[mrsorcerer:38143] ရက်စက်ရုတ်မာတဲ့နေရာမှာ ပြိုင်စံရှားတဲ့ မြန်မာပြည်သားဗုဒ္ဓဘာသာဝင်တွေ မဖြစ်ကြဖို့

ရက်စက်ရုတ်မာတဲ့နေရာမှာ ပြိုင်စံရှားတဲ့ မြန်မာပြည်သားဗုဒ္ဓဘာသာဝင်တွေ မဖြစ်ကြဖို့

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | TEOL

ဘာသာရေးအကြမ်းဖက်မှုတွေကို ဖြစ်ပေါ်လာအောင်
လှုံ့ဆော် မဟုတ်မမှန် ကြံစည်ရေးသားထားတဲ့ ဝါဒဖြန့်စာ
တွေဖြန့်ပြီး မိုက်တွင်းနက်နေတဲ့ လူသားမဆန်တဲ့သူတွေရဲ့
အစေခံကျွန်တွေ လုပ်ကြမှာလား?

လူတိုင်းမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပါလျက်နဲ့
ဘာကြောင့်သင်တို့ဟာ အကြမ်းဖက်သူတစုရဲ့နောက်ကို
လိုက်ပြီး သတ်ဖြတ် လုယက်နေကြမှာလဲ?

သင်တို့သူတို့နဲ့ပေါင်းလို့ ဘာတွေအကျိုးအမြတ် ရလိုက်လဲ?
ပြန်တွေးကြစမ်းပါ။ လှည့်ကွက်ပေါင်းများစွာနဲ့ အကွက်
ကျကျ စီစဉ်ပြီး အကြမ်းဖက်မှု ဖန်တီးနေသူတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ? အကြမ်းဖက်မှု ဖန်တီးသူတွေက သူတို့အကျိုး
အမြတ်ရှိဖို့ သင်တို့ကို အသုံးချနေတာ သင်တို့ မသိကြဘူး။ သင်တို့က တဖြည်းဖြည်းနဲ့ အကြမ်းဖက်သူတွေရဲ့ အသုံးချခံ
ဖြစ်နေရပြီလေ။ သူတို့က လုပ်ကြံဟောပြောမှုနဲ့ ဝါဒဖြန့်စာစောင်တွေကို ရင်နှီးလိုက်ရုံနဲ့ သင်ကအခုတော့ လူသတ်သမား
ဖြစ်နေပြီ။ ငါတို့က သူတို့နဲ့ အတူတူဘဲ။ ငါတို့ ဗမာချင်းဘဲဆိုတာ တခုတည်းကို သင်ကြည့်ခဲ့တာ။

သင်ကိုယ်တိုင် လူသတ်သမားဘဝကို ရောက်သွားပြီလေ ဒါဟာငါတို့ဗမာနိုင်ငံဘဲ။ ငါတို့နိုင်ငံမှာ ငါတို့လူမျိုး၊ ငါတို့ဘာသာဘဲ ရှိရမယ်လို့ ပြောဆိုဝါဒဖြန့်နေသူတွေရဲ့စကားကို သင်ပြန်စဉ်းစားကြည့်ဦး။

မြန်မာနိုင်ငံမှာ ဗမာတစ်မျိုးထဲနေတာမှ မဟုတ်တာ။ ပြည်နယ်၊ တိုင်းအသီသီးမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် လူမျိုးအသီးသီး ရှိကြတာဘဲ။ သင်သေသေချာချာ တွေးကြည့်လိုက်ပါ။ ကချင်မှာဆိုရင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူအများစု၊ ကရင်၊ ကယားနဲ့ ချင်းကို ကြည့်မလား။ အလားတူဘဲ ဒီလိုဘဲ ကချင်မှာလဲ ကချင်ခရစ်ယာန်ရှိသလို ကချင်ဗုဒ္ဓ၊ ကချင်မွတ်စလင်မ်၊ ရှမ်းမွတ်စလင် ဆိုတာတွေက၊ လူမျိုးတိုင်းမှာ ရှိကြတာဘဲ။

မြန်မာပြည်မှာနေတဲ့ သူတိုင်းဟာ ဘာသာတစ်ခုထဲကို ကိုးကွယ်နေထိုင်တယ်ဆိုတာ မရှိဘူး။ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ကြတာဘဲ ဘာသာမတူလို့သာ ပြဿနာဖန်တီးကြကြေးဆိုရင် ဘာတွေဖြစ်မလဲ?

သင်တွေးကြည့်ဘယ်လူမျိုး ဘယ်ဘာသာကိုမဆို ဘာသာရေးပြဿနာမျိုး ဖြစ်စေရန် ဖန်တီးချင်ပြီဆိုပါစို့၊ မကောင်းသတင်းတွေလွင့် ဒီဘာသာကတော့ မကောင်းတဲ့ဘာသာလို့ ပြောဆိုပုတ်ခတ် ဝါဒဖြန့်ရင် ဘယ်ဘာသာ ဘယ်လူမျိုးစုကိုမဆို ပြသနာဖြစ်စေနိုင်တာဘဲ။

သင်သေချာတွေးကြည့်စမ်းပါ သူငယ်ချင်းချင်းကြားဘဲဖြစ်ဖြစ်၊ မိသားစုကြားဘဲဖြစ်ဖြစ်၊ လင်မယားကြားဘဲဖြစ်ဖြစ်၊ အတို့အထောင်လုပ်တဲ့ လူတစ်ယောက်ဝင်မွေလိုက်ရင် မိသားစုတွေ ရန်ဖြစ်ကြ လင်မယားတွေကွဲကြနဲ့ ဖြစ်ကြရသေးတာ၊ အခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက အသိသာကြီး မွတ်စလင်မ်နဲ့ ဗမာကြား ဘာသာမတူတာကို အခြေခံပြီးပြသနာဖြစ်ဖို့ တမင်ဖန်တီးထားတယ်ဆိုတာ ရှင်းနေတာဘဲ ဒါကိုသိရက်နဲ့ သင်ဘာလို့ ဒီပြသနာတွေထဲ သင်တို့တွေ ရောက်ချင်နေရတာလဲ?

ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ဖြစ်စေချင်တာကို သင်ဘာကြောင့် လိုက်လုပ်နေသလဲ? သင်ကသူတို့တပည့်မို့လား? သူတို့ ကျွန်လား? သူတို့အခိုင်းစေလား?

ဘာဘဲဖြစ်ဖြစ် သင်ကတော့ ဝင်ပါမိလို့ လူသတ်ကောင်ဖြစ်ခဲ့ရင် သင်တို့ရော ကိုယ်စိတ်ကိုယ်လုံရဲ့လား? မွတ်စလင်မ်တွေကို ကလေး၊ လူကြီး၊ မိန်မ၊ မရွေးဘဲ သတ်ကြတယ်။ အိမ်တွေဆိုင်တွေ မီးရှို့ဖျက်ဆီး လိုက်ရတာကို တို့ဗမာဟေ့လို့ ကြွေးကြော် လက်ခုပ်လက်ဝါးတီးပြီး၊ နိုင်ငံတော်သီးချင်းဆိုရင်း အောင်ပွဲခံနေကြတာ သင်ဘာအကျိုးအမြတ်ရလိုက်လဲ?

လက်ရှိ အကျိုးအမြတ်ရလိုက်တာက အကြမ်းဖက်မှုကို ကြိုးကိုင်ဖန်တီးသူတွေလေ။ သူတို့နောက်ကွယ်က ဘယ်သူတွေက အကာကွယ်ပေးထားလို့ သူတို့လွတ်နေလဲ? ဥပဒေကို ပုန်းရှောင်လို့ရနေလဲသင်မှ မသိတာ။

သူတို့နဲ့ပေါင်းပြီး အဖမ်းခံရမယ့်သင်တို့ကိုကော ဘယ်သူကာကွယ်ပေးမှာလဲ? ငါတို့နိုင်ငံတော် အစိုးရက ငါတို့ဘာသာတူဘဲ ငါတို့ဗမာဘဲဆိုပြီး သင်တို့ကို အလွတ်ပေးမယ်ထင်လား?

လောလောဆယ်တော့ အကြမ်းဖက်သမား ပုဆိန်ရိုး အသင်တို့အလှည့် မရောက်သေးလို့ မဖမ်းသေးတာ သင်တို့ကို လက်ရှိအချိန်မှာ မလိုသေးလို့ လွှတ်ထားတဲ့ သဘောပါ။ (ဘယ်မုဆိုးကမှ သားကောင်တွေကို တခါတည်း အကုန်ဖမ်းရိုး ထုံးစံမရှိပါဘူး။)

နိုင်ငံရေးလှည့်ကွက်လား? တည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့ လူတစ်စုရဲ့ အကွက်ကျကျစီစဉ်မှုလားဆိုတာ ဘာမှမသိရှာဘဲ အသိမဲ့စွာနဲ့ သူများ ယောင်တိုင်း လိုက်ယောင်၊ ဒီလိုလူတွေပြောတိုင်း လိုက်ယုံနေမယ်ဆိုရင် တိုင်ပြည်ပျက်တယ်ဆိုတာ နောက်မှပါ။

အရင်ဆုံးပျက်မှာက သင့်မိသားစုတွေ သေကြေပျက်စီး သင့်စီးပွားရေး သင့် အိုးအိမ် သင့်ပိုင်ဆိုင်သမျှတွေက ပထမဦးစွာ ဆုံးရှုံးပျက်စီးရမှာ သင်တို့မသိကြလို့လား အိမ်တစ်လုံးထဲမှာ အတူနေမှ မိသားစု မဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံထဲမှာ အတူနေတာလဲ မိသားစုလိုပါပဲ။ ဘာသာမတူ လူမျိုးကွဲလဲ အတူနေထိုင်ခဲ့ကြတာပဲ။ တစ်ဦးကိုယ်တစ်ဦး စိတ်ကောင်းစေတနာရှိတဲ့ နိုင်ငံသားဟာ မြန်မာနိုင်ငံသားပါလို့ နိုင်ငံတိုင်းရဲ့အလည်မှာ ဂုဏ်ယူရင်း ရက်စက်ရုတ်မာတဲ့နေရာမှာ ပြိုင်စံရှားတာ မြန်မာနိုင်ငံသားမဟုတ်ကြောင်း သက်သေပြလိုက်စမ်းပါ။

အလင်းရောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်များ 969 အကြမ်းဖက်လှုံ့ဆော်ရေးကိုဦးဆောင်

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | Ref; MMM

သန်လျင်မြို့၏ မြင်ကွင်းတစ်နေရာ
(ဓာတ်ပုံ - မျက်ဝန်းစီဂျေ)
သန်လျင်မြို့တွင် 969 အကြမ်းဖက် ဂိုဏ်းသားများသည်
မော်တော်ယာဉ် ၂ စီးဖြင့် သန်လျင်မြို့ပေါ်ရှိ လူစည်ကားရာ
နေရာများတွင် ၉၆၉ ၏ တရားမ၀င် အကြမ်းဖက်လှုံ့ဆော်ရေး
စာအုပ်များ ဖြန့်ဝေခြင်း၊ ဝါဒဖြန့် ဟောပြောခြင်းများကို ပြုလုပ်
ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

အဆိုပါ 969 အကြမ်းဖက်ဂိုဏ်းအား သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာရှိ ကျုရှင်ဆရာ ဦးဆန်းလင်းနိုင်နှင့် ဒေါ်တင်တင်စိန်တို့က ဦးဆောင်လျက်ရှိကြောင်းသိရသည်။ ကျုရှင်ဆရာ ဦဆန်းလင်းနိုင်နှင့် ဒေါ်တင်တင်စိန်တို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် (ရပ်/ကျေး) အလုပ်အမှုဆောင်များ ဖြစ်ကြပြီး ရိုးသားသော ကျူရှင်ကျောင်းသားများနှင့် NLD ပါတီဝင် တစ်ချို့ကို စည်းရုံးပြီး ခုတုံးလုပ် ဝါဒ ဖြန့်ချီနေကြောင်းလဲ သိရပါသည်။

သန်လျှင်မြို့ မဟာမဇ္စိုဓမ္မာရုံကျောင်းတိုက်တွင်လဲ ၁-၅-၂၀၁၃ မှ ၆-၅-၂၀၁၃ အထိ ပြုလုပ်မည့် တရားပွဲများတွင် 969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င် ခေါင်းဆောင်များဖြစ်သည့် ဝီရသူနှင့် လှုံ့ဆော်ရေးသမား ပညာဝါရတို့မှ လာရောက်လှုံ့ဆော်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ 969 အကြမ်းဖက်ဂိုဏ်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၏ အချက်အချာကျသည့် လမ်းဆုံမြို့ကြီးဖြစ်သော မိတ္ထီလာနှင့် မြို့ပေါင်းများစွာသည်လည်း စစ်ပြီးစမြို့ကြီးများကဲ့သို့ ကြေမွပြာကျသွားသည်အထိ ပျက်ဆီးခဲ့ရပြီး ဖြစ်ကြောင်း စောင့်ကြည့်နေသူများက ဆိုပါတယ်။

အကြမ်းဖက်မှုများအလွန် ဓားထောက်ဓားပြတိုက်သည့် တက္ကစီသမားများရှိလာ

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | MC

taxi
TAXI အငှားယာဉ်ဆိုင်းဘုတ်
မေဒေးနေ့တွင် မင်္ဂလာဒုံမြို့နယ်
အောင်မင်္ဂလာ အဝေးပြေးကားဂိတ်
အနီး၌ ခရီးသည်တစ်ဦးကို တက္ကစီ
သမားတစ်ဦးက ဓားထောက်၍
ဓားပြတိုက် သွားသည်ဟုသိရသည်။

"ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို
ထောက်ထားပြီး အိတ်ကိုယူသွားတယ်။
ငွေက နှစ်သိန်းကျော် ပါသွားတယ်။ အ၀တ်အစားပစ္စည်းကတော့ တစ်သိန်းဖိုးလောက် ရှိတယ်။ မှတ်ပုံတင်လည်း ပါသွားတယ်။ မှတ်ပုံတင်အရ-မောင်ငွါးဆီးနို ၁/ပတအ (နိုင်) ၀၄၈၆၁၄ ဖြစ်ပါတယ်။ တစ်နေရာရာမှာတွေ့ခဲ့ရင် ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။ ဖုန်းနံပါတ်က (တစ်ဆင့်) ၀၉၄၉၂၃၃၆၂၈ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်" ဟု ဓားထောက် လုယက်ခံရသည့် ခရီးသည် ကိုငွါးဆီးနိုက ပြောသည်။

အဆိုပါခရီးသည်က  အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ခရေပင်လမ်းခွဲသို့သွားရန် တက္ကစီတစ်စီး ငှားစီးလာခြင်း
ဖြစ်သည်။ သို့သော် တက္ကစီသမားက လူသူရှင်းသည့်နေရာသို့ မောင်းချသွားပြီး ဓါးထောက်ကာ ပါလာသည့် ငွေနှင့် ပစ္စည်းအားလုံး လုယက်ပြီး ခရီးသည်ကို ကားပေါ်မှ ဆင်းခိုင်းခဲ့သည်။

"ယုံဖို့ခက်ခဲတယ်။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပဲ။ သူငယ်ချင်းက အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရောက်လာတာ" ဟု ဓားပြတိုက်ခံရသူ၏ သူငယ်ချင်း ကိုငွါးချယ်ကပြောသည်။

ဖြစ်စဉ်ကို သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီး တက္ကစီသမားကို စုံးစမ်းရှာဖွေနေသည်ဟု သတင်းရရှိသည်။
 ကိုဂျေ


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.