနဲ့ ဆိုင်ကယ်စီး အမျိုးသမီး ၁ ယောက် မတော်တဆ ထိခိုက်မိတာကို အကြောင်းပြုပြီး ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားသွားခဲ့ပါပြီ။ ကနဦးသတင်းတွေအရ ဘာသာရေး အဆောက်အဦ ၁ လုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးခံရသလို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ သက်ဆိုင်သူတွေအားလုံး ဒီလောက် သတိထား နေကြတဲ့ကြားက ဒီလို ပဋိပက္ခမျိုး ဘာကြောင့် ရန်ကုန်မှာ ဖြစ်လာခဲ့တာလဲ။ အကြောင်းရင်းက ဘာလဲ။ ဒါကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
မိတ္ထီလာမြို့ ဒုက္ခသည်များ
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်တုန်းကတော့ အာဏာပိုင်တွေက ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်အတွင်းကို ကူးစက်မလာနိုင်ပါဘူး ဆိုပြီး နိုင်ငံတကာကို ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ လူအသေအပျောက် ၄၀ ကျော်သည်အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အခါမှာတော့ ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ မဟုတ်ပါဘူးလို့ ငြင်းလို့ မရတော့ပါဘူး။ ဒီအတွက်လည်း ဒီလို အကြမ်းဖက်မှုမျိုး ရန်ကုန်ကို ကူးစက်မလာအောင် အသည်းအသန် တားဆီး ကာကွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဒီ ပဋိပက္ခ ရန်ကုန်ကို ကူးစက်ခဲ့ပါပြီ။
အခုလို ပဋိပက္ခ အကြမ်းဖက်မှုတွေဟာ သာမန် အသေးအဖွဲ ပြဿနာလေးတွေကနေ စတာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမုန်းတရား ကိန်းအောင်းနေပြီးသား အခြေအနေအောက်မှာ ဘယ်လို ပြဿနာလေးတွေမဆို အကြမ်းဖက်မှုကြီးအဖြစ် အလျင်အမြန် ကူးပြောင်းသွားနိုင်ပါတယ်။ ပြောရရင် ပြဿနာရဲ့ အရင်းခံဟာ လူတွေစိတ်ထဲ ၀င်ရောက်နေတဲ့ အမုန်းတရား ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ဒီ ဘာသာ ၂ ခု အကြား အခုအချိန်ကာလ ရောက်မှ ဘာကြောင့် အမုန်းတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ပြဿနာကို ဘယ်မှာမှ အထူးရှာဖွေနေစရာ မလိုပါဘူး။ အခုနောက်ပိုင်း လူတွေစိတ်ထဲ အမုန်းတရား ပေါ်ပေါက်စေတဲ့ ဟောပြောမှု၊ ၀ါဒဖြန့်ချိမှုနဲ့ လှုံ့ဆော်တာတွေ အဆက်မပြတ် လုပ်နေလို့ အမုန်းတရားတွေ တဖြည်းဖြည်းပျံ့နှံ့လာတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီ အမုန်းတရားတွေဟာ လောင်စာနဲ့ တူပါတယ်။ အသေးအဖွဲလို့ ဆိုတဲ့ ပြဿနာမီးစလေး တို့လိုက်တာနဲ့ ကြီးမားတဲ့ အကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူ လောင်မြိုက်သွားစေတာ ဖြစ်ပါတယ်။ တချို့ နိုင်ငံရေးအင်အားစုတွေကတော့ ဒီ အမုန်းတရား ဖြန့်ဖြူးနေတာကို နှစ်ခြိုက်ကြပါတယ်။ သာမန်ပြည်သူတွေထဲ ဒီ ဘာသာရေးဆန်တဲ့ အမုန်းတရား ပျံ့နှံ့နေခြင်းအားဖြင့် နှစ်ပေါင်းများစွာ တိုင်းပြည် ချွတ်ခြုံကျခဲ့ရတာ၊ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတာ၊ လူစဉ်မမှီ ဖြစ်ခဲ့ရတာတွေဟာ စစ်အာဏာရှင်တွေကြောင့် မဟုတ်ဘဲ ဒီဘာသာခြားတွေကြောင့် ဖြစ်သယောင်ယောင် လမ်းလွှဲနိုင်လို့ပဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ပြည်သူတွေ တခဲနက် ထောက်ခံအားပေးတဲ့ လူ့အခွင့်အရေး လေးစားလိုက်နာပြီး သမာသမတ်ကျတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ဒီ ဘာသာရေးဆိုင်ရာ အမုန်းတရားနဲ့ ဆက်စပ်ပြီး လူထုထောက်ခံမှု လျော့ကျအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို မီးလောင်တိုက်ထဲ သွင်းမယ့် ဒီ အမုန်းတရား ဖြန့်ဖြူးရေး လုပ်ကိုင်ဆောင်ရွက်မှုဟာ အတော်ကို ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေ၀င်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့ မလုံလောက်ပါဘူး။ အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ဟောပြောမှု၊ စည်းရုံးမှု၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ်ဖို့ လိုပါတယ်။ ဒါကို အားပေးအားမြှောက်ပြုမှုတွေ၊ ထပ်ဆင့် ဖြန့်ဖြူးမှုတွေနဲ့ ငွေကြေးထောက်ပံ့ပေးမှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ဒါတွေကို မလုပ်ကိုင်ခဲ့ရင်တော့ မြန်မာပြည်ဆိုတာ ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေအောက်မှာ နေထိုင်ရတဲ့၊ အကြမ်းဖက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ တိုင်းပြည်အဖြစ် ကျဆင်းသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 by တိုင်းကျော်  (ဒီဗွီဘီ)
Posted: 02 May 2013 03:19 AM PDT
၃၀-၄-၂၀၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂရုကျေးရွာ၌ ခွေးရူး အကိုက်ခံရ၍ လူကြီး(၂)ဦးနှင့် ကလေး(၁)ဦး သေဆုံးကြောင်းသတင်းအရ မြင်းမူရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ ၎င်းကျေးရွာနေ ဦးချစ်ရွှေ(၇၂)နှစ်၊ ဦးချစ်ရွှေ၏ဇနီး ဒေါ်ခင်ရွှေ(၇၃)နှစ်နှင့် မြစ်တော်စပ်သူ မောင်ပြည့်ဖြိုးဝေ(ခ)ပြေတီဦး(၄)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 03:12 AM PDT
မေလ (၄) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ ၂၊ အမှတ် ၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 03:07 AM PDT
ဧပြီလ (၃၀)ရက်နေ့ ထုတ် မော်နီတာသတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၅၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 03:05 AM PDT
ဧပြီလ (၂၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄၈)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 03:01 AM PDT
ဧပြီလထုတ် DIY (Do It Yourself) အတွဲ ၁ ၊ အမှတ် ၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 02:04 AM PDT
ရဲတပ်ဖွဲ့ဝင်များလဘ်စားသည်ဟု ပြောဆိုခြင်းကြောင့် ပန်းတနော်တရားရုံး က မေ ၂ ရက်နေ့ တွင် ဒဏ်ငွေ နှစ်သောင်း(သို့မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ကိုနေမျိုးဇင်က အပြစ်မရှိဟုဆိုကာ ဒဏ်ငွေ မဆောင်ခြင်းကြောင့် လက်နောက်ပြန်ကြိုးတုတ်၍ မအူပင်တောင်သို့ ခေါ်ဆောင်သွားကြောင်း ကိုနေမျိုးဇင်၏ ညီ ကိုခင်မောင်ဌေးက ယနေ့ခေတ်
သို့ ပြောကြားသည်။
ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာ လူထုတွေ့ဆုံပွဲ တစ်ခုတွင် မြန်မာ့လူမှု ဘ၀ဖွံ့ဖြိုးတိုး တက်ရေး ကွန်ယက် မှ ကိုနေမျိုးဇင် က ရဲများ လဘ်စားသည် ဟုထည့်သွင်း ပြောဆိုခဲ့ခြင်းကြောင့်
ပန်းတနော်မြို့ ရဲမှူးက ကိုနေမျိုးဇင်အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်
ယနေ့ခေတ်
ဓာတ်ပုံ (အင်တာနက်)
Posted: 02 May 2013 01:42 AM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လုပ်ဆောင်နေသည့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ဒေသ အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာနှင့် ဒေသအတွင်းမှ လူမှုအဖွဲ့အစည်း ၃ ဖွဲ့က တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆို လိုက်သည်။
အဆိုပါ တောင်းဆိုချက်များကို မတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် ထုတ်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။
တောင်းဆိုချက်များ
(၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီ
မံကိန်းအတွင်း EIA နှင့် SIA များကိုပြုလုပ်ထားသည်ရှိ သော် ဒေသခံပြည်သူလူထုအား ရှင်းလင်းအသိပေးရန်။ အကယ်၍ EIA နှင့် SIA များကို စီမံကိန်းအကောင်ထည် မဖော်မီ ပြုလုပ်ခြင်းမရှိခဲ့ပါက စီမံကိန်းအကောင်ထည်ဖော်နေခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး EIA နှင့် SIA များကို ပြုလုပ်ရန်နှင့် ၄င်းကို ဒေသခံပြည်သူများကို အသိပေးရှင်းလင်းပြီး ဒေသခံပြည်သူများ၏ သဘောထားများကို ရယူရမည်။
(၂) ရေနံနှင့်ရွှေသဘာဝဓါတ်ငွေ့ပိုက်
လိုင်း၏ ခိုင်ခန့်မှုကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အထူးစစ်ဆေးရန်၊ ခိုင်မာ မှုအဆင့်နှင့် အန္တရယ်ရှိမှုကို ပြည်သူများကို ချက်ချင်းအသိပေးရမည်။
(၃) ရေနံတင်သင်္ဘောများနှင့် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း မတော်တဆပေါက်ကွဲမှုများ ရခိုင်ကမ်းရိုးတန်းတလျောက် တွင်ဖြစ်ပေါ်ခဲ့သော် ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်း
များ၊ ပျက်စီးသွားမည့်သဘာဝပတ်ဝန်းကျင်၊သက်ရှိသတ္တ၀ါ များနှင့် ပျက်စီးဆုံးရှုံးသွားမည့်ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မည်သည့်အစိုးရနှင့်ကုမ္ပဏီ များကတာဝန်ခံပြီး မည်သို့တာဝန်ယူမှုများဖြင့် ဖြေရှင်းပေးမည်ကို ဒေသခံပြည်သူများကို ကြိုတင်ရှင်းလင်း အသိပေးရမည်။
(၄) ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်၊ လူနေမှုဘ၀နှင့်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ကာကွယ်ပေးနိုင်သည့် ဥပဒေတရပ်ကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်
း ချက်ချင်းအကောင်အထည်ဖော်ပေး ရမည်။
(၅) ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရာမှ ကျောက်များကို မိုင်းခွဲရှင်းလင်းပြီး ဒေသခံတို့၏ ငါးဖမ်းဧရိယာအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော ကျောက်ပုံများကို ချက်ချင်း ရှင်းလင်းပေးရမည်။
(၆) ရေနံတင်ဆိပ်ကမ်းအနီးတ၀ိုက်တွင် ရေနံတင်သင်္ဘောကြီးများ ၀င်ထွက်သွားလာမှုများကြောင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်ြး
ဖစ်သော ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လာခဲ့ပါက ၄င်းဒေသခံတို့၏ စားဝတ် နေရေး ဖူလုံစေရန် မည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို ဒေသခံတို့အား ကြိုတင်အသိပေးရမည်။
(၇) ရေနံတင်ဆိပ်ကမ်းအပါအ၀င် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီ
မံကိန်းတို့အတွက် အဓမ္မ သိမ်းယူထားသော လယ်ယာမြေများ၊ လျော်ကြေးလုံးဝမပေးဘဲ မတရားသိမ်းယူထားသော လယ်ယာမြေများနှင့် လျော်ကြေးအပြည့်အ၀ မရသေးသူများအတွက် ကာယကံရှင်များ ကျေနပ်သည်အထိ နိုင်ငံတကာစံနှုန်းအတိုင်း လျှော်ကြေးအပြည့်အ၀ပေးရန်။
(၈) ရေနံတင်ဆိပ်ကမ်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီ
မံကိန်းများကြောင့် စားဝတ်နေရေး ခက်ခဲကြုံတွေ့နေရသော ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးရမည်။
(၉) နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းမျာ
းနှင့် ဒေသခံမဟုတ်သော အလုပ်သမားများသည် ဒေသခံတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန်နှင့် ဒေသခံတို့နှင့် ကိုက်ညီမှုမရှိသော ပြုမူဆက်ဆံခြင်းများ ကိုမပြုရန်။
(၁၀) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော အညစ်အကြေးနှင့် စွန့်ပစ်ဓါတုပစ္စည်းများ၏ အန္တရာယ်ရှိမှုများကို ဒေသခံတို့အား ကြိုတင်အသိပေးရှင်းလင်းရန်နှင့် ဒေသခံတို့၏ ရေ၊ လေ၊ မြေကို မညစ်ညမ်းစေရန် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လုပ်ဆောင်ရန်။
(၁၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုး ရေးအတွက် လုပ်ဆောင်ရာတွင် ဒေသခံတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမည်။
(၁၂) ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို  ပြည်တွင်းသုံးစွဲမှုနှင့် နိုင်ငံခြားသို့မတင်ပို့မှီ ရခိုင်ပြည်ဖွံ့ဖြိုးရေး အတွက် ပထမဦးစားပေး အသုံးပြုလုပ်ဆောင်ပေးရမည်။
သက်ဆိုင်သူများမှ လိုက်လျှော့လာသည့်အထိဒေသခံများ
မှ ဆက်လက် တောင်းဆို သွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းက ယခုကဲ့သို့ပြောသည်။
" သူတို့ဘက်က လိုက်လျှောလာတဲ့အထိ ဒေသခံတွေက ဆက်ပြီး တောင်းဆိုရမှာဖြစ်ပါတယ်။  အစကတည်းက ကျွန်တော်တို့မှာ နစ်နာမှုတွေအများကြီးရှီပါတယ်။  ဒီလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကို အသိပေးတာမရှိခဲ့ဘူး။ ဒီစီမံကိန်းအကောင်းထည်ဖော်လာတဲ့
အချိန်မှာ ကျွန်တော် တို့မှာ သက်ရောက်မှုတွေအများကြီးရှိပါတယ်။ ဒီစီမံကိန်းကြောင်း ငါးလုပ်ငန်းနဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့က ဆက်ပြီး တောင်းဆိုရမှာ ဖြစ်ပါ တယ်။"
ဧပြီလ ၁၈ ရက်နေ့ကလည်း မဒေးကျွန်း ဒေသခံများက စီမံကိန်းတွင်အဓိက ပါဝင်သည့်တရုတ် CNP C ကုမ္ပဏီရုံးရှေ့တွင် (၁) သိမ်းဆည်းလယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်း အတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်း ရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန်အပါအ၀င် အချက် ၉ ချက်ကို တောင်းဆို ခဲ့ကြသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု သမတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ လာရောက်ပြီး လူမှုအဖွဲ့များအပါအ၀င် ဒေသခံများနှင့် တွေ့ဆုံကာ ဒေသခံများ၏ တောင်းဆိုချက်တချို့ကို လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့သည်။
ဝန်ကြီးများပြောဆိုပြီးနောက် လျှော်ကြေးပေးမှုတစ်ချို့ရှိသော်
လည်း ထိုက်တန်သည့်လျှော်ကြေး မ ဟုတ်ဘဲ ဒေသခံများကို ဖြေသိမ်းသည့် သဘောသာဖြစ်ကြောင်း ကိုထွန်းလင်းက ဆက်ပြောသည်။
" ၀န်ကြီးတွေလာပြီးနောက်မှာ ပိုက်လုံးရဲ့တဘက်တချက်မှာ မြေစာတွေဖုံးသွားတဲ့ လယ်မြေတွေနဲ့ ဥယာဉ်တချို့အတွက် ငွေပေးတာရှိပါတယ်။ အဲဒီမှာ ၃ သိန်း၊ ၁ သိန်း၊ ၆၀၀၀ ကျပ်လည်းပါတယ်။ အ များအားဖြင့်ပေးတာက သောင်းဂဏန်းဘဲများတဲ့အတွက် ဒါဟာ ဒေသခံတွေကို ဖြေသိမ့်တဲ့ သဘောသာဖြစ်ပြီး တန်ရာတန်ကြေးမဟုတ်ပါဘူး။"
လျှော်ကြေးပေးရာတွင်လည်း ထိုက်တန်သည့်လျှော်ကြေးပေးခြင်း
မဟုတ်သည့်အတွက် အများစုမှာ လျှော်ကြေးကို လက်မခံခဲ့ကြောင်း သိရသည်။
၂၀၀၉ခုနှစ်ကတည်းက ကိုးရီးယားနိုင်ငံပိုင် ဒေးဝူးကုမ္ပဏီ၊ တရုတ် နိုင်ငံမှ CNPCနှင့် မြန်မာ MOGE ကုမ္ပဏီတို့က ကျောက်ဖြူဒေသတွင် ဓါတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်းအပါအ၀င်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းလုပ်ငန်းများ
ကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ရခိုင်ပြည်မှ ထွက်ရှိသည့်သဘာဝဓါတ်ငွေ့ကို မြန်မာအစိုးရမှ တရုတ်နိုင်ငံကို ရောင်းချထားသည့် အ တွက် ပိုက်လိုင်းဖြတ်သန်းခ အပါအ၀င် ဓါတ်ငွေ့ရောင်းချမှုအတွက် နှစ်တစ်နှစ်လျှင် အမေရိကန် ဒေါ် လာ ၁ ဘီလီယံ (ဒေါ်လာသန်းတစ်ထောင်) အနည်းဆုံး ရရှိမည် ဖြစ်သော်လည်း ဒေသခံပြည်များမှာ တစ်စုံတရာ အကျိုးခံမှုမရရှိသည့်အပြင် လူမှုဘ၀ရပ်တည်မှု များကိုပါ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
တောင်းဆိုရာတွင် ပါဝင်သည့် ဒေသခံအဖွဲ့စည်းများနှင့် ကျေးရွာများမှာ (၁) Kyaukphyu Social Network Group/ Kyaukphyu Township (၂) Sky Youth Organization/ Kyaukphyu Township (၃) Maday Island Development Organization/ Kyaukphyu Township (၄) စေတီတောင်ရပ်ကွက် ကျောက်ဖြူမြို့(၅) တိုးချဲ့ရပ်ကွက် ကျောက်ဖြူမြိ့ (၆) မင်းပြင်ရွာ ကျောက်ဖြူမြို့နယ် (၇) လိပ်ခမော်ရွာ ကျောက်ဖြုမြို့နယ် (၈) မြစ်နားတန်းရပ်ကွက် ကျောက်ဖြူမြို့ (၉) ကုလာဘာတောင်ရပ်ကွက် ကျောက်ဖြူမြို့ (၁၀) ဇင်ချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၁) ကုန်ဘွေရွာ ကျောက်ဖြူမြို့နယ် (၁၂) ချောင်းဝရွာ ကျောက်ဖြူမြို့နယ် (၁၃) ချောင်းဖျားရွာ ကျောက်ဖြူမြို့နယ် (၁၄) ရနံတောင်ရွာ ကျောက်ဖြူမြို့နယ် (၁၅) ကြတိန်အုပ်စု ကျောက်ဖြူမြို့နယ် (၁၆) လိပ်ခမော်ရွာသစ် ကျောက်ဖြူမြို့နယ် (၁၇) ပြားကျိန်ရွာ ကျောက်ဖြူမြို့နယ် (၁၈) သဖန်းချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၉) မလကျွန်း ကျောက်ဖြူမြို့နယ် (၂၀) ဂေါ်တူရွာ ကျောက်ဖြူမြို့နယ် တို့ ဖြစ်ကြသည်။
(နိရဉ္စရာ- ၂ မေ ၂၀၁၃) / မောင်အေး
Posted: 02 May 2013 01:45 AM PDT
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် ကင်တေးနားမှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူ မွတ်ဆလင် ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် မူဆလင်များ အကြား စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တောင်းဆို လိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 01:08 AM PDT
မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ခန့်အပ် ထားကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးက ဘီဘီစီကို အတည်ပြု ပြောကြားလိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ မူလ ပါတီခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ တာဝန်ရယူပြီးနောက် ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ဥက္ကဌ ရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။
ဒါပေမဲ့ အခြေခံဥပဒေ အရ ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အတွက် အဲဒီအချိန်မှာကတည်းက ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အမြဲတန်း ဥက္ကဌ အဖြစ်တာဝန်လွှဲပြောင်းယူလိုက်ပါ
ပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လူငယ် ညီလာခံမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ဘီဘီစီကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘယ်နေ့ဘယ်ရက်က စတင် တာဝန်ယူလိုက်တယ် ဆိုတာ အတိအကျပြောဖို့ကိုတော့ ငြင်းဆန်သွားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)
Posted: 02 May 2013 05:01 AM PDT
ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကြောင့် ဝေဖန်မှုများ ခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူ လိုက်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက The Voice သို့ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်း ရယူကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီလူငယ် ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်း ကလည်း အတည်ပြုပြောကြားသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီ ဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီတစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့် မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွှဲအပ်ထားခဲ့သည်။
ယနေ့ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သဖြင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူးကို တရားဝင် ရယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီခေါင်းဆောင် များက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ဇန်နဝါရီလ ကတည်းက ကြံ့ခိုင်ရေးပါတီထံ စာပို့ထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။
"ပါတီဥက္ကဋ္ဌရာထူးက လွှဲပြောင်းစရာ မလိုပါဘူး။ တစ်ယောက်က မလုပ်ဘူးဆိုရင် ဒုတိယဥက္ကဋ္ဌကို အစားထိုးပြီးသားပါ"ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကို အခြေခံဥပဒေနှင့် ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ တင်ပြသင့်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က အဆိုတစ်ရပ် တင်သွင်းထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံခဲ့သည်။
The Voice Daily
Posted: 02 May 2013 12:08 AM PDT
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်မှု မူလထက် တစ်နာရီ ထပ်မံတိုးမြှင့် လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ကူးစက်လာမှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 02 May 2013 12:01 AM PDT
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီ ၃၀ ရက်နေ့ ညက ကျေးရွာ တချို့ မီးရှို့ ခံရစဉ်
Posted: 01 May 2013 10:53 PM PDT
လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖြူး တွင် ဦးခေါင်းပြတ်၍ သေဆုံးနေသော အမျိုးသမီးအမှုကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 01 May 2013 06:04 PM PDT
၃၀-၄-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ တစ်ဖက်ယာဉ်ကြောတွင် ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၏ ဇနီးဖြစ်သူစီးနင်းသော ကားနံပါတ် (-/၂၄၇၂)ကားသည် မီးသတ်ကားများနှင့် အပြိုင်ရောက်ရှိ လာရာ တာဝန်ကျ ယာဉ်ထိန်းရဲ သည်လည်း ၀န်ကြီးကတော် ကားမှန်းသိသော်လည်း အဓိက အရေးကြီးသော မီးသတ်ကားကိုသာ လမ်းရှင်း ပေးလိုက်ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 01 May 2013 02:29 PM PDT
( ၂၈ ၊ ၃ ၊ ၂၀၁၃ ) စနေနေ့  ည ၉း၃၀ အချိန်က ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့ နယ် ဗိုလ်မှူးဗထူးလမ်းပေါ် ဗထူးဈေးမှတ်တိုင် အနီးတွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာ သေဆုံးသွားသူ ဒေါ်အိပပထွေး သည် ရန်ကုန် ပညာရေးတက္ကသိုလ် ၊လေ့ ကျင့် ရေးကျောင်း( TTC) မှမူလတန်းပြ ဆရာမ တစ်ဦးဖြစ်ပြီး တရားပွဲမှအပြန်တွင် စီးနင်းလိုက်ပါလာသော စက်ဘီးကို ဆိုင်ကယ်မှ ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်းသိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သေဆုံးသွားသူ ဒေါ်အိပပထွေး
Posted: 01 May 2013 02:16 PM PDT
ယနေ့အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သော မြန်မာနိုင်ငံ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ဆောင်ရာတွင် ပညာရေးအခန်းကဏ္ဍသည်လည်း အဓိကအရေးကြီးပါဝင်လျက် ရှိပါသည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်ရေးသည် စီးပွားဥစ္စာပ
...
[Message clipped]  View entire message
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/02/2013 10:14:00 PM
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.