[mrsorcerer:38113] Fwd: [လူဗိုလ်ဟူသည် ...] ဘဏ်များ၏အလားအလာ ခင်မောင်ညို (ဘောဂဗေဒ)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/2
Subject: [လူဗိုလ်ဟူသည် ...] ဘဏ်များ၏အလားအလာ ခင်မောင်ညို (ဘောဂဗေဒ)
To: lubo601@gmail.com


by Khin Maung Nyo (Notes) on Thursday, February 21, 2013 at 6:09pm


            ကမ္ဘာ့ဘဏ်၏ သုတေသနတစ်ခုအရချမ်းသာသောဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဝင်ငွေမြင့်သူရော၊ ဝင်ငွေနိမ့်သူရောဘဏ်စာရင်းဖွင့်ထား ကြသည်။ သို့သော်လည်းဖွံ့ဖြိုးဆဲ နိုင်ငံများ၌မူထိုသို့မဟုတ်ပေ။
            ချမ်းသာသော နိုင်ငံများတွင် အရွယ်ရောက်သူများ၏ ၆၂% ခန့် က ဘဏ်စာရင်းဖွင့်ထားကြသော် လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၄% သာဖွင့်ကြသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် အရွယ်ရောက်သူသန်းပေါင်း ၂၅ဝဝ ခန့် ဘဏ်စာရင်းဖွင့်ထားကြသော်လည်းဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ်စာရင်းဖွင့်ထားသူ နည်းပါး သည်။
            အများအားဖြင့် အနီးအနားတွင် ဘဏ်မရှိ၊ ရှိပြန်လျှင်လည်းမသုံးနိုင် သဖြင့် အနာဂတ်အတွက် လုံခြုံစိတ် ချစွာစုဆောင်းနိုင်ရန် ပညာရေးအတွက်သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ရန် အတွက်သော် လည်းကောင်းအရေးပါသောရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် အခက်အခဲတွေ့ လျက်ရှိသည်။

            နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိပြီးဘဏ္ဍာရေးတိုးတက်ဖွံ့ဖြိုးမှုဟုဆိုရာတွင် အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင် ရေးလည်းပါဝင်သည်။
            အများအားဖြင့် ဝင်ငွေမရှိခြင်း၊ အသုံးစရိတ်ကဝင်ငွေထက် နည်းနေ ခြင်းတို့ကြောင့် ဘဏ်စာရင်း ဖွင့်လှစ် ထားခြင်းမရှိဟုအကြောင်းပြလေ့ရှိရာစီးပွားရေးတိုးတက်ပြီးဝင်ငွေမြင့် မားလာလျှင် ထိုအကြောင်းပြ ချက် များလျော့နည်းသွားနိုင်သည်။
            ကြွယ်ဝချမ်းသာသောဖွံ့ဖြိုးပြီးနိုင်ငံများ၌ အခြားမိသားစုဝင်များတွင် ဘဏ်စာရင်းရှိသဖြင့် မိမိတို့ အတွက် သီးခြားဘဏ်စာရင်းဖွင့်စရာမလိုကြောင်းအကြောင်းပြတတ်ကြသည်။ ဝင်ငွေနိမ့်သူများကမူအနီးအနားတွင် ဘဏ်မရှိကြောင်းအကြောင်းပြကြသည်။ ဝင်ငွေနိမ့် မိသားစုများ သည် ကျေးလက်ဒေသများတွင် နေထိုင်လေ့ရှိကြပြီးကျေးလက်ဒေသများ၌ ဘဏ်အရောက် အပေါက် နည်းကြသည်။ ထို့ကြောင့် ဘဏ်စာရင်းဖွင့်ရန် ဝင်ငွေရှိသည့်တိုင် ဘဏ်သို့သွားပြီးငွေအပ်ရန်၊ ငွေထုတ်ရန် ခက်ခဲနေတတ်ကြသည်။
            တစ်ဖန် ဝင်ငွေကြောင့်မဟုတ်၊ လိုအပ်သောစာရွက်စာတမ်းအထောက်အထား မပြည့်စုံခြင်းကြောင့် ဘဏ်ကိုအသုံးမပြုခြင်းဖြစ်သည်ဟုအကြောင်းပြသူများရှိသည်။ ဘဏ်များကအမြဲတမ်းနေရပ်အထောက်အထား၊ လစာထုတ်စာရွက်တို့ကိုတောင်းခံလေ့ရှိသော် လည်း ပြင်ပတွင် စီးပွားရေးလုပ်ကိုင်နေသူများအနေဖြင့် ထိုအခြေခံကျသောစာရွက်စာတမ်းများ၊ အထောက် အထားများပင်လျှင် ပြည့်ပြည့်စုံစုံမရှိသည်ကိုတွေ့ရသည်။
            ဘဏ်များနှင့် နီးစပ်ခြင်း၊ စာရင်းဖွင့်ရန် စရိတ်စကအကုန်အကျနည်း ခြင်းဟူသောအခြေအနေကောင်းများ နှင့် ကြုံကြိုက်သည့်နိုင်ငံများတွင် ဘဏ်စာရင်းဖွင့်သူပိုမိုများပြားလေ့ရှိသည်။ ထိုစာရင်းကိုအသုံးပြုမှုလည်းများပြားသည်။
            စာရင်းဖွင့်ရန် စရိတ်သက်သာ ခြင်း၊ အချို့သောစာရင်းမျိုးအတွက် အထောက်အထားစာရွက်စာ တမ်းတောင်းခံခြင်း မရှိသောမူဝါဒများရှိ လျှင် ကျေးလက်ဒေသ၌ နေထိုင်သူများနှင့် ဆင်းရဲသားများ၏ ဘဏ် စာရင်းပိုင်ဆိုင်မှု တိုးပွားလာသည်ကိုတွေ့ရသည်။
            ကမ္ဘာပေါ်တွင် အရွယ်ရောက် သူတစ်ဝက်ခန့်သည် တစ်ဦးတည်းစာရင်းဖွင့်ခြင်း၊ သို့မဟုတ် ပူးတွဲ စာရင်းဖွင့်ခြင်းတို့ ပြုလုပ်ကြရာဖွံ့ဖြိုး ပြီးသော နိုင်ငံများ၏ တစ်ဝက်သောဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဘဏ်စာရင်းများထားရှိကြသည်။
            ချေးငွေကတ်ပြားကိုင်ဆောင်မှု တွင် အချိုးအစားကွာဟချက် ပို၍ ကြီးမားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် အရွယ်ရောက်သူတစ်ဝက်ခန့်က အကြွေးဝယ်ကတ်ပြားကိုင်ဆောင်နိုင် ကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိသူ ၇%ခန့်သာကိုင်ဆောင်နိုင်ကြသည်။
            အဆိုပါနိုင်ငံများ၏ ဝင်ငွေနှင့် ပညာရေးအဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ဘဏ်၏အဆင့် အတန်းလည်းသိသိသာသာမြင့်မားသွားသည်။ အာဖရိကတွင် တက္က သိုလ်ဘွဲ့ရသူ ၅၅% ခန့်တွင် ဘဏ် စာရင်းရှိပြီးမူလတန်းပညာတတ် မြောက်သူ၊ သို့မဟုတ် စာမတတ်သူများ၏ ၁ဝ% ခန့်သာဘဏ်စာရင်း ရှိသည်။
            ထို့အတူပင် ဘဏ်စာရင်းဖွင့်ရာတွင် အမျိုးသား၊ အမျိုးသမီးကွာဟချက်လည်းရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရွယ်ရောက်သူအမျိုးသားများ၏ ၄၆% ၌ ဘဏ်စာရင်းရှိကြသော်လည်း အမျိုးသမီးများ၏ ၃၇% သာဘဏ်စာရင်းရှိသည်။
            အာရှတောင်ပိုင်း၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမြောက် ပိုင်းတို့တွင် အမျိုးသားအမျိုးသမီး များ၏ ဘဏ်စာရင်းဖွင့်မှုအချိုးအစားနိမ့်ကျရာအမျိုးသားများ၏ ၂၇% နှင့် အမျိုးသမီးများ၏ ၂၂% သာ ဘဏ်စာရင်းရှိကြသည်။

ဘဏ်များကိုအသုံးပြုပုံ
            ဘဏ်တွေကိုစီးပွားရေးလုပ်ငန်းများကအဓိကအားဖြင့် အသုံးပြုကြ မည်ဟုထင်ရသော်လည်း လက်တွေ့ တွင် ထိုသို့မဟုတ်ပေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ်စာရင်းရှိသူ ၈၈% က ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်သာဘဏ်ကိုအသုံးပြုကြကြောင်းတွေ့ရ သည်။ ချေးငွေရယူရာတွင် မိသားစုဝင် တစ်ယောက်ယောက် မကျန်းမာ ခြင်း၊ ကျောင်းအပ်ရန် စရိတ်လိုခြင်း၊ အိမ်ဆောက်ရန်၊ မင်္ဂလာဆောင် ရန် နှင့် နာရေးကိစ္စများအတွက် ဘဏ်ကိုအသုံးပြုကြသည်။
            အာဖရိကတွင် ဘဏ်စာရင်းရှိသူ ၃၈% က ပြည်ပရောက် အလုပ် သမားများက ပြန်ပို့ သည့်ငွေကို လက်ခံရန် ဘဏ်စာရင်းဖွင့်ထားကြောင်းသိရသည်။ ဥရောပဗဟိုကျ ဒေသနှင့် လက်တင်အမေရိကတို့၌ ဘဏ်စာရင်းဖွင့်ကြခြင်း၏ အဓိကအကြောင်းမှာလစာအနေဖြင့်ဖြစ်စေ၊ တခြားသောအကျိုးခံစားခွင့်အနေ ဖြင့်ဖြစ်စေ၊ အစိုးရထံမှ ရငွေများကို လက်ခံအပ်နှံရန် အတွက်ဖြစ်ကြောင်းတွေ့ရသည်။
            အများအားဖြင့် ဘဏ်များကိုငွေစုရန်အတွက် အသုံးပြုမည်ဟုယူဆကြသော်လည်း လက်တွေ့ တွင် ထိုသို့မဟုတ်ပေ။ အရွယ်ရောက်သူများ၏ သုံးပုံတစ်ပုံခန့်ကသာယခင် နှစ်ကငွေစုခဲ့ကြသည် ဟုဖြေသည်။ သို့သော် ငွေစုရာတွင် ဘဏ်နှင့် အခြားငွေကြေးအဖွဲ့အစည်းတစ်ခုခုကိုအသုံးပြုသူမှာ ၂၂% သာရှိသည်။ ၂၉% ကစုသော်လည်းဘဏ် ၌မထား။ အိမ်၌သိမ်းထားခြင်း၊ သို့ မဟုတ် လက်ဝတ်ရတနာ ဝယ်ခြင်းတို့ ဖြစ်ပုံရသည်။ အာဖရိကတွင် ငွေစုအသင်းများဖွဲ့ကာထိုငွေစုအသင်းများ၌ ငွေစုသောအလေ့အထကျယ် ပြန့်သည်။ အချို့သော မြန်မာဈေးများ၊ လုပ်ငန်းများတွင် လုပ်လေ့ရှိသလိုအဖွဲ့ဝင်တိုင်းကလစဉ်မှန်မှန် စုငွေထည့်ကာ အလှည့်ကျအသင်းဝင်တစ်ယောက်ကရယူသည့်လုပ် ငန်းမျိုးဖြစ်သည်။
            အမှန်တကယ်တွင် ငွေစုပုံစုနည်းသည် ဝင်ငွေတစ်ခုတည်းနှင့် သာသက်ဆိုင်ခြင်းမရှိပေ။ အစိုးရကဘဏ်တွေ ကျယ်ကျယ်ပြန့်ပြန့် လွယ် လွယ်ကူကူဖွင့်လှစ်စေချင်သလားဆိုသော မူဝါဒအပေါ် တွင်လည်းမူတည်သည်။ ဘဏ်တွေမှာစာရင်းဖွင့် ဖို့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေ ဘယ်လောက်လိုသည်ဆိုသောအချက်ကလည်းအရေးပါ သည်။

မိုဘိုင်းဖုန်းတွေ
            ကင်ညာနိုင်ငံတွင် လွန်ခဲ့သော ၁ နှစ်အတွင်းမိုဘိုင်းဖုန်းသုံးကာငွေ လက်ခံသူငွေပို့သူ ၆၈% ရှိသည်။ တကယ်တော့ သူတို့၏တစ်ဝက်သာဘဏ်စာရင်းရှိသူများဖြစ်ကြသည်။
            အိန္ဒိယနိုင်ငံတွင် နယ်ပယ် ကျယ်ပြန့်ခြင်း၊ ဘဏ်ခွဲများဖွင့်ရန် စရိတ်ကြီးမားခြင်းတို့ကြောင့် ဘဏ်ကိုအသုံးပြုနိုင်သူနည်းပါးသည်။ သို့ သော် မိုဘိုင်းဖုန်းသုံးစွဲသူသန်း ၈၄ဝ ကျော်ရှိသဖြင့် စရိတ် သက်သာလွယ် ကူမြန်ဆန်ပြီးလုံခြုံစိတ်ချစွာငွေ အပေးအယူပြုလုပ်နိုင်ကြသည်။ ဘဏ်တွေကလည်းတယ်လီဖုန်းမှ တစ်ဆင့် အပေးအယူလုပ်နိုင်ရန် စီစဉ်ရာ ¤င်းတို့အနေဖြင့် တစ်ရက် လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် လုံးလုံးဆက်သွယ်ဝန်ဆောင်မှုပေးရန်လိုအပ်သည်။

နိုင်ငံခြားဘဏ်များဝင်လာလျှင်
            နိုင်ငံခြားဘဏ်တွေဝင်လာ လျှင် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေတွေ ပိုရကြတော့မည်ဟု တွက်ဆမျှော်လင့်ကြသည်။ သို့သော် နိုင်ငံ ခြားဘဏ်များဝင်ပြီးနောက် အလွန် အမြတ်ရသော လုပ်ငန်း အချို့ကိုသာငွေချေးငှားနိုင်သည်။ ပြည်တွင်းဘဏ် များကထုတ်ချေးနိုင်သောချေးငွေ တွေ လျော့သွားလျှင် လုပ်ငန်းများအတွက် ချေးငွေရရန် ပိုခက်ခဲသွားမည်။
            နိုင်ငံခြားဘဏ်သစ်များဝင် ရောက်မှုကြောင့် ရရှိနိုင်သောအကျိုးသက်ရောက်မှုသည် ¤င်းတို့ ဝင် ရောက်သောအချိန်နှင့် နေရာဒေသတို့ အပေါ် မူတည်သည်။
            အာဖရိက၏ အတွေ့အကြုံအရ နိုင်ငံတကာဘဏ်များဝင်ရောက်လာ ခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိဘဏ်များ၏ ထိရောက်မှုနှင့် စွမ်းဆောင်ရည်တို့ ကျဆင်းသွားမည်ဟုမဆိုနိုင်ပေ။ စွမ်းရည်နိမ့်သောဘဏ်တွေကိုဆက်လက်လည်ပတ်ခွင့်ပြုထားလျှင် နိုင်ငံခြားဘဏ်တွေ ဝင်ရောက် လာ ခြင်းကြောင့် ပြိုင်ဆိုင်မှုမြင့်မားလာမည်။ ဝန်ဆောင်မှုတွေ ပိုကောင်းလာမည်ဟုမဆိုနိုင်ပေ။

မြန်မာနိုင်ငံ၏ အားသာချက်များနှင့် အားနည်းချက်များ
            အာရှဖွံ့ဖြိုးရေးဘဏ်ကထုတ်ဝေသောစာတမ်းတစ်စောင်၌ မြန်မာ နိုင်ငံ၏အားသာချက်၊ အကန့်အသတ်၊ အခွင့်အလမ်းများနှင့် အန္တရာယ်များကိုဖော်ပြထားသည်။
            အားသာချက်များအပိုင်းတွင် (၁)ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားခြင်း၊ (၂) လူဦးရေ၏ အများစုမှာလူငယ်များဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင် နိုင်ရန်အတွက် စရိတ်သက် သာသော လုပ်အားဖြစ်စေနိုင်ကြောင်း၊ (၃) မြေယာ၊ ရေ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုဟူသော သဘာဝ သယံဇာတများအလျှံပယ်ပေါများခြင်း၊ (၄) ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်မည့် စိုက်ပျိုးရေးစွမ်းအားစုများ ကြွယ်ဝခြင်း၊ (၅) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများရှိနေခြင်း တို့ကိုထောက်ပြသည်။
            တစ်ဖက်တွင် အားနည်းချက် များ၊ အကန့်အသတ်များရှိရာ (၁) ဈေးကွက်ယန္တရားနှင့်ပတ်သက်၍ အတွေ့အကြုံမရှိခြင်း၊ နိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှုအားနည်းခြင်း၊ (၂) ငွေကြေးအရင်းအမြစ်များစုစည်း အသုံးချနိုင်မှု အားနည်းခြင်း၊ (၃) ဘဏ်လုပ်ငန်းများမဖွံ့ဖြိုးမတိုးတက် ခြင်း၊ (၄) အထူးသဖြင့် သယ်ယူ ပို့ ဆောင်ရေး၊ လျှပ်စစ်စွမ်းအား၊ ဆက် သွယ်ရေးအသုံးအဆောင်များအပါ အဝင် အခြေခံအဆောက်အအုံ များမလုံလောက်ခြင်း၊ (၅) ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းနိမ့်ကျခြင်းတို့ဖြစ်သည်။
            အလားအလာကောင်းများ၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ (၁) မဟာဗျူဟာမြောက်သော အချက်အချာကျသည့်နေရာတွင် တည်ရှိခြင်း၊ (၂) ပြန်လည်ဖြည့်တင်း နိုင်သည့်စွမ်းအင်တွေ အများအပြား ထုတ်ဖော်နိုင်ခြင်း၊ (၃) နယ်ပယ် အသီးသီး၊ ကဏ္ဍအသီးသီးတွင် ရင်း နှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ရှိနေခြင်းတို့ဖြစ်သည်။
            တွေ့ကြုံရနိုင်သည့် စွန့်စားရမှု များနှင့်ပတ်သက်၍ (၁) စီးပွားရေး ပြုပြင်ပြောင်းလဲမှု များနှင့် ဖြေလျော့ မှုများအပေါ် မူတည်၍လည်းကောင်း၊ (၂) ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ လည်းကောင်း စွန့်စားရမှုများ၊ အန္တရာယ်များပေါ်ပေါက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများမှ ညစ်ညမ်းမှု များ၊ တိုင်းရင်းသားပဋိပက္ခများ ကြုံ တွေ့နိုင်ကြောင်းထောက်ပြ ထားသည်။

ရှေ့ဆက်ရမည့်ခရီး
            မြန်မာနိုင်ငံတွင် မကြာမီက ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည် လူအတော်များများ အတွက် အံ့ အားသင့်စရာဖြစ်ခဲ့သလိုကျေနပ်စရာလည်း ဖြစ်ခဲ့ကြောင်း၊ ထိုပြုပြင် ပြောင်းလဲမှုများသည် မပြီးဆုံးသေးကြောင်း၊ မြန်မာအစိုးရကလည်း ပြု ပြင်ပြောင်းလဲမှုများကိုဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းကြေညာထားပြီးနည်းပညာအကူအညီများလည်းရရှိထားပြီးဖြစ်ကြောင်း၊ ထို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံဆက်လက်လုပ်ဆောင်ရန် လိုအပ် ကြောင်း သြစတြေးလျနိုင်ငံမှ ပါမောက္ခ ရှောင်တာနဲလ်ကမကြာမီက ရေးသားသုံးသပ်ထား ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/03/2013 06:46:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.