[mrsorcerer:38135] ဗုဒ္ဓဘာသာလို့ခံယူထားရင် ရှင်တော်ဗုဒ္ဓရဲ့လမ်းစဉ်ပေါ်မှာ တထပ်တည်းကျအောင် ဆောက်တည်ရပါမယ်


ဗုဒ္ဓဘာသာလို့ခံယူထားရင် ရှင်တော်ဗုဒ္ဓရဲ့လမ်းစဉ်ပေါ်မှာ တထပ်တည်းကျအောင် ဆောက်တည်ရပါမယ်

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | ရင်ဖွင့်လွှာ

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
ဝီရသူရဲ့ 969 ဖျက်၍ ဗုဒ္ဓတရားပျက် စစ်မှန်တဲ့တရားနှလုံးသားမှာရှိနေရင် ဘယ်သူ ဘယ်လောက်ဖျက်ဖျက် ကိုယ့် တရားပျက်ဖို့အကြောင်းမရှိပါ။ အရေးကြီးတာက  မိမိယုံကြည်ထား
တဲ့ ဘာသာတရားရဲ့ ဆုံးမလမ်းညွန်
မူနဲ့ သွေဖီဆန့်ကျင်မသွားအောင် မိမိကိုယ် မိမိထိမ်းသွားတတ်ဖို့ အထူးလိုအပ်ပါတယ်။

ဗုဒ္ဓဘာသာလို့ခံယူထားရင်  ရှင်တော်ဗုဒ္ဓရဲ့လမ်းစဉ်ပေါ်မှာ တထပ်တည်းကျအောင် ဆောက်တည်ရပါမယ်။
ဆန့်ကျင်နေရင်တော့ ခေါင်းရိတ် သင်္ကန်းခြုံထားရုံကလွဲပြီး ဗုဒ္ဓရဲ့သားတော် (ရဟန်းသံဃာ) အစစ်လုံးဝ
မဖြစ်နိုင်ပါ။

လက်ရှိဖြစ်ပျက်မူတွေကို  မှန်မှန်ကန်ကန်လေ့လာပြီး ဗုဒ္ဓရှင်ရဲ့ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီး တပြည့် သံဃာများကိုပြသခဲ့တဲ့ လမ်းစဉ်အမှန်နဲ့ ဝီရသူနဲ့ နောက်လိုက် 969 အဖွဲ့ရဲ့လုပ်ဆောင်ချက် ခံယူချက် လမ်းစဉ်ကို နိုင်းရှင်ကြည့်ပါ လုံးလုံးကြီးဆန့်ကျင်နေကြောင်း တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့်လဲ စစ်မှန်သော သံဃာ အဖွဲ့အစည်းမှ ဝီရသူအား သာသနာဖျက်ပုဂ္ဂိုရ်အဖြစ်သတ်မှတ်လိုက်ခြင်းပါ။

နိုင်ယှဉ်မှု မြတ်ဗုဒ္ဓသည် မိမိနှင့် အယူဝါဒ ကွဲလွဲသူများအား မည်သည့် ပြစ်တင်ကဲ့ရဲ့ရှုပ်ချမှုမှ မပြုခဲ့ မိမိ၏ တရားမှန်ကိုသာ အေးစေးတည်ငြိမ်စွာ ဟောကြားပြသခဲ့သည်။
( ဗုဒ္ဓရှင်နှင့်အရီးကြီးများ ကဏ္ဏတွင် ကြည့်ပါ )

969 ( ဝီရသူ အဖွဲ့ )သည် ဘာသမတူသော  ကွဲပြားသူများအပေါ် အချိန်ပြည့် အပုတ်ချပြောဆိုလျှက်ရှိပြီး
မိမိအသာစီးရလိုမှုကို အစဉ်တစိုက် ပြောဟောနေသည်။ (ယနေ့တိုင်)

ဗုဒ္ဓရှင်သည်လူသားကိုမဆိုနှင့် တိရိစ္ဆာန်ကိုပင် မိမိ၏ တန်ခိုးအာဏာ
ပါဝါတို့ကို အသုံးချပြီး အနိုင်မယူခဲ့ မေတ္တာတရားဖြင့်သာအေးငြိမ်းစေခဲ့၏။ (ဏာဒါဂီရိအား အောင်နိုင်ခြင်း  = အောင်ခြင်းရှစ်ပါး)တွင် လေ့လာပါ 969 သည်မိမိထက် အားအင်နဲပါးသူ တုန့်ပြန်ရန် မပြုနိုင်သူ   ကလေးငယ် မိန်းမများနှင့် သက်ကြီးရွယ်အိုများပါမကျန် နိုင့်ထက်စီးနင်း ပြုကျင့်လျှက် ရှိသည်။

ဗုဒ္ဓရှင်သည် လူသားထု တရပ်လုံးအား ဘေးရန်ကင်းကွာ အေးချမ်းပါစေကြောင်း အစဉ်မေတ္တာပို့သလျှက် သူတပါး၏
အသက်အား ကိုယ်တိုင်လဲမသတ်/ အားပေးခြင်းလဲမပြုရုံမက သတ်ဖြတ်မူမပြုရန်ပင် တားမြစ်ခဲ့သည်။
ဝီရသူသည် 969 အဖွဲ့ဝင်များအား သူတပါးအသက်ကိုသတ်ဖြတ်ရန် စီစဉ်ညွန်ကြားလျှက်  အားပေးအား
မြောက်ပြုနေပြီး ထပ်မှန်၍ လူသတ်မူများကျူးလွန်ကြရန်ယနေ့ထိတိုင် အကြမ်းဖက် တရားဟောလျှက်ရှိသည်။

ဗုဒ္ဓရှင်သည်လိမ်လည်မူကို ဘယ်သောအခါမှ မပြုခဲ့ အမှန်တရားကိုသာမြတ်နိုးသည် လိမ်လည်မူ မပြုရန်လည်း တားမြစ်ခဲ့သည်။
ဝီရသူသည် မမှန်သတင်းများစွာလုပ်ကြံ၍ ၎င်း၏ facebookမှ တနိုင်ငံလုံးသို့ လွင့်တင်ပြီး ဘာသာရေး ပဠိပက္ခများ ဖြစ်လာစေရန် သွေးထိုးလုံ့စော်နေ၏။

ဗုဒ္ဓရှင်သည်မိမိအားယုံကြည်ကိုးကွယ် လာစေရန်စစ်မှန်သော တရားကိုသာ ဟောကြားခဲ့၍ ကိုယ်တိုင်ကျင့်ကြံပြသခဲ့သည်။ မည်သူ့ကိုမျှ အကြမ်းဖက်စည်ရုံးခဲ့မှု့ မရှိခဲ့ ဝီရသူနင့် 969 တို့သည်ကား ဓါးမိုး၍ ဗုဒ္ဓဘာသာသို့ဝင်လျှင် အသက်ချမ်းသာပေးမည်ဟုဆိုခဲ့ကြသည်။

သို့သော် ကတိမတည်ခဲ့ သတ်ခဲ့၏။ မြတ်ဗုဒ္ဓ၏ လမ်းစဉ်နှင့် လုံးလုံးဖီလာဆန့်ကျင်လျှက်ရှိသော သံဃာအတု အရောင် ဝီရသူနှင့် 969 တို၏ လုပ်ရပ် အနည်းငယ်ကိုဖေါ်ပြခြင်းသာဖြစ်ပါသည်။ ဆက်လက်ဖေါ်ပြပါဦးမည် ဗုဒ္ဓဘာသာစစ်မှန်သူများ လမ်းမှားလိုက်မိ၍ အပါယ်လားရမည်ကို စိုးရိမ် သောကဖြင့်  ဗုဒ္ဓ၏ တရားလမ်းမှန်မှ သွေဖီဆန့်ကျင်မသွားမိစေရန် နိုင်းယှဉ်ပြသရခြင်းဖြစ်ပါတယ်။

ပေးပို့သူ » Aung Chau

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.