[mrsorcerer:38126] Fwd: [လူဗိုလ်ဟူသည် ...] အရစ္စတိုတယ်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်း (၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/3
Subject: [လူဗိုလ်ဟူသည် ...] အရစ္စတိုတယ်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်း (၂)
To: lubo601@gmail.com




*2. Pathos - စိတ်ခံစားမှုကိုနိုးဆွ ပြောဆိုသိမ်းသွင်းခြင်း
လူတွေရဲ့ အမူအကျင့်နဲ့ ပြောဆိုစဉ်းစားပုံအများစုဟာ ဆင်ခြင်တုံ့တရားတွေမဲ့နေတယ်လို့ အရစ္စတိုတယ်က သုံးသပ်တယ်။ လူတွေဟာ အကျိုးသင့်အကြောင်းသင့် ဆင်ခြင်နိုင်စွမ်းနဲ့ ယုတ္တိ သဘောမဲ့ကြတယ်။ စိတ်ခံစားချက်နောက်ကို လိုက်လွန်းကြတယ်။
ဒါကြောင့် စိတ်ခံစားချက်တွေဖြစ် တဲ့ အချစ်၊ အမှန်း၊ ၀မ်းနည်း၊ ၀မ်းသာ၊ သနား၊ ကြင်နာ၊ စာနာထောက်ထား၊ စတဲ့ ခံစားချက်တွေကို နိုးဆွပြီး လူတွေကိုစည်းရုံးပြောဆိုရေးသားတာတွေကို မီဒီယာနဲ့ နေ့စဉ်လူမူ ဘ၀တွေမှာတွေ့ရတယ်။

လူတွေရဲ့ စိတ်ခံစားမူကိုနိုးဆွပြောဆိုသိမ်းသွင်းတဲ့အရေးအသားတွေနဲ့ ပြောဆိုပုံတွေကို အပိုင်းသုံးပိုင်း အကြမ်းခွဲကြည့်လို့ရတယ်။

ပထမပိုင်း_ မှာပြောဆိုရေးသားစည်းရုံးသူတွေဟာ လူတွေကိုပြောဆိုစည်းရုံးလိုတဲ့ အကြောင်းအရာနဲ့ ပါတ်သက်ပြီး သူ့တို့ဟာဘယ်လောက်ထိနားလည်ကြောင်း၊ အလေးနက်ထားသိတတ်ကြောင်းနဲ့ မြတ်နိုးဖွယ်ဖြစ်လျှင်မည်မျှမည်ရွေ့ မြတ်နိုးကြောင်း၊ ဆန့်ကျင်ဖွယ်ဖြစ်လျှင် မည်မျှမည်ရွေ့ ဆန့်ကျင်ကြောင်းတွေကို လူတွေကိုနားလည်အောင် စည်းရုံးပြောဆိုမယ်။

ဒုတိယအနေနဲ့ ပြောဆိုစည်းရုံးရေးသားသူတွေဟာ ပရိတ်သတ်ဆီက စိတ်ခံစားချက်တွေကို ထွက်ပေါ်လာအောင် ကြိုးစားမယ်။

တတိယအနေနဲ့ စည်းရုံးရေးသားသူတွေဟာ သူ့တို့ခံစားချက်တွေနဲ့ သူတို့ရဲ့ ပိရိတ်သတ်တွေရဲ့ ခံစားချက်တွေကို ရောထွေးပြီး တစ်သားထဲဖြစ်လာသယောင် ပြောဆိုရေးသားစည်းရုံးမယ်

နောက်ဆုံးတော့ လူတွေဟာသူတို့ပြောဆိုစည်းရုံးတဲ့ အကြောင်းအရာကို သူတို့ရင်ထဲမှာရှိနှင့်ပြီးသား အသိတရားအဖြစ်လက်ခံပြစ်လိုက်တော့တာပဲ။

ဥပမာ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားများနဲ့ သူတို့ရဲ့ စည်းရုံးပြောဆိုမူပုံစံတွေ။
ကြော်ငြာတော်တော်များများမှာလည်း ဒီပုံစံပါပဲ။

Ethos - တင့်တယ်သောအမူအယာအားဖြင့် ပြောဆိုသိမ်းသွင်းခြင်း

တင့်တယ်သောအပြောအဆိုအမူအယာနဲ့ တင့်တယ်ပြီးလူကြိုက်အောင်ရေးတဲ့ အရေးအသားတွေနဲ့ လူတွေကိုပြောဆိုရေးသားစည်းရုံးတဲ့နည်းလမ်းဖြစ်တယ်။ ဟောပြောစည်းရုံးတဲ့အခါမှာတော့ ဟောပြောသူဟာ နှစ်သက်လိုဖွယ် ရုပ်အဆင်း၊ အမူအယာ၊ ပြောဆိုပုံတွေသုံးပြီး စည်းရုံးဟောပြောတာပါပဲ။ လူတွေဟာ သူတို့ပြောဆိုပြုမူပုံတွေရဲ့ တင့်တယ်နှစ်လိုဖွယ်တွေကိုကြည့်ပြီး သူတို့ကိုလက်ခံလိုလာတာပဲ

လူတွေသဘောကျတဲ့ ရုပ်ပိုင်းဆိုင်ရာအရည်ချင်းတွေရှိတဲ့ အားကစားသမားတွေ ကိုသုံးပြီး ကြော်ငြာတာတွေ၊ ရုပ်ရည်တင့်တယ်တဲ့ မင်းသားမင်းသမီးတွေ မော်ဒယ်တွေကို သုံးပြီးကုန်ပစ္စည်းဈေးကွက်ရှာကြော်ငြာတာတွေ၊ အပြောဆိုကောင်းတဲ့လူတွေငှားပြီး အကြောင်းအရာတစ်ခုကို ဟောပြောခိုင်းတာတွေ မှာဒီစည်းရုံးရေးသဘောကိုတွေ့ရတယ်။

အရစ္စတိုတယ်ကတော့ Logos, Pathos နဲ့ Ethos ကိုသုံးပြီး စည်းရုံးရာမှာ ဘယ်လိုသဘော၊ တွေရှိတယ်ဆိုတာကို အပြုသဘောရေးထားတာတွေရှိသေးပေမယ့်၊ Critical Thinking ရူထောင့်က ချဉ်းကပ်တာဖြစ်လို့ ဆန်စစ်ဝေဖန်နိုင်စွမ်းကို ဆွလိုတဲ့သဘောနဲ့ ဒီမှတ်စုကိုရေးတာ ဖြစ်လို့ ဒီနည်းလမ်းသုံးသွယ်ဟာ မကောင်းဘူးလို့တော့ မမြင်စေချင်ဘူး။ သုံးတဲ့လူကရည်ရွယ်ချက်ကောင်းရင်တော့ ပြောစရာမရှိပေမယ့်၊ ရည်ရွယ်ချက်တွေ မကောင်းရင် ဝေဖန်နိုင်ဖို့ အထောက်ပံ့သဘောဖြစ်စေဖို့ ရည်ရွယ်တယ်။

Logos, Pathos နဲ့ Ethos မှာ တစ်ခုခြင်းစီအလိုက် စည်းရုံးနည်းခွဲလေးတွေရှိသေးတယ်။ ကြုံရင်လေ့လာကြည့်သင်တယ်။

ဒီမှတ်စု (အရစ္စတိုတယ်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်း (၂) ) ရဲ့ ပထမမှတ်စု အရစ္စတိုတယ်ရဲ့ ဖျားယောင်းသွေးဆောင်ခြင်း (၁) ရဲ့ Link က -

https://www.facebook.com/photo.php?fbid=4646894299314&set=a.1129622769724.2018920.1501880975&type=1


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/03/2013 10:22:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.