[mrsorcerer:38146] သံဃာတော်မြတ်ဘုရားသာတော်တွေရဲ့ စစ်မှန်တဲ့တရား


သံဃာတော်မြတ်ဘုရားသာတော်တွေရဲ့ စစ်မှန်တဲ့တရား

Ukaythara Sayadaw
အားလုံးမေ့နေကြမှာစိုးလို. သတိပေးချင်ပါတယ်…..

( ၁ ) ဘာသာခြားကို သတ်ရင်လဲ ပါဏာတိပါတာ ကံထိုက်ပါတယ်…
ဘာသာခြင်းမတူလို.ဆိုပြီး အကုသိုလ်က ခွင့်မလွှတ်ပါဘူး….

သူများအသိုက်အမြုံကို ဖျက်ရင် အကုသိုလ် ဖြစ်ပါတယ်…ဘာသာမတူတဲ့လူတွေ ရဲ.အသိုက်အမြုံ မို.လို. ဆိုပြီး ကင်းလွတ်ခွင့်ပေးမထားပါဘူး…….

( ၂ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်ဖို.အတွက် သူတပါးအသက်ကို သတ်ခွင့်၊ သူတပါး အကျိုးစီးပွားကို ဖျက်ဆီး ခွင့် ရှိတယ်လို. ဗုဒ္ဓတရားတော်မှာ ဟောကြားမထားပါဘူး…..

( ၃ ) ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာ ရန်အပေါင်း ကို မေတ္တာဓါတ်နဲ. အောင်နိုင်တော်မူ ခဲ့တာပါ…
နာနာဂီရိဆင် ကို မြှားနဲ.ပစ်ပြီး အောင်နိုင်ခဲ့တာမဟုတ်ပါဘူး…..
မာရ်နတ်ကို ရဟန်းသံဃာ အင်အားစု နဲ. တိုက်ပြီးအောင်နိုင်ခဲ့တာမဟုတ်ပါဘူး….
ကြီးမားတဲ့ မေတ္တာတရား နဲ. အောင်နိုင်ခဲ့တာပါ…….

( ၄ )ရောင်းမှားဝယ်မှားကိစ္စမှာ မတရားဘူးထင်ရင် တရားဥပဒေအရဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြဖို.ပဲ ရှိပါတယ်….

မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ပေးကြေး ဆိုတဲ့ ဥပဒေသ အတိုင်း ကျင့်သုံးကြမယ် ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ လူတစ်ယောက်မှ မကျန်မှ အဆုံးသတ်ပါလိမ့်မယ်……

( ၅ ) ခုတော့ဖြင့်….ဗုဒ္ဓဘာသာ ကို ကာကွယ်ဖို.တဲ့ ပါဏာတိပါတာ ကံ ကို တက်တက်ကြွကြွကျူးလွန်နေကြတာ…

မေတ္တာတရား နဲ.အောင်မြင်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ.အဆုံးအမ ကို နာယူပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်ပြနေကြတာ……….ဗုဒ္ဓဘာသာ ကို ကာကွယ်နေတာလား…..နာမည်ဖျက်နေကြတာလား..

ခဏလောက် စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားကြပါဦး….

( ၆ )ကိုယ်ကိုယ်တိုင် ၀င်မသတ်ဘူး ၊ ၀င်မဖျက်ဘူးဆိုရင်တောင်…သတ်နေ ဖျက်နေကြတဲ့သူတွေ ကို အားပေးအားမြှောက်ပြုရာ ရောက်တဲ့ အပြုအမူအပြောအဆိုတွေ ကို မလုပ်မိဖို. ဆင်ခြင်သင့်ပါတယ်…
အကုသိုလ်ထဲ အမှုတွဲပါသွားမှာ စိုးလို.ပါ…..

( ၇ ) မေ့မသွားအောင် ထပ်ပြီးပြောချင်ပါတယ်..
ဘာသာခြားကိုသတ်ရင်လဲ ပါဏာတိပါတာကံထိုက်ပါတယ်
ဘာသာတူတူ မတူတူ သူများအသိုက်အမြုံကိုဖျက်ရင် အကုသိုလ်ဖြစ်ပါတယ်….

( ၈ )ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတဲ့ တရားဟာ ဓမ္မတရား ဖြစ်ပါတယ်…အဓမ္မတရားမဟုတ်ပါဘူး ခင်ဗျား…

( ၉ )မေတ္တာအစွမ်း၊ကမ္ဘာလွှမ်း ၊ ငြိမ်းချမ်းကြပါစေ ။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.